Tuesday, November 26, 2013

နှင်းခူအတွက် အိမ်တွင်း ဆေးနည်းများ

နှင်းခူဆိုတာ အရေပြား ရောင်ရမ်းတဲ့ အခြေနေတစ်ရပ်ပါ။
လက္ခဏာအနေနဲ့ အရေပြားနီးမြန်းတာ ၊ရောင်တာ ၊ ယားတာ ၊ ခြောက်တာနဲ့ အဖက်တွေလန်တာတို့ ဖြစ်တတ်သလို ပြင်းထန်တဲ့ ပိုးဝင်မှုကြောင့် အရည်ကြည် စိမ့်ထွက်တာနဲ့ သွေးထွက်တာတို့ ဖြစ်တတ်ပါ တယ် ။ နှင်းခူ ဖြစ်ရင် သက်သာစေဖို့ အိမ်တွင်း ကုသနည်းတစ်မျိုးကိုလိုက်နာသင့်ပါတယ်။
၁။ ဂျုံမှုန့်သုံးပြီး ရေချိုးပါ ။
နှင်းခူကြောင့် ယားယံနေရင် ဂျုံမှုန့်အကြမ်းကိုသုံးပြီး ရေချိုးလိုက်ပါ။
အရေပြားရောင်ရမ်းမှုနဲ့ ယာယံမှုကို သက်သာစေပါတယ်။
ဂျုံမှုန့်ထည့်ထားတဲ့ ရေနဲ့ ချိုးတာကြောင့် အယားပြေစေရုံမက အရေးပြားကို စိုပြေစေပါတယ် ။
၂။ ပင်လယ်ဆားဖြင့် ရေချိုးပါ ။
ပင်လယ်ဆားဟာ အကောင်းဆုံးအရေပြား ကြေး(ဂျီး)ချွတ်ပစ္စည်းတစ်မျိုးပါ။
အရေပြား ဆဲလ်သေတွေကို ကင်းကွာစေရုံမက အရေပြားဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။
ပင်လယ်ဆားမှာပါတဲ့ မရှိမဖြစ် သတ္တုဓာတ်တွေက အရေပြား ရောင်ရမ်းမှုကိုကျစေပြီး စိုပြေစေပါတယ်။
သုံးရမယ့် နည်းက ပင်လယ်ဆားနဲ့ ရေကိုရောပြီး နှင်းခူနာကိုလိမ်းပေးရမှာပါ။
ပြီးမှရေချိုးလိုက်ပါ ။
၃။ သံလွင်ဆီ သုံးပါ ။
ဗီတာမင်အီး များစွာပါဝင်တဲ့ သံလွင်ဆီဟာ နှင်းခူလက္ခဏာကို သက်သာစေပြီး ၊ အစိုဓာတ်ကိုပြန်ထိန်း ပေးကာ အရေပြား ခြောက်သွေ့ တာနဲ့ အက်ကွဲတာကို သက်သာစေပါတယ်။ ရေချိုးပြီးချိန်မှာ သံလွင်ဆီကို နှင်းခူနာပေါ်ချက်ချင်းလိမ်းပေးရမှာ ဖြစ်ပါတယ် ။
၎။ လက်ဖက်ဆီကို လိမ်းပါ ။
လက်ဖက်ဆီမှာ တာပင်နွိုက်ပါဝင်တာကြောင့် အရေပြားရောင်ရမ်းမှုနဲ့ ယားယံမှုကို အမြန်သက်သာစေပါ တယ် ။ ကြိတ်ခြေထားတဲ့ လက်ဖက်ရွက်ကိုလဲ လိမ်းပေးနိုင်ပါတယ် ။
၅။ နှမ်းကြတ်စေ့ဆီကို သုံးပါ ။
နှမ်းကြတ်စေ့ဆီမှာ အိုမီဂါ ၃ဖက်တီး အက်စစ်များစွာ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အရေပြားကို ကျန်းမာစိုပြေပါတယ် ။
(နှင်းခူနာ ရှိသူတိုင်း အမြန်သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ...။)
ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု

0 comments:

Post a Comment