Tuesday, November 12, 2013

လျှပ်စစ်မီတာခ တိုးမြှင့်မည့်ကိစ္စ လာမည့်ဘဏ္ဍာနှစ်မှ ဆွေးနွေးရန် လွှတ်တော်ဆုံးဖြတ်

လျှပ်စစ်မီတာခများကို နိုဝင်ဘာတွင် စတင်တိုးမြှင့်ကောက်ခံမည်ဟု ကြေငြာခြင်းကို လွှတ်တော်တွင် ပြန်လည်ဆွေးနွေးရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစတွင်မှ ယင်းကိစ္စအား ပြန်လည်ဆွေးနွေးရန် နိုဝင်ဘာလ ၁၂ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယက သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

မီတာခများတိုးမြှင့်ကောက်ခံရန် ကြေငြာပြီးနောက်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းကြောင့်လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချနိုင်ရေး ပြည်ထောင်စုလွှတ်တော်၌ အရေးကြီးအဆိုတစ်ရပ်ကို နိုဝင်ဘာလ ၉ရက်တွင် မလိုင်မဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဦးအေးမောက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

တိုးမြှင့်ရန် သတ်မှတ်ခဲ့သည့် ဓာတ်အားခနှုန်းထားများမှာ အိမ်သုံး တစ်ယူနစ်မှ ယူနစ် တစ်ရာအထိ တစ်ယူနစ်လျှင် ၃၅ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှစ၍ တစ်ယူနစ်လျှင် ၅၀ကျပ်နှုန်းတိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး စက်မှုလုပ်ငန်းသုံး ဓာတ်အားခများ ကိုလည်း တစ်ယူနစ်မှ ယူနစ် ငါးထောင်အထိ တစ်ယူနစ်လျှင် ၁၀၀ကျပ်နှုန်း၊ ၅၀၀၁ ယူနစ်မှ စတင်၍ တစ်ယူနစ်လျှင် ၁၅၀နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု အောက်တိုဘာလ ၂၅ရက်က သတင်းထုတ်ပြန်ခဲ့သည်။

(မဇ္ဈိမသတင်းဌာန)

0 comments:

Post a Comment