ဒီကနေ့ မနက်မှာတော့ ချန်ပီယံလိဂ် အုပ်စု (D) ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်း နှင့် မန်စီးတီး အသင်းတို့၏ ပွဲစဉ်ကို ကျွန်တော်ကြည့်မိ ခဲ့ပါတယ်။ ဘိုင်ယန် အသင်းသည် ကွာဒီယိုလာ လက်ထက်မှာလည်း ကစားကွက်ပိုမို တောက်ပြောင်လာနေပြီး အင်္ဂလန်မြေမှာ ချန်ပီယံခြေစွမ်းကို ပြသသွားနိုင်ခဲ့ တယ်လို့ ဆိုရမှာပါ။ မန်စီးတီး အသင်းကို ရီဘာရီ၊ သောမက် မှုလာ နှင့် ရော်ဘင်တို့၏ သွင်းဂိုးများဖြင့် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ မန်စီးတီး အသင်းကတော့ ပွဲပြီးခါနီး မိနစ် ၈၀ ခန့်လောက်မှ ချေပဂိုး တစ်ဂိုးကို ပြန်သွင်းနိုင်ခဲ့ပါတယ်။ ထိုခြေပဂိုးကိုတော့ တိုက်စစ်မှု နီဂရီဒိုက လှလှပပ ကန်သွင်းယူခဲ့တာပါ။
ဒုတိယ ပိုင်းမှာတော့ ဒေးဗစ် ဆေးဗား လူစားထိုး ၀င်လာပြီးနောက် ကစားကွက် အနည်းငယ် တက်လာပြီး ရော်ဘင် နှင့် စတန်းစထရိုက်ကာ တို့ အသီးသီး လူစားထိုး ကစားပြီးတဲ့ အချိန်မှာမှ ဘိုင်ယန် အသင်းကို အနည်းငယ် ဖိကစားပြီး တိုက်စစ်ဆင်နိုင် ခဲ့တာကို တွေ့ရပါတယ်။ ၈၃ မိနစ်မှာ ဘိုင်ယန် နောက်ခံလူ ဘိုအာတန် တစ်ယောက် ရာရာတိုရေး ဂိုးရှေ့ ပြေးထွက်သွားတာကို နောက်ကနေ လျှောထိုးဖြတ်တာ ကြမ်းခဲ့တဲ့ အတွက် အနီကတ်ထိခဲ့ ပါသည်။ ၁၀ယောက်ကျန် ဘိုင်ယန်ကို အနည်းငယ်ဖိကစား ခဲ့သော်လည်း၊ တိုက်စစ်တွေက ထင်သလောက် ခရီးမရောက် ခဲ့ပါဘူး။ ကစားအားကော တစ်ဦးချင်း အလိုက်ကော Team work ပိုင်းမှာပါ အဖက်ဖက်က ရှုံးနိမ့်ခဲ့ရပြီး၊ ၅ မိနစ်မှာ ရီဘာရီက အဝေးကနေ လှမ်းကန် ထည့်ပြီး သွင်းလိုက်တဲ့ ဂိုး၊ ၅၄ မိနစ်မှာ လူကျွံထောင်ချောက်က ပြေးထွက် လာပြီး ဂိုးသမားကိုပါ လိမ်ခေါက်ပြီး သွင်းခဲ့တဲ့ သောမက်မှုလာ၏ ဂိုး နှင့် နောက် သုံးမိနစ်အကြာမှာ ရော်ဘင်၏ တစ်ကိုယ်တော် ဆွဲထုတ်ကာ ကန်သွင်းခဲ့သည့် ဂိုးများကြောင့် မန်စီးတီးအသင်း ၃ ဂိုးရှုံးခဲ့ရပြီး