Friday, October 4, 2013

၉၁၁ သို့ဖုန်းခေါ်ဆို၍ မိခင်ကိုကယ်တင်သည့် (၃) နှစ်သားကလေးငယ်

Photo: ၉၁၁ သို့ဖုန်းခေါ်ဆို၍ မိခင်ကိုကယ်တင်သည့် (၃) နှစ်သားကလေးငယ်
Friday, October 4, 2013  

မိခင်ဖြစ်သူလေသင်တုန်းဖြတ် ခြင်း ခံစားနေရသည်ကိုတွေ့ရှိရ သဖြင့် ၉၁၁ သို့ခေါ်ဆို၍ မိခင် ဖြစ်သူ၏ အသက်ကိုကယ်တင်ခဲ့ သည့် အရီဇိုးနားပြည်နယ်မှ (၃) နှစ်သားကလေး “ဂိုင်း” သည် အများသူငါ၏ ချီးကျူးမှုကိုခံခဲ့ ရသည်။

စက်တင်ဘာလ (၆)ရက်နေ့ က ဂိုင်း၏မိခင်ဖြစ်သူ အသက် (၃၈) နှစ်အရွယ်ရှိ ကေတီသည် ဂိုင်းနှင့်ကစားနေစဉ်ရုတ်ချည်း လေသင်တုန်းဖြတ် သည့် ဝေဒနာခံစားနေရသည်ကို တွေ့ရှိရသော “ဂိုင်း” က သူသိသောနံပါတ် ဖြစ်သည့်  ၉၁၁ သို့ဖုန်းခေါ်ဆို လိုက်ခြင်းဖြစ်သည်။

မိခင်ဖြစ်သူ ကေတီသတိရ လာသောအခါ မီးသတ်တပ်ဖွဲ့ဝင် များနှင့်ဆေးအကူအညီပေးရေး အဖွဲ့များကိုအိမ်၌ တွေ့ရှိလိုက် သဖြင့် ၎င်းတို့အဘယ်ကြောင့် ရောက်ရှိနေကြောင်း မေးမြန်းခဲ့ရာ ထိုသူများက သူမ၏သားငယ် ခေါ်ဆိုသဖြင့် ရောက်ရှိလာရခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

“ဂိုင်း” သည် ၉၁၁ကို ဖုန်း ခေါ်ဆိုပြီး ဆေးအကူအညီပေးရေး အဖွဲ့များ ရောက်ရှိလာသည်အထိ ဖုန်းကိုကိုင်ထားခဲ့သည်။ ၎င်းပြင် အကူအညီပေးရေးအဖွဲ့များရောက်ရှိ လာသောအခါအနှောင့်အယှက်မ ဖြစ်စေရန်အတွက် နေအိမ်ရှိ ခွေးကိုလည်းလှောင်အိမ်အတွင်း ထည့်သွင်းထားခဲ့သေးသည်။

“ဂိုင်း” က ၉၁၁ သို့ ဖုန်း  ခေါ်ပြီး မိခင်ဖြစ်သူနေမကောင်း ဖြစ်နေကြောင်း၊ တစ်ကိုယ်တုံးတွန့် လိမ်နေကြောင်းပြောကြားခဲ့သည်။  ဂိုင်း၏ မိခင်ဖြစ်သူ ကေတီနှင့် ဖခင်ဖြစ်သူ ဒေ့ဗ် တို့သည် ၉၁၁ သို့ ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍ ဂိုင်းအား များများစားစားပြောဆို ခဲ့ခြင်းမရှိခဲ့ပေ။ သို့ရာတွင် မတ်လ အတွင်းက ဂိုင်းသည် ဟိုက်ဒြိုဂျင် ပါရောက်ဆိုဒ်များ မျိုချခဲ့သဖြင့် ၉၁၁ သို့ဖုန်းခေါ်ဆိုခဲ့ဖူးပြီး အရေး ပေါ်ကိစ္စများအတွက် ၉၁၁ သို့ ဖုန်းခေါ်ဆိုရကြောင်း ပြောကြား ခဲ့ဖူးသည်။

ယခုစက်တင်ဘာလသို့ရောက် သောအခါ မိခင်ဖြစ်သူ၏ အခြေ အနေကိုကြည့်ပြီး အရေးပေါ် ကိစ္စဟု ယူဆကာ ဂိုင်း က ၉၁၁ သို့ ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူမှာလည်းရက်အနည်းငယ် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ ရပြီး ယခုအခါပြန်လည်ကျန်းမာ လာပြီဖြစ်ကြောင်းလည်းသိရှိ ရသည်။          

ဥက္ကာအောင်

The Hot News Weekly.

