Wednesday, November 20, 2013

ကျေးရွာ အုပ်ချုပ်ရေးမှူး ဓားခုတ် ခံရသဖြင့်သေဆုံး

စစ်ကိုင်းတိုင်း ဒေသကြီး ငါးတရော် ကျေးရွာတွင် စိတ်ဖောက်ပြန်သူဟု ဆိုသူတစ်ဦးက ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဓားဖြင့်ခုတ်၍ သေဆုံး မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၁၁ နာရီက အောင်နိုင်ဦး ၃၇ နှစ် (ဘ) ဦးထွန်းကြွယ်သည် စိတ်ဖောက်ပြန် ပြီး ကျေးရွာအတွင်းရှိ ဇဝနရာမ ကျောင်းတိုက် ဆရာတော် ဦးဇဝန ၈၆ နှစ်အား ဓားဖြင့်ခုတ်ရန် သွားရောက်စဉ် လမ်းတွင် တွေ့ရှိသူ ကိုလွင် ၄၈ နှစ်၊ ကိုနိုင် ၄ဝ နှစ်တို့မှ တားမြစ်ခဲ့ရာ နာခံမှုမရှိဘဲ ၎င်းတို့ နှစ်ဦးအား လိုက်လံ၍ ဓားဖြင့်ခုတ်ခဲ့ပြီး ဦးကျော်မင်းနိုင်၏ နေအိမ် အနီး အရောက်၌ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင် ၃၈ နှစ်အား တွေ့ရှိကာ ဓားဖြင့်ခုတ်သဖြင့် ဦးကျော်ခိုင်မှာ လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းမြို့ အမှတ်(၁)ရဲစခန်းမှ အောင်နိုင်ဦးအား (ပ)အမှတ် ၆၄၅/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment