Monday, November 11, 2013

မင်္ဂလာ ဆောင်တော့မည့် စုံတွဲများသာ ဖတ်ရန်


ဝါကျွတ်ပြီ ဆိုတဲ့ အသံကြား လိုက်တာနဲ့ ဘဝ လက်တွဲဖော် အဖြစ် ရွေးချယ်ပြီး မိတ်ဆွေ သင်္ဂဟလူဘုံ အလယ်မှာ မြန်မာ လူမျိုးတို့ရဲ့ အလေးအမြတ် ထားရာ လက်ထပ် ထိမ်း မြားခြင်းမင်္ဂလာပွဲကို နှစ်ကိုယ်တူ ယှဉ်တွဲဆင်နွှဲဖို့ တာစူနေကြသူတွေ ရှိနေကြပါတယ်။ အဲဒါကြောင့် လက်ထပ် ထိမ်းမြားခြင်း မင်္ဂလာပွဲ အခမ်း အနားမှာ သတို့သား၊ တို့ သမီးတို့ရဲ့ စောင့်ထိန်းလိုက်နာပြုမူ ဆောင်ရွက် သတိထား သင့်တဲ့ အကြောင်း အရာ တွေအပြင် အိမ် ထောင်တစ်ခုတည်မြဲဖို့ နားလည်မှု တွေ၊ ဘယ်လို ထားရှိရမ လဲဆိုတဲ့ အကြောင်းကို အိမ်ထောင်သည် အနုပညာရှင်တို့ ဂုဏ်ကျက်သရေ မင်္ဂလာ ပြည့်စုံစေဖို့ အတွက် မင်္ဂလာစကားတွေ ဖော်ပြလိုက် ပါတယ်။ 

လူမင်း+ခင်စံပယ်ဦး

အိမ်ထောင်သက်က တော့ကိုးနှစ်ရှိပါပြီ။ အဓိက ကတော့အချစ်ကိုအခြေ ခံပြီး ယုံကြည်မှု၊နားလည်မှု၊ ကိုယ်ချင်းစာတရား၊သစ္စာ ရှိမှုတွေနဲ့တည်ဆောက်ထား တာ။ နား လည် မှုကိုလည်း အတိုင်းအတာ တစ်ခု အနေနဲ့ ခွင့်လွှတ်နားလည်ညှိယူကြ တယ်။ကိုလူမင်းက စိတ်ရှည် သည်းခံပါတယ်။မိသားစု အပေါ်နွေးနွေး ထွေးထွေးနဲ့ အချိန်ပေး တယ်။အခု နောက် ပိုင်းအလုပ်တွေများတာ တောင်မှသား၊သမီးတွေ အတွက်ရ အောင် အချိန်ပေး တယ်။တစ်ယောက်နဲ့တစ် ယောက်ဘယ် လောက်ချစ်ချစ် ရန်ဖြစ်ပြီြး ပဿနာတွေဖြစ် နေမယ်ဆို အဆင်ပြေမှာ မဟုတ်ဘူး။ ရေရှည်မှာ လက်တွဲမြဲဖို့ အတွက် အစစ အရာရာ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားစေချင် ပါတယ်။

အောင်မင်းထွန်း+ထွန်းအိန္ဒြာဗို

ကျွန်မတို့ အိမ်ထောင် သက်က အခုလာမယ့်ဇန်န ဝါရီ ၉ ရက်နေ့ ဆိုရင်၁၅ နှစ်ပြည့်ပြီ။ ကျွန်မတို့က နည်း နည်း ကလေး သိပ်မဆန်တဲ့ အိမ်ထောင်ရေးပေါ့။ လူကြီး ဆန် တယ် လို့တော့မပြော ချင်ပေမယ့် ကလေးတော့ သိပ်မဆန်ဘူးလေ။စိတ် ကောက် တာတွေ သိပ်မရှိဘူး။ တကယ်တမ်း ကျတော့ အိမ် ထောင် ဖက်ဆိုတာ သူ စိမ်း နှစ်ယောက် ကဘဝတစ်သက် တာအတူတူ တစ်သဘော တည်း ညှိနှိုင်းသွားမယ် ဆိုတဲ့ သဘောနဲ့လက်ထပ်ကြ တာ။ အိမ်ထောင်ပြု တယ်ဆိုတာ အဲဒီအဓိပ္ပာယ် သက်ရောက် တယ်ေ လ။တစ် ယောက်နဲ့တစ် ယောက်မှာ ကိုယ့်ကိုယ်တိုင် တောင်စိတ်တိုင်းမကျတာ တွေကအများကြီးရှိတယ်။ အဓိကအရေးကြီးတာကတစ်

