
1. The set-in-his-ways guy
ဒီလို ယောင်္ကျားမျိုး ကတော့ စာအုပ်ကြီးသမား ဖြစ်ပြီး ရေရည်မှာ သင့်အတွက် ဘာမှ အထူးအဆန်း ပျော်ရွှင်မှု မျိုးတွေကို ပေးနိုင်မှာ မဟုတ်တဲ့ အတွက် ပျင်းစရာကောင်းတဲ့ ဆက်ဆံရေး မျိုးကို သင်ရရှိမှာ ဖြစ်တဲ့ အတွက် ရေရည် လက်တွဲဖို့ကို ရှောင်ရှား သင့်ပါတယ်။
ဒီလို ယောင်္ကျားမျိုး ကတော့ စာအုပ်ကြီးသမား ဖြစ်ပြီး ရေရည်မှာ သင့်အတွက် ဘာမှ အထူးအဆန်း ပျော်ရွှင်မှု မျိုးတွေကို ပေးနိုင်မှာ မဟုတ်တဲ့ အတွက် ပျင်းစရာကောင်းတဲ့ ဆက်ဆံရေး မျိုးကို သင်ရရှိမှာ ဖြစ်တဲ့ အတွက် ရေရည် လက်တွဲဖို့ကို ရှောင်ရှား သင့်ပါတယ်။
2. The pick-up-after-me guy
ဒီလို ယောင်္ကျားမျိုး ကတော့ သင့်ကို သူရဲ့ အစေခံ တယောက်လို သဘောထားမယ့် ယောင်္ကျားမျိုး ဖြစ်ပါတယ်။ သူရဲ့ နေ့စဉ် ဓူဝ ကိစ္စအ၀၀ ကိုသင်က အမြဲတမ်း လိုက်ဖြည့်ဆည်း ပေးနေရမှာ ဖြစ်တဲ့ အတွက် ဒီလို ယောင်္ကျားမျိုး ကိုလည်း ရှောင်သင့် ပါတယ်။
3. The always-looking-for-a-deal guy
ဒီယောင်္ကျားမျိုး ကတော့ အမြဲတမ်း အပေးအယူဆန်ပြီး ဈေးတွက် တွက်တတ်တဲ့ ယောင်္ကျားမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ယောင်္ကျားမျိုး ကတော့ သင့်ဘ၀ တလျှောက်လုံးမှာ သင့်အတွက် အပေါတကာ့ အပေါဆုံးတွေကိုပဲ ဖန်တီးပေးမှာ ဖြစ်တဲ့ အတွက် ရှောင်သင့်တဲ့ အထဲမှာ ပါပါတယ်။
4. The I-need-to-watch-sports-all
ဒီယောင်္ကျားမျိုး ကတော့ တချိန်လုံး အားကစားပြိုင်ပွဲ တွေကို ထိုင်ရာမထ ကြည့်တတ်တဲ့ ယောင်္ကျားမျိုး ဖြစ်ပါတယ်။ ယောင်္ကျား တော်တော်များများက ဒီလို အားကစား ပြိုင်ပွဲတွေ ကြည့်ရတာကို နှစ်သက်တတ် ကြပါတယ်။ ဒါပေမယ့် ဒါကို အကြောင်းပြပြီး မိသားစု တာဝန်လစ်ဟင်း တတ်တဲ့ ယောင်္ကျားမျိုး တွေလဲရှိပါတယ်။ အားကစားကို ကြိုက်နှစ်သက်တာနဲ့ ကလေး တယောက် ရူးသွပ်သလို ရူးသွပ်တာ မျိုးက ကွာခြားမှု ရှိပါတယ်။ ဒါကြောင့် ဒီကွာခြားမှုကို နားလည်တဲ့ ယောင်္ကျားမျိုး ကိုပဲ လက်တွဲသင့် ပါတယ်။
5. The what's-for-dinner guy
အမြဲတမ်း အိမ်မှာချက်တဲ့ ထမင်းဟင်းကိုပဲ စားရတာ နှစ်သက်တဲ့ ဆိုတဲ့ ယောင်္ကျားမျိုး ဖြစ်ပါတယ်။ သင့်ဟာ သူရဲ့ အစေခံ တယောက် မဟုတ်တဲ့ အတွက် ဒါဟာ ရေရှည် ဆက်ဆံရေးမှာ မျှတမှု မရှိတော့ တဲ့အတွက် ဒီလို လူမျိုးကိုလည်း လက်တွဲဖို့ မစဉ်းသင့်ပါဘူး။
6. The I-get-increasingly-less-ro
