Tuesday, November 26, 2013

ယောင်္ကျားလျာ အိချောပိုကို အနုပညာသမား အချင်းချင်း ကြိုက်ကုန် ကြပြီဟုဆို

အနုပညာအလုပ်ကို ကျောင်းသူဘ၀ကတည်းက ရှုးသွပ်ခဲ့တဲ့အတွက် တက်ခဲ့တဲ့ကျောင်းကိုက ယဉ်ကျေးမှုတက္ကသိုလ်ပါ။ ဒါဟာ သူမဘ၀တစ်ခုလို့ပြောလို့ရသလို စိတ်၊ ခွန်အား၊ သူမရဲ့ အချိန်အား လုံးကိုလည်း ဒီအလုပ်ထဲမှာ နှစ်မြှပ်ထားသူတစ်ယောက်ဖြစ်တဲ့ အိချောပိုရဲ့ စိတ်ခံစားချက်အချို့ကို တူးဆွကြည့် မိတဲ့အခါ ‘အခုရိုက်နေတဲ့ကားလေးက ကျီးမနိုးပွဲတဲ့။ ဒါရိုက်တာက ကိုညိုမင်းလွင် နဲ့ဒုတိယ မြောက်ဆုံဆည်းတဲ့ကားလေးပါ။ မင်းသားက ကိုနေတိုးပေါ့။ ဒီဇာတ်လမ်းလေးက တန်ဆောင်တိုင် လပြည့်ညရဲ့ ရိုးရာဓလေ့ပွဲလေးမှာပျော်ကြတာရယ်၊ ပျော်ပြီးပျက်တတ်တဲ့ အကြောင်းလေးကို ရိုက်ပြထား တာပါ။ အိချောက ဒီကားလေးထဲမှာ ကိုနေတိုးရဲ့ ချစ်သူနေရာကနေ သရုပ်ဆောင်ထားပါတယ်’တဲ့။
ဇာတ်ရုပ်ပီပြင်မှုနဲ့ပတ်သတ်ပြီး သူမလေ့လာရတဲ့အပိုင်းကို ‘ကိုယ့်ကိုလာအပ်တဲ့ကားတွေကို ဇာတ်အရင် ဖတ်ကြည့်တယ်။ ပြီးရင် ကိုယ်လုပ်နိုင်၊ မလုပ်နိုင်စဉ်းစားတယ်။ ကာရိုက်တာတွေလဲ မထပ်အောင် ဂရုစိုက် ပြီးတော့ လုပ်နေပါတယ်။ ပရိသတ်အတွက် အသစ်အဆန်းဖြစ်အောင်လဲ အိချောဆံပင်တွေ ညှပ်ထားပါ တယ်။ ပရိသတ်တွေကားတိုင်းမှာ ဆံပင်ပုံစံရိုးနေမှာစိုးတဲ့အတွက် အိချောထပ်ညှပ်ထားတာပါ။’ လို့ သူမက ပြောပါတယ်။
ဒီလောကထဲမှာ နေရာလေးတစ်နေရာအတွက် သူမရပ်တည်လာခဲ့ရတဲ့ အကြောင်းကို တော့ သူမက ‘အများကြီးကြိုးစားခဲ့ရပါတယ်။ ရိုက်ရတဲ့ အခွင့်အရေးရမှာလဲ ကိုယ့်ကြိုးစားမှု တွေပြလို့ရမှာလေ။ ကိုယ့်ရဲ့ ကြိုးစားမှုတွေပြလို့မရရင် ပရိသတ်လဲ ကိုယ့်ကိုလက်ခံမှာမဟုတ်ဘူး။ ပရိသတ်တွေ လက်ခံလာ အောင်ရော၊ ကိုယ့်ရဲ့ ကံ၊ဥာဏ်၊ ၀ီရိယတွေကြောင့်ရော၊ ကိုယ့်ရဲ့ကြိုးစားမှုတွေကြောင့်ရော အားလုံးစုံ အောင်ကြိုးစားနေသင့်တယ်လို့ထင်ပါတယ်’တဲ့။
သူမအဲ့ဒီလို ကြိုးစားတာကြောင့်လည်း ပရိသတ်တွေက သူမရဲ့ဇာတ်ကားတိုင်းကို မှတ်မှတ်ရရရှိကြ တာပါ။ အဲ့ဒါကိုလည်း သူမက ‘ယောကျာ်းကိုရောင်းစားမယ် ကားတုန်းကလဲ နယ်က ပရိသတ်တွေတော်တော်လေးအားပေးကြတယ်။ နောက်ကား ဆိုတဲ့ကားလေး၊ နောက်ပြီး ဟိုနေ့ကမှထွက်ထားတဲ့ကားက ကျွန်တော့ရဲ့ အရွတ်တုံးလေးများဆိုတဲ့ကားလေး၊ အဲဒီကားထဲမှာ အိချောက ယောင်္ကျားလျာလုပ်ထားတာ၊ ကိုယ့်အနု ပညာလောက ထဲက လူတွေအချင်းချင်းတောင် ကြိုက်တယ်လို့ပြောကြတယ်။ အဲလိုမျိုးဆိုတော့ အိချောလဲ ၀မ်းသာတယ်။ ကြိုးစားရကျိုးနပ်တယ်’လို့ပြောပြပေးခဲ့ပါတယ်။
By Trend Myanmar

0 comments:

Post a Comment