ယောက်ကောင်းကွက်ကို တစ် ယောက်သေချာနားလည် ပေးနိုင်ဖို့ပဲ။အဲဒါဆိုရင် သိပ်ကြီးကြီးမားမား ပြဿနာ မရှိဘူး။၁၅နှစ်ဆိုတော့ ပတ္တမြားရ တုလောက်ရှိပြီ ပေါ့။ သူစိမ်းနှစ်ေ ယာက် ပေါင်း ရတာဖြစ်တဲ့ အတွက် တစ်ယောက်ကောင်း ကွက်ကို တစ်ယောက်တန်ဖိုးထား တတ်ဖို့ပါပဲ။ စိတ်အနှောင့် အယှက်ဖြစ် တဲ့အခါ လည်း ကောင်း တာလေးတွေ အစား ထိုးပြီး ကြည့်သွားမယ်ဆိုရင် အဆင်ပြေသွားမှာပါ။ သားသမီး ရတနာ ရလာရင်လည်း ပိုပြီး ခိုင်မြဲစေ ပါတယ်။

ပြေတီဦး+အိန္ဒြာကျော်ဇင် 

ကျွန်တော်တို့ မင်္ဂလာ သက်တမ်းကအခုဆိုရင် ၃နှစ် နီးပါး ရှိ ပြီပေါ့။ တစ်ယောက် ကို တစ်ယောက်က အလိုလို နားလည်ပြီးသားဖြစ်နေ တော့နားလည်မှု ယူစရာ မလို တော့ဘူး။ အိမ်ထောင်တစ် ခုကိုထူထောင် တာ ကောင်းပါ တယ်။ ဒါလူ့သမိုင်းပေး တာဝန်ပဲလေ။ ထူ ထောင်ပြီး တဲ့အခါမှာ ဟန်ချက်ညီညီနဲ့ ကိုယ့် အိမ်ထောင် တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ပဲ အရေးကြီး ပါတယ်။အဲဒီလိုထိန်းသိမ်း နိုင်မယ်ဆိုရင် သာယာပျော် ရွှင်တဲ့ မိသားစုဘဝကို ရမှာပါ။

လွင်မိုး+မေသူ 

အိမ်ထောင် သက်က ၁၆နှစ်ရှိပါပြီ။တစ်ယောက်နဲ့ တစ်ယောက်ကိုယ် ချင်းစာ တရားနဲ့နားလည် မှုတွေနဲ့ တည်ဆောက် ထားတယ်။ မင်္ဂလာမောင်နှံတွေ အတွက် ပြောချင် တာကတော့ လက် မထပ်ခင်သေသေ ချာချာ လေ့လာပါ။လေ့လာပြီး လက် ထပ် ပြီးသွားရင်တစ်ယောက် နဲ့တစ်ယောက်ခွင့်လွှတ်နိုင် တာကိုခွင့် လွှတ် ၊ကိုယ်ချင်းစာ တရားလေးထား၊တစ်ယောက် အမှားကို တစ်ယောက်က ပြင် ဆင်ပြီးတော့ရာသက်ပန် လက်တွဲနိုင်ဖို့ကြိုးစားကြ ပါလို့ ပြောချင်ပါတယ်။

ပြည့်မောင် +စမိုင်း 

၂ဝဝ၄ကမင်္ဂလာဆောင် တာဆိုတော့ ကိုးနှစ်ရှိသွားပြီ။ မင်္ဂလာဆောင်ပြီးသွားတော့ သမီးရည်းစားလိုနေလို့ မရ ဘူး ပေါ့။ ၂၄ နာရီလုံးတစ်ယောက် မျက်နှာတစ်ယောက် မတွေ့ ချင်မှ အဆုံးပေါ့။နားလည်မှုက အဓိက လိုအပ်တာပေါ့။ သွေး သားအရင်းတွေမှ မဟုတ်တာ။ သွေးရင်းသားရင်းတွေ တောင် စိတ်အခန့်မသင့်ဖြစ် တတ် သေးတာ ပဲ။အဲဒါလေးကို ကျော်ဖြတ် ပြီးတော့သွားတယ်။ အိမ်ထောင်တစ်ခုမှာအဓိက နားလည်မှု ပါပဲ။ ဘာမှ မဟုတ် တဲ့ပြဿနာလေးကနေ မိသားစုကွဲသွားတာေ လးတွေ ရှိတာ ပဲ။ ကျွန်မကတော့ ပြဿနာတစ်ခုကိုတစ်ယောက် နဲ့တစ်ယောက်နားလည်မှုနဲ့ပဲ ဖြေရှင်း ပါတယ်။အိမ်ထောင် တစ်ခုရေရှည် တည် တံ့ချင်တယ် ဆိုရင်တော့ နားလည် မှုက အရေးကြီးဆုံးပါပဲ။

ဇော်ဝင်းထွဋ်+မေခိုင်အုန်း 

မင်္ဂလာဆောင်အမှတ် တရဆိုရင်အခုအချိန်မှာသွား သတိရတာကတော့ တေးရေး သုခမိန်လှိုင်ရေးတဲ့ သီချင်းကို ကိုမင်းမင်းလတ်ဆိုပြီး ကျွန်တော်ပြန်ဆိုထားတဲ့ ” တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ်” သီချင်း ထဲကအတိုင်းပဲပေါ့။ မင်္ဂလာဆောင်တွေမှာဖွင့်ကြတယ်။ သီချင်းလေးက ကမ္ဘာကျော်သံစဉ်လေးနဲ့ပေါ့။ အခု အချိန်မှာပြန်သ တိရတယ်ဗျာ။

ဟဲလေး+ မြတ်သီရိလင်း 

အဓိကကတော့ တစ် ယောက်နဲ့တစ်ယောက်ချစ် ကြဖို့အရေးကြီးပါတယ်။ ချမ်း သာတာ၊ မချမ်းသာတာထက် ဖြစ်သင့်တဲ့အနေအထားလေး တော့ရောက်အောင်ကြိုး စား ရတာပေါ့။အဲဒါမှလည်း ဘဝ ခရီးလမ်းက ဖြောင့်ဖြူးမှာ ကိုး။ အဓိကက တစ်ယောက်နဲ့ တစ်ယောက်ချစ်မယ်ပေါ့။ ကျွန်တော်တို့ရဲ့ မင်္ဂလာ သက် တမ်းက ငါးနှစ်ရှိသွား ပါပြီ။ငါးနှစ်တာသက်တမ်းအတွင်း မှာဒီလိုပဲဖြတ် သန်းရတာ ပေါ့။ အဆင်ပြေတာ၊ မပြေတာ တွေစိတ်ဆိုးတာတွေ၊ ချစ်တာ တွေအများကြီး ရှိပါတယ်။ အခုဆိုရင် သားေ လးနှ စ် ယောက်ရှိပြီ ဆိုတော့ ငါးနှစ် တာကာလအတွင်းမှာ ကျွန် တော်တို့ဘဝ ဖြတ်သန်းရတာ ပိုပြီးတော့အဓိပ္ပာယ် ရှိလာ တာပေါ့။

စည်သူလွင်+ နွယ်မာကျော် 

တစ်ယောက်နဲ့ တစ် ယောက် ချစ်တာ သေချာသွား ပြီ ဆိုရင် အဆိုး၊ အကောင်းကို ပြန်မတွေးတော့ဘဲနဲ့ စပြီး လက် တွဲတဲ့အချိန်ကတည်းက နှစ် ယောက်လုံး တက်ညီ လက်ညီနဲ့ ကြိုးစားကြမယ်ဆိုရင် အောင် မြင်တဲ့ ဘဝတစ်ခုကို ရောက် နိုင်ကြမှာပါလို့ ပြောချင်ပါ တယ်။ အခုလာမယ့် ဒီဇင်ဘာ လ ၃ရက်နေ့ဆိုရင် ၃နှစ် ပြည့် မှာပါ။ တစ်ယောက်နဲ့တစ် ယောက်သစ္စာရှိမယ်။ ယုံကြည်မှုရှိမယ်၊ အဆိုး၊ အကောင်းကို တိုင်တိုင်ပင်ပင်နဲ့ပဲ ဒီကာလကို ဖြတ်သန်းခဲ့တယ်။ မင်္ဂလာ ဆောင်မှာ လူနည်းတာ၊ များ တာအရေး မကြီးပါဘူး။ အဓိက က ဘဝခရီးကို လျှောက်လှမ်း ကြမယ့် နှစ်ယောက်က အရေးကြီးပါတယ်။

ဘုဏ်းသိုက် + ချမ်းချမ်း 

အဓိကဆိုရင် နှစ်ဖက် လုံး သဘောတူတဲ့ အိမ် ထောင်ရေးဖြစ် သင့်တာပေါ့။ အိမ်ထောင်မပြုခင် တစ်လ၊ နှစ်လလောက် တော့ ကြိုပြီး ပြင်ဆင်ထားတာမျိုး ဆိုရင် ပို အဆ င်ပြေတာပေါ့။ အစ်မတို့ကျတော့ ကိုယ်ယူချင်တဲ့အချိန် ကောက်ယူလိုက် တာဖြစ်တဲ့ အတွက်ကြောင့် ဘယ်လိုပြောရမလဲ ဝါတွင်း ကာလနဲ့ တိုးတာမျိုးဆိုတော့ ရက်ကောင်း ရက်မြတ်ရဖို့အတွက်မနည်းကို ရွေးပြီးတော့ လုပ်ခဲ့ရတယ်။ ကတိုက်က ရိုက်တော့ ဆန်တာပေါ့။ အဲဒီတော့ နှစ်လ၊ သုံးလလောက်ကြိုပြီးတော့ Plan ဆွဲရင် ပိုကောင်းတာပေါ့။ ပြီး တော့ အခုခေတ်မှာ အားလုံးက Plan ဆွဲပြီးတော့ မင်္ဂလာဆောင် ကြတာများတယ်။ အစ်မတို့က ကိုယ်ကြိုက်တဲ့ အချိန်ထလုပ် လိုက်လို့သာပေါ့။ ဘာသာရေး နဲ့ပတ်သက်တော့ ဘုရားကျောင်းမှာလည်း ဆောင်ချင်တာကိုး။ အဲဒီတော့ ဝါဝင်၊ ဝါထွက်ရှိနေတော့ ကတိုက်က ရိုက်ဖြစ်သွားတယ်။ ဒါပေမဲ့ ကြိုတင် ပြင် ဆင်တာက ကောင်းတယ်။ တစ်ခါတလေကျရင် ကိုယ်လုပ်ချင် တဲ့ပုံစံ တွေရဖို့ဆိုတာက အခက်အခဲ လေးဖြစ်သွားနိုင်တယ်။ အဲဒီတော့ အဓိကက နှစ်ယောက် လုံးကျေနပ် မယ့်အခြေအနေပုံစံလေး ဖြစ်အောင် ဖန်တီးပါ။ အဓိကက နှစ်ယောက်စလုံး ပေါင်းရမှာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင် ရေးမှာ စိတ်ကတောက် ကဆတ်ဖြစ် တာမျိုးတွေ၊ မယူခင်မှာ စိတ်သဘော ထားကွဲနေမယ် ဆိုရင် အဆင် မပြေဘူးပေါ့။ Plan ဆွဲပြီးမင်္ဂလာဆောင် တာက တော့အကောင်း ဆုံးပါ ပဲ။ တချို့လူမျိုးချင်း မတူဘဲ လက်ထပ်တာတွေ ရှိတယ်။ အဲဒီအခါမှာ ဘယ်လိုထုံးတမ်း ဓလေ့နဲ့ ဆောင်မလဲ၊ နေရာတွေကအစ ဘယ်ခု နှစ်မှာ၊ ဘယ်ရက်မှာကောင်းတယ် ဆိုတာကို တိုက်ပြီးရွေးကြတယ်။ အဲဒီလိုမျိုး ကြိုတင် ပြင်ဆင်ပြီး လုပ်မှ အမှားနည်းပြီး ကောင်းမွန်မှာပေါ့။ ကြိုတင်ပြင်ဆင် ပြီးလုပ်တာက တော့ အကောင်းဆုံးပါပဲ။ စိတ် ပင်ပန်းမှု မရှိတော့ ဘူးပေါ့။ မင်္ဂလာဆောင် တယ်ဆိုတာ နှစ်ဦးသဘောတူ မင်္ဂလာဆောင်တာမျိုးပဲဖြစ်စေချင် တယ်။ ဘာလို့လဲဆိုတော့ တစ်သက် လုံး ပေါင်းကြရမှာ ကိုး။အဲဒီတော့ ဒီနှစ်မှာ မင်္ဂလာဆောင်ဖို့ တာစူနေတဲ့ မင်္ဂလာ မောင်နှံတွေကို မယူခင်လည်း သတို့သား၊သတို့သမီးလေးတွေ စိတ်ချမ်းသာပါစေ။ ယူပြီး သွားရင် လည်း အိုအောင် မင်းေ အာင် ပေါင်းရပါစေလို့ ဆုတောင်းပေး ပါတယ်။

ရန်ရန်ချန်း + ချီလီ

ကျွန်တော်တို့ မင်္ဂလာသက်တမ်းက အခုဆိုရင် ၃ နှစ် ကျော်သွားပြီ။ ကျွန်တော်တို့က မင်္ဂလာဆောင်ပြီးက တည်းက သားလေးယူမယ့် Plan လေးရှိ တော့ ကြိုပြီးပျော်နေကြ တာ။ ပြီးတော့ သူ့ကိုကိုယ်ဝန် ဆောင်ထားရတဲ့ အချိန်ကတည်းက ရော၊ သူရောက်လာတဲ့အချိန်မှာကော ပျော်တယ်။ အခုဆို သားလေးနဲ့ နပန်းလုံးပြီး ပျော် နေကြတာ။ ကျွန်တော်တို့ အတွက်တော့ တောက်လျှောက် ပျော်စရာတွေချည်းပဲ။ ဝါကျွတ်လို့ မင်္ဂလာဆောင်မယ့်သူတွေ အတွက် ပြောရရင် ကျွန်တော်တို့တုန်းက အမှတ် တရလေးေ တွ ပြန်ပြောပြမယ်။ မယူခင်တုန်းကလည်း ကျွန်တော်တို့ချစ်ချစ်ခင်ခင်၊ ပျော်ပျော် ရွှင်ရွှင်နဲ့ နေကြတယ်။ အခုယူ ပြီးသွားတော့လည်း ချစ်ချစ်ခင် ခင်၊ ပျော် ပျော် ရွှင်ရွှင်နေ တယ်။ အခု ရင်သွေးလေးရလာတော့ပို ပျော်ရတယ်။ အဲဒီ အတိုင်းပဲနေ ကြပါလို့။

L လွန်းဝါ+ ချောစု 

၂ဝဝ၈၊ ဖေဖော်ဝါရီ ၁၄မှာ မင်္ဂလာဆောင်တာ ဆို တော့ အခုဆိုရင် ၅နှစ် ကျော်၊ ၆နှစ်သက်တမ်း ရှိပါပြီ။ မင်္ဂလာဆောင်ဆိုရင် မဆိုင်တာတွေအများ ကြီးမချဲ့စေ ချင်ဘူး။ ဘာမဟုတ် တာလေး နဲ့ ပြဿနာ တက်တာမျိုးတွေ မဖြစ်ပါစေနဲ့။ အိမ်ထောင် သက် ၆နှစ်အတွင်းမှာ ဘာပဲ ပြောပြော အိမ်ထောင်တကယ် ကျသွားတဲ့အခါ ကိုယ်မသိသေး တဲ့ အချက်တွေက ရှိလာတာပဲ။ အားလုံးက မိသားစုတစ်ခု ပဲဆိုတဲ့ စိတ်နဲ့ ရင်ဆိုင်လိုက်ရင် ပြီးသွားမှာပါ။

သားစိုး + ထက်ထက်ခိုင်

မင်္ဂလာဆောင်ဖို့က အဓိကကတော့ ပိုက်ဆံများများ လိုပါတယ်။ ခမ်းနားရင်ခမ်းနားသလောက် ပိုက်ဆံ ကုန်တဲ့ အတွက် ပိုက်ဆံရှိမှ ပဲမင်္ဂလာ ဆောင်ကြပါ။ အကြွေးနဲ့ မင်္ဂလာဆောင်တာမျိုး မဖြစ်စေချင်ဘူး။ မြန်မာစကားပုံ တစ်ခုရှိပါတယ်။ ” အိမ်ထောင်မှု ဘုရားတည်ဆေးမင်စုတ်ထိုး” ဆိုတဲ့အတွက် ပြင်ရခက် တာမို့ အလေးအနက် ထားစေချင်ပါ တယ်။ ကျွန်တော်တို့ မင်္ဂလာသက်တမ်း ဆို ၃နှစ် ကျော်သွားပါပြီ။ တစ်ယောက်နဲ့တစ် ယောက်ကနားလည်မှုရှိဖို့ရယ်၊နောက် တစ်ခု ကငွေကြေးပါပဲ။

ကျော်လင်း+ချောရတနာ

ချောတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့က အခုလာမယ့် ဒီဇင်ဘာ ၁ရက်နေ့ဆိုရင် ချောတို့တစ်နှစ်ပြည့်ပြီ။ တစ်ယောက် နဲ့တစ်ယောက် သည်းခံခွင့် လွှတ်နိုင်ဖို့က အဓိကပါပဲ။ အပြန် အလှန်နားလည်မှု တွေပေးနိုင် ရမယ်။ အဲဒါမှလည်း အိမ်ထောင်ရေးက သာယာပြီး အဆင်ပြေမယ်လို့ ယုံကြည်တယ်။ မင်္ဂလာဆောင်မယ့် မောင်နှံ တွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်သည်းခံ ခွင့်လွှတ်ပြီးတော့ တစ်သက်လုံးပဲ လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေး ပါတယ်။ 

By Popular

0 comments:

Post a Comment