မိခင်ဖြစ်သူလေသင်တုန်းဖြတ် ခြင်း ခံစားနေရသည်ကိုတွေ့ရှိရ သဖြင့် ၉၁၁ သို့ခေါ်ဆို၍ မိခင် ဖြစ်သူ၏ အသက်ကိုကယ်တင်ခဲ့ သည့် အရီဇိုးနားပြည်နယ်မှ (၃) နှစ်သားကလေး “ဂိုင်း” သည် အများသူငါ၏ ချီးကျူးမှုကိုခံခဲ့ ရသည်။

စက်တင်ဘာလ (၆)ရက်နေ့ က ဂိုင်း၏မိခင်ဖြစ်သူ အသက် (၃၈) နှစ်အရွယ်ရှိ ကေတီသည် ဂိုင်းနှင့်ကစားနေစဉ်ရုတ်ချည်း လေသင်တုန်းဖြတ် သည့် ဝေဒနာခံစားနေရသည်ကို တွေ့ရှိရသော “ဂိုင်း” က သူသိသောနံပါတ် ဖြစ်သည့် ၉၁၁ သို့ဖုန်းခေါ်ဆို လိုက်ခြင်းဖြစ်သည်။

မိခင်ဖြစ်သူ ကေတီသတိရ လာသောအခါ မီးသတ်တပ်ဖွဲ့ဝင် များနှင့်ဆေးအကူအညီပေးရေး အဖွဲ့များကိုအိမ်၌ တွေ့ရှိလိုက် သဖြင့် ၎င်းတို့အဘယ်ကြောင့် ရောက်ရှိနေကြောင်း မေးမြန်းခဲ့ရာ ထိုသူများက သူမ၏သားငယ် ခေါ်ဆိုသဖြင့် ရောက်ရှိလာရခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

“ဂိုင်း” သည် ၉၁၁ကို ဖုန်း ခေါ်ဆိုပြီး ဆေးအကူအညီပေးရေး အဖွဲ့များ ရောက်ရှိလာသည်အထိ ဖုန်းကိုကိုင်ထားခဲ့သည်။ ၎င်းပြင် အကူအညီပေးရေးအဖွဲ့များရောက်ရှိ လာသောအခါအနှောင့်အယှက်မ ဖြစ်စေရန်အတွက် နေအိမ်ရှိ ခွေးကိုလည်းလှောင်အိမ်အတွင်း ထည့်သွင်းထားခဲ့သေးသည်။

“ဂိုင်း” က ၉၁၁ သို့ ဖုန်း ခေါ်ပြီး မိခင်ဖြစ်သူနေမကောင်း ဖြစ်နေကြောင်း၊ တစ်ကိုယ်တုံးတွန့် လိမ်နေကြောင်းပြောကြား ခဲ့သည်။ ဂိုင်း၏ မိခင်ဖြစ်သူ ကေတီနှင့် ဖခင်ဖြစ်သူ ဒေ့ဗ် တို့သည် ၉၁၁ သို့ ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍ ဂိုင်းအား များများစားစားပြောဆို ခဲ့ခြင်းမရှိခဲ့ပေ။ သို့ရာတွင် မတ်လ အတွင်းက ဂိုင်းသည် ဟိုက်ဒြိုဂျင် ပါရောက်ဆိုဒ်များ မျိုချခဲ့သဖြင့် ၉၁၁ သို့ဖုန်းခေါ်ဆိုခဲ့ဖူးပြီး အရေး ပေါ်ကိစ္စများအတွက် ၉၁၁ သို့ ဖုန်းခေါ်ဆိုရကြောင်း ပြောကြား ခဲ့ဖူးသည်။

ယခုစက်တင်ဘာလသို့ရောက် သောအခါ မိခင်ဖြစ်သူ၏ အခြေ အနေကိုကြည့်ပြီး အရေးပေါ် ကိစ္စဟု ယူဆကာ ဂိုင်း က ၉၁၁ သို့ ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူမှာလည်းရက်အနည်းငယ် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ ရပြီး ယခုအခါပြန်လည်ကျန်းမာ လာပြီဖြစ်ကြောင်းလည်းသိရှိ ရသည်။

ဥက္ကာအောင်

The Hot News Weekly.

0 comments:

Post a Comment