ဒါကတော့ သင်နဲ့ ချိန်းတွေ့ပြီး ၅ခါကနေ ၆ခါဆို သင်နဲ့တွေ့ရ မှာကို ငြီးငွေ့တတ် လာတဲ့ ယောင်္ကျားမျိုး ဖြစ်ပါတယ်။ အစပိုင်း လောက်မှာပဲ သင်နဲ့တွေ့ရ ဖို့ကို စိတ်လှုပ်ရှားမှု ရှိတဲ့ ယောင်္ကျားမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ယောင်္ကျားမျိုးနဲ့ သင်ရဲ့ ဆက်ဆံရေးကို နောင်တစ်နှစ် နှစ်နှစ်ကြာတဲ့ အခါမျိုးကို ကြိုတင် တွေးကြည့်သင့်ပါတယ်။
7. The I-had-sex-and-now-I-don't-
သင့်ချစ်သူ ကောင်လေးကို သင်နဲ့ တခါနေ ပြီးတိုင်းမှာ သင့်ပေါ်ထားတဲ့ သဘောထားကို သတိပြုသင့် ပတယ်။ တချို့ကောင်လေး တွေက ချစ်သူ ကောင်မလေး တွေကို သူတို့နဲ့ အတူနေပြီးတဲ့ အခါမျိုးမှာ သိပ်အလေး မထားတတ် ကြတော့ပဲ ငြီးငွေ့တတ်လာ ကြပါတယ်။ ဒီလို ယောင်္ကျားမျိုး ဆိုရင်တော့ အစကထဲက ရှောင်သင့် ပါတယ်။ ရေရည်မှာ သင့်အတွက် စိတ်ထိခိုက် စရာတွေပဲ ဖန်တီးပေးမယ့် ယောင်္ကျားမျိုး ဖြစ်တာကြောင့်ပါ။
8. The I-will-let-you-pay-for-som
ယောင်္ကျားလေး ပဲဖြစ်ဖြစ် မိန်းကလေး ပဲဖြစ်ဖြစ် ချိန်းတွေ့ခါစ မှာကတည်းက ကျသင့်ငွေကို တယောက်တ၀က် ပေးသင့်တယ်လို့ ယူဆတတ်တဲ့ လူမျိုးဆို စောစော ကထဲက အလံနီ ပြသင့်ပါတယ်။ သင့်ကို အသုံးချ တာမျိုး အဖြစ်မခံ ပါနဲ့။ ဒီလို အစပိုင်း ကထဲက သင်လိုက်လျောပြီး ကျသင့်ငွေတွေကို တ၀က်ပေး ပေးနေမယ် ဆိုရင် သင်ဘ၀ တလျှောက်လုံး ဒီလိုပဲ ကျသင့်ငွေ တ၀က်ကို ကူညီပြီးပေး ပေးရတော့မှာ ဖြစ်ပါတယ်။
9. The lack-of-ambition guy
ရည်ရွယ်ချက် သေသေချာချာ ရေရေရာရာ မရှိတဲ့ ယောင်္ကျားလေးမျိုး ကိုတော့ အထူးသတိ ထားရမှာ ဖြစ်ပါတယ်။ တချို့ ယောင်္ကျားလေး aတွက အစပိုင်းမှာတော့ မိန်းကလေးတွေ အကြိုက်လိုက်ပြီး ကြီးကြီးကျယ်ကျယ် အနာဂတ် အစီအစဉ်တွေ ရှိကြောင်း ပြောတတ်ကြပါတယ်။ လူတယောက်ရဲ့ အကောင်းဆုံး ဖြစ်ချင်တဲ့ ဆန္ဒကို အပြစ်ပြောလို့ မရပေမယ့် ဒီလိုဆန္ဒမျိုး တကယ်ရှိ ဖို့တော့ လိုအပ်ပါတယ်။
10. The I'm-in-my-late-twenties-or
ဒါကတော့ အမေကို လိုတာထက် ပိုခင်တွယ် တတ်တဲ့ ယောင်္ကျားမျိုး ဖြစ်ပါတယ်။ အသက် ၂၅နှစ် အရွယ်ထိ မိဘအိမ်မှာ နေပြီး ကျောင်းတက် ပိုက်ဆံစုတာ မျိုးက လက်ခံနိုင် ပေမယ့် နှစ်ပေါင်းများစွာ အလုပ်လုပ် နေပြီး ဒီလို အသက်အရွယ်မျိုးမှာ အမေနဲ့ အတူနေနေ သေးတယ် ဆိုရင်တော့ ဒီယောင်္ကျား မျိုးက ဘယ်တော့မှ ရင့်ကျက်လာမယ့် ယောင်္ကျားမျိုး မဟုတ်တာကြောင့် သင့်လက်တွဲဖော် အဖြစ်မရွေးချက် သင့်ပါဘူး။
11. The "sorry, I'm not a big phone person," guy
