Wednesday, November 20, 2013

ကိုယ့်အသားအရေဟာ ဘယ်လို အမျိုးအစားလဲ ဆိုတာ သိခြင်းဟာ အသားအရေ ထိန်းသိမ်းမှုပါ အရေးပါ

ဆူးချိုး
ဘယ်လို Skincare Productသင့်ရဲ့ အသားအရေအတွက် အကောင်းဆုံးဖြစ်မလဲဆိုတာကို လူတိုင်းစူးစမ်း လိုတတ်ကြပါတယ်။ တကယ်တော့ အသားအရေလှခြင်းက Skincare Product ထက်စာရင် သင်ရဲ့ အသားအရေအမျိုးအစားနှင့် ပိုပြီးသက်ဆိုင်နေပါတယ်။ အသားအရေ အမျိုးအစားတွေကို အမျိုးအစား(၃)မျိုး အခြေခံထားပြီးခွဲခြားထားပါတယ်။ အဆီပြန်တဲ့အသားအရေ၊ ခြောက်သွေ့ အသားအရေ နဲ့ ပေါင်းစပ် အသားအရေတို့ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ အသားအရေ အမျိုးအစားကို ကိုယ်ကိုယ်တိုင် သိနိုင်ရင် အသား အရေထိန်းသိမ်းတဲ့နေရာမှာ ပိုပြီး ထိရောက်နိုင်ပါတယ်။
အဆီပြန်အသားအရေ
မျက်နှာတပြင်လုံး အဆီတွေဝင်းနေပြီး ညစ်နွမ်းနေပါရင် သင်က အဆီပြန်အသားအရေ ရှိသူပဲဖြစ်ပါတယ်။ ဒီလိုအဆီပြန်တတ်တဲ့ အသားအရေမျိုးကို ပိုင်ဆိုင်သူတွေက မျက်နှာ သစ်ဆေးကောင်းကောင်းကို သုံးစွဲသင့်ပါတယ်။ အရမ်းဈေးကြီးတဲ့ brand တွေကို ဝယ်သုံးဖို့ ကိုပြောတာမဟုတ်သလို အရမ်းဈေးပေါတဲ့ မျက်နှာသစ်ဆေးတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဈေးပေါတဲ့ မျက်နှာသစ်ဆေးတွေထဲမှာပါတဲ့ အရာတွေကသင့်ရဲ့ မျက်နှာဆီပြန်မှုကိုပိုပြီး ဆိုးရွားစေနိုင်ပါတယ်။ အရည်သွေးကောင်းတဲ့ Light Cleansing Lotion တွေကတော့ အမည်းစက်ဒဏ်ကနေ ကင်းဝေးစေနိုင်ပါတယ်။ TLC လုံလောက်လို့  သင်ရဲ့ အသားအရေကို အဆီပြန်ခြင်းက ကာကွယ်ပေးပါတယ်။ Cleanser သုံးစွဲပြီးရင် Toner ခပ်ပါးပါးလေး လိမ်းပေးပါ။ ဒါပေမယ့် အရမ်းပြင်းတဲ့ Toner တွေကိုအသုံးမပြုပါနဲ့ ။
ခြောက်သွေ့အသားအရေ 
ဆတ်ဆတ်ထိမခံပဲကွာကွာကျတတ်တဲ့အသားအရေမျိုးဖြစ်နေရင်တော့ သင်က ခြောက်သွေ့အသားအရေ ကို ပိုင်ဆိုင်သူတစ်ဦးဖြစ်ပါတယ်။ ခြောက်သွေ့ အသားအရေရှိသူတွေက Foaming wash တွေအစား နူးညံ့တဲ့ Facial scrub နဲ့ Cream ဒါမှမဟုတ် lotion cleanser တွေကိုသုံးသင့်ပါတယ်။ အသားအရေ ခြောက်သွေ့တတ်တဲ့မျက်လုံး၊ ပါးပြင် နဲ့ လည်ပင်း အနီးတ၀ိုက်တို့ကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ ဆီပါတဲ့ treatment တွေပြုလုပ်ပေးသင်တယ်။ စံပယ် နဲ့  နှင်းဆီအဆီ ပါဝင်တဲ့ product တွေသုံးစွဲပေးရင် သင့်ရဲ့  အသားအရေခြောက်သွေ့မှုကို လျော့ပါးစေနိုင်ပါတယ်။
ပေါင်းစပ်အသားအရေ
သင့်ရဲ့ T-zone (နဖူး၊ နှာခေါင်း၊ မေးစေ့) မှာသာ အဆီပြန်ပြီး တခြားမျက်နှာပြင်ပေါ်မှာ ခြောက်သွေ့နေ တတ်ရင်တော့ သင်ကပေါင်းစပ်အသားအရေကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းတဲ့ အကြောင်း အရင်းက သင်ကမတူညီတဲ့Moisturiser နှစ်ခုကိုပေါင်းစပ်ပြီးအသုံးပြုမိလို့ ပဲဖြစ်ပါတယ်။
Trend Myanmar

0 comments:

Post a Comment