Wednesday, November 20, 2013

သတင်းထောက်နှစ်ဦး ခြိမ်းခြောက်ခံရမှု အရေးယူပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက် ရဲချုပ်ထံ စာပို့

သတင်းဂျာနယ်နှစ်ခုမှ သတင်းထောက်နှစ်ဦး ရိုက်ကူးထားသော သတင်းဓာတ်ပုံ ဖျက်ဆီးခံရခြင်း၊ ခြိမ်း ခြောက်ခံရခြင်းများနှင့် ပတ်သက်၍ အရေးယူပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)မှ ရဲချုပ်သို့လိပ် မူပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နိုင်ငံတော်သမ္မတရုံးသို့ နိုဝင်ဘာ ၁၉ ရက် ရက်စွဲဖြင့် စာပို့လိုက်သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေအထွေအတွင်းရေးမှူး ဦးမြင့်ကျော် က ပြောကြား သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၄ ရက်ည ၉ နာရီဝန်းကျင်တွင် မုံရွာ၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ရွာ ပုသိမ်-မုံရွာ လမ်းမပေါ်၌ ယူနတီသတင်းဂျာနယ်မှ နယ်သတင်းထောက် ကိုကျော်နိုင်နှင့် အာရှအလင်း သတင်းဂျာနယ်မှ သတင်းထောက် ကိုမျိုးမြင့်ဇော်တို့ကို သတင်းဓာတ်ပုံများအား ဖျက်ခိုင်း ခြင်း၊ စီးနင်းလာသည့် ဆိုင်ကယ်လိုင်စင်နှင့် တည်းခိုနေရာများအား တရားခံတစ်ဦးသဖွယ် စစ်ဆေးခဲ့ ကြောင်း MJN ၏တိုင်ကြားစာတွင် ပါရှိသည်။

အဆိုပါကိစ္စအတွက် ယူနတီသတင်းဂျာနယ်မှ “ကိုကျော်နိုင်က ကျွန်မတို့ကို အကြောင်းကြားထားတာက သူ့ဓာတ်ပုံတွေ ဖျက်ခိုင်းတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်တယ်လို့တော့ မပြောဘူး”ဟု ၎င်းတို့ သတင်းထောက်နှင့် ပတ်သက်၍ အတည်ပြုသည်။

မုံရွာတွင်ဖြစ်ခဲ့သည့်ကိစ္စတွင် သတင်းထောက်တစ်ဦးက ရဲအရာရှိတစ်ဦးကို ရာထူးအခေါ်အဝေါ် မှားယွင်း ခေါ်ဆိုခဲ့သည့်အတွက် ဒု-ရဲအုပ်အဆင့်ရှိသူက ယင်းသတင်းထောက်အား ရိုင်းစိုင်းစွာ ဆဲရေး တိုင်းထွာခဲ့သည်ဟု MJN ၏ တိုင်ကြားစာတွင် ရေးသားထားသည်။

ခြိမ်းခြောက်ခံခဲ့ရသည့် အာရှအလင်း သတင်းဂျာနယ်မှ သတင်းထောက် ကိုမျိုးမြင့်ဇော်က “ကျွန်တော် တို့ လက်ပံတောင်းတောင် သပိတ်စခန်းမှာ နယ်ခံတွေနဲ့ ရဲလုံထိန်းတွေ ရုန်းရင်းဆန်ခတ်ဖြစ်တာကို သ တင်းသွားယူအပြီးမှာ ခြိမ်းခြောက်ခံရတာပါ။ ကင်မရာတွေ ရိုက်ခွဲပစ်မယ် လုပ်တာမျိုးတွေလည်း ပြုလုပ် ခဲ့ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည့် ရဲအရေအတွက်မှာ ၁၅၀ မှ ၂၀၀ ကြားရှိမည်ဟု ခန့်မှန်းရပြီး မိနစ် ၃၀ နီးပါး ကြာမြင့်သည်ဟု ကိုမျိုးမြင့်ဇော်မှ ဆက်လက် ပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က“အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာ မပြောင်းလဲသေးတဲ့ သဘောပေါ့။ နိုင်ငံတော်ရဲ့ အားနည်းချက် လိုအပ်ချက်တွေကို မီဒီယာက ထောက် ပြပါလို့ ပြောတယ်။ သို့ပေမယ့် အောက်ခြေသော်လည်းကောင်း၊ အလယ် အလတ်သော်လည်းကောင်း အရင်လုပ်နည်းလုပ်ဟန်အတိုင်း မလုပ်ကြသေးလို့ပါ” ဟု ဝေဖန်သည်။

MJN ၏ တင်ပြချက်များကို အရေးယူမှုမပြုလုပ်ပါက အဆိုပါဖြစ်ရပ်ကို မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ပိုမို ဆိုးရွားလာပါက နိုင်ငံတကာ သတင်းအဖွဲ့အစည်း အင်အားများဖြင့် အစိုးရကို တိုက်တွန်းခြင်း၊ နိုင်ငံတ ကာသတင်းအဖွဲ့များ၏ အစီရင်ခံစာများတွင် ထည့်သွင်းရေးသားခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဦး မြင့်ကျော်က ဆက်လက် ပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ကာ နိုင်ငံပိုင်မီဒီယာများတွင် စာနယ်ဇင်းမီဒီယာအချို့နှင့် နယ်ခံများ ပူးပေါင်း ကြံစည်သည်ဟုဆိုကာ ဖော်ပြခဲ့ပြီး အဆိုပါသတင်းမှာ လုံးဝမမှန်ဟု ကိုမျိုးမြင့်ဇော်က တုံ့ပြန် ပြောဆိုခဲ့ သည်။ နိုဝင်ဘာ ၃ ရက်ကလည်း မှော်ဘီမြို့နယ်တွင် The Voice သတင်းထောက် ကိုခိုင်စိုးလင်းအား ရာအိမ်မှူးများက ရိုက်နှက်သည့်ကိစ္စ ဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့် နိုဝင်ဘာ ပထမပတ်၌ အလွတ်တန်း သ တင်းထောက်တစ်ဦးဖြစ်သူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ရိုက်နှက်ခြင်းများ ဖြစ်ခဲ့သေးသည်။

Mizzima

0 comments:

Post a Comment