Friday, November 22, 2013

မြန်မာအသင်း၏ လက်ရှိအဆင့်အတန်းအား သိထားသင့်ဟု ပတ်ဆောင်ဟွာပြောကြား

Photo: မြန်မာအသင်း၏ လက်ရှိအဆင့်အတန်းအား သိထားသင့်ဟု ပတ်ဆောင်ဟွာပြောကြား
Friday, November 22, 2013

မြန်မာ ယူ-၂၃ အသင်းနည်းပြ ပတ် ဆောင်ဟွာသည် ဆီးဂိမ်းပြိုင်ပွဲ တွင် ရွှေတံဆိပ်ရရှိရန်စွမ်းဆောင် နိုင်မည်ဟုယုံကြည်သော်လည်း အသင်း၏လက်ရှိအဆင့်ကို မမေ့ လျော့သင့်ကြောင်း ပြောသည်။ပတ်ဆောင်ဟွာက ''ကျွန် တော့်မှာ ဆီးဂိမ်းပြိုင်ပွဲရဲ့ရွှေတံ ဆိပ်ကိုရယူနိုင်မယ်လို့ယုံကြည် ချက်ရှိပါတယ်။ ရလဲ ရမှာပါ။

ဒါပေမဲ့ ပရိသတ်တွေတာဝန်ရှိ သူတွေအနေနဲ့ မြန်မာအသင်း ရဲ့ လက်ရှိကမ္ဘာ့အဆင့်ရပ်တည် မှုကို သိထားသင့်ပါတယ်။ ဒါမှ သာ အခြေအနေအမှန်ကို သုံး သပ်နိုင်မှာပါ။ ဒီလိုအသင်းကို အောင်မြင်အောင်လုပ်ဖို့ဆိုတာ အချိန်တော့ ပေးရပါလိမ့်မယ်။ လက်ရှိအနေအထားနဲ့ အမြင့်ဆုံး ကို လိုချင်ရင်တော့ မဖြစ်နိုင်ပါ ဘူး။ ကျွန်တော်တို့နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ဂျပန်ယူ-၂ဝအသင်း ဆိုရင် ကျွန်တော်တို့ထက်အများ ကြီး သာလွန်ကောင်းမွန်ပါတယ်။

သူတို့လောက် ကျွန်တော်တို့မှာ အရည်အချင်းရှိရင် သူတို့ကိုကျွန် တော်တို့ နိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဂျပန်နဲ့အဆင့် အတန်းချင်း ကွာခြားလွန်းပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ ဂျပန်လိုအသင်းမျိုးကို အနိုင်ရဖို့ ဆိုတာ အိပ်မက်မှာပဲရှိနေနိုင်ပြီး အိပ်မက်ထဲမှာတော့ ကျွန်တော်တို့ ကမ္ဘာ့ဖလားတောင် ရနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အောင်မြင် မှုရရှိအောင်ပဲ ပြင်ဆင်ရမှာဖြစ် ပြီး ဒီလိုပြင်ဆင်ရာမှာလဲ ကိုယ့် အသင်းရဲ့အဆင့်အတန်းကို အမှန် အတိုင်း သိထားဖို့လိုအပ်ပါတယ်။ လက်ရှိအချိန်မှာတော့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ကိုရင်ဆိုင်ဖို့ အ ဆင်သင့်ဖြစ်နေပြီ''ဟုပြောသည်။

ပတ်ဆောင်ဟွာနှင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ကြား တွင်ရှိသော စာချုပ်သက်တမ်းမှာ ၂၀၁၃ဒီဇင်ဘာအကုန်တွင်ပြီး ဆုံးမည်ဖြစ်ပြီး ပတ်ဆောင်ဟွာ က ၎င်းတာဝန်ယူခဲ့သည့်နှစ်နှစ် တာကာလအတွင်း ပြင်ဆင်ရန် လိုအပ်သည်များအား ပြင်ဆင် ရန် ဘောလုံးအဖွဲ့ချုပ်သို့ ပြော ကြားခဲ့သော်လည်း လျစ်လျူရှု ခြင်းခံခဲ့ရကြောင်းဖွင့်ဟခဲ့သည်။

Yangon Media Group

0 comments:

Post a Comment