Wednesday, November 20, 2013

ဧည့်စာရင်းစစ်မည်ပြောပြီး မဖွယ်မရာပြုသူ ဆယ်အိမ်မှူးတစ်ဦးကို အမှုဖွင့်

ဧည့်စာရင်း စစ်မည်ပြောပြီး မဖွယ်မရာပြုလုပ်သည့်အပြင် အဆိုပါအိမ်တွင် တည်းခိုနေသည့် ဧည့်သည်ကို ထိပ်တုံးခတ်ပြီး ရိုက်နှက်သည်ဟုဆိုကာ ဆယ်အိမ်မှူးတစ်ဦးနှင့် အပေါင်းအပါနှစ်ဦးကို အမှုဖွင့် တိုင်တန်း ထားသဖြင့် နိုဝင်ဘာ ၁၈ ရက်တွင် ဒဂုံဆိပ်ကမ်း ရဲစခန်းက အမှုဖွင့် စစ်ဆေးနေပြီဖြစ် သည်။

အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇)ရပ်ကွက်၊ ကျူးကျော်တဲတွင် နေထိုင်သည့် မဖွယ် မရာ ပြုလုပ် ခံရသည့် မသီတာစန်းမြက အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၈ ရက် နံနက် ၁ နာရီက ၎င်းသည် ညီမဖြစ်သူ မသီရိ(စုံးစမ်းဆဲ)၊ သူငယ်ချင်းဖြစ်သူ ကျော် မျိုးနိုင်(၁၇)နှစ် (ကျပန်း)နှင့် ဖြိုးမောင်မောင် (စိစစ်ဆဲ)တို့နှင့်အတူ အိပ်နေစဉ် လူတစ်ဦးရောက်ရှိလာပြီး ၎င်းတို့အား နှိုးခဲ့သည်ဟု အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

ထို့သူမှလည်း “ငါက ဒီရပ်ကွက်ရဲ့ ဆယ်အိမ်မှူး၊ ဧည့်စာရင်းစစ်မယ်” ဟု ပြောကာ မသီတာစန်းမြ၏ ခန္ဓာကိုယ်အား ပွတ်သပ်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲတိုင်တန်းထားကိုသည်ကို မှုခင်း မှတ်တမ်းတွင် တွေ့ ရသည်။

သူမ၏ သူငယ်ချင်းဖြစ်သူ ကျော်မျိုးနိုင်က ထိုသို့မပြုလုပ်ရန်ပြောရာ “မင်းက ဘာကောင်မို့လို့လဲ၊ ငါ့ အကြောင်းသိမယ်” ဟု ပြောကာ ထွက်သွားခဲ့ပြီး ဆယ်အိမ်မှူးက အမည်မသိ လူနှစ်ဦးနှင့်အတူရောက် ရှိလာပြီး ကျော်မျိုးနိုင်ကို ၎င်းတို့ ပါလာသော ကြိုးဖြင့် လက်ပြန်တုတ်နှောင်ပြီး ၀ါယာကြိုးထုံးများဖြင့် ရိုက်နှက်ခဲ့သည်ဟုလည်း တိုင်တန်းထားသည်။

ထို့ပြင် ကျော်မျိုးနိုင်အား ဆယ်အိမ်မှူးအိမ်ရှေ့လမ်းမပေါ်တွင် ခြေနှစ်ချောင်းကို ထိပ်တုံးခက်ထားခဲ့ သဖြင့် တရားလိုမသီသာစန်းမြက အခြားရာ အိမ်မှူးတစ်ဦးထံ သွားရောက်အကြောင်း ကြားမှသာ ပြန် လွှတ်ပေးခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် အဆိုပါ ဆယ်အိမ်မှူးဖြစ်သူ ဦးဆန်းဝင်းပါ သုံးဦးအပေါ် အရေးယူပေးရန် တိုင်တန်းလိုက်သဖြင့် ရဲစခန်း က (ပ)၄၀၇/၂၀၁၃ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီဖြစ်သည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ လက်တွေ့လုပ်ဆောင်လျက်ရှိသော မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်း ရာတွင် ဖြေကြား ရန် ငြင်းဆန်ခဲ့သည်။
 Mizzima

0 comments:

Post a Comment