ယောင်္ကျားလေး တော်တော်များများက ဖုန်းအကြာကြီး ပြောတာမျိုး ဒါမှမဟုတ် ဖုန်းခဏခဏပြော ရတာမျိုးကို မကြိုက်ကြ ပါဘူး။ ဒါပေမယ့် သင့်ဖုန်းဆက်တဲ့ အခါမျိုး၊ message ပို့တဲ့ အခါမျိုးမှာ သင့်ကို အလေးထား အရေးပေးတဲ့ အနေနဲ့ ပြန်ပြော ပြန်စာပို့ သင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင်လက်တွဲဖော် အဖြစ် မစဉ်းစား သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူရဲ့ တကိုယ်ကောင်းဆန် လာမယ့် စရိုက်ကို ခန့်မှန်းလို့ ရနိုင်တာကြောင့် ဖြစ်ပါတယ်။
12. The over-controlling guy
ဒီအမျိုးအစား ကတော့ နံပါတ်၁၁နဲ့ ပြောင်းပြန်ပါ။ သူကတော့ သင့်ကို အရမ်းချုပ် ကိုင်ပြီး စိုးမိုးချင်တဲ့ ယောင်္ကျားမျိုး ဖြစ်ပါတယ်။ သင့်ရဲ့ တနေ့တာ လုပ်ဆောင်ချက် တိုင်းနဲ့ သင်ဘယ်သူ တွေနဲ့ ဘယ်သွားလဲ ဘာလုပ်လဲ အစရှိတာတွေကို စက္ကန့်နဲ့ အမျှသိချင်ပြီး ချုပ်ကိုင်ချင်သူ ဖြစ်ပါတယ်။ ဒီလို ယောင်္ကျားမျိုးနဲ့ ကြုံခဲ့ရင်တော့ ချက်ချင်းသာ သူ့လက်ကနေ ရုန်းထွက် သင့်ပါတယ်။
13. The I-don't-know-what-I'm-look
ဒီယောင်္ကျားမျိုး ကတော့ သူဘာလိုချင်ပြီး ဘာဖြစ်ချင်မှန်း မသိတဲ့ ယောင်္ကျားမျိုး ဖြစ်ပါတယ်။ အခု သင်နဲ့ ချစ်သူဖြစ်ချင်တယ်။ နောက်နေ့မှာ သင်နဲ့အတူ ကလေးတွေယူ ချင်တယ်။ နှစ်လလောက် ကြာတော့ ဒါတွေက သူတကယ် ဖြစ်ချင် လိုချင်လား မသေချာ တော့ပြန်ဘူး။ ဒါကြောင့် ဒီလို ယောင်္ကျား မျိုးကိုလဲ စောစောကထဲ ကရှောင်သင့်ပါတယ်။
14. The let's-just-stay-in guy
သင်က အပြင်ထွက် ရတာမျိုးထက် အိမ်ထဲနေရတာ ကြိုက်နှစ်သက် သူဆိုရင်တော့ ဒီလူမျိုးက သင်နဲ့ အတွဲညီမှာပါ။ ဒါပေမယ့် သင်နဲ့ စစချင်း ချိန်းတွေ့တဲ့ အချိန်မျိုးမှာ အိမ်မှာပဲ နေပြီး ရုပ်ရှင်ကြည့်မယ်လို့ အကြံပြုတဲ့ လူမျိုး ဆိုရင်တော့ သတိထား သင့်ပါတယ်။ ဒီလို လူမျိုးက အပျင်း အလွန်ထူတဲ့ လူမျိုး ဒါမှမဟုတ် သင့်ကို အပျော်အတွက် ပဲရည်ရွယ်တဲ့ လူမျိုးပဲ ဖြစ်ပါတယ်။ ဒီလို လူမျိုးတွေက အချိန်ကြာလာတဲ့ အမျှ ပိုပိုပြီး ဆိုးရွားလာဖို့ပဲ ရှိပါတယ်။
15. The I-don't-like-your-friends guy
ဘယ်လို ယောင်္ကျားမျိုး ကမှ သင့်ရဲ့ သူငယ်ချင်းတွေထက် ပိုပြီး အရေးကြီးတာ မရှိပါဘူး။ အကယ်လို့ သင့်ရဲ့ သူငယ်ချင်းတွေကို သူက မကြိုက်နှစ်သက်ဘူး သင့်သူငယ်ချင်း တွေနဲ့ အတူတူ အပြင် ထွက်ဖို့ကို ငြင်းဆန်နေတယ် ဆိုရင်တော့ ဒီလို ယောင်္ကျားမျိုး ကိုချက်ချင်း အဆက်ဖြတ် သင့်ပါတယ်။
0 comments:
Post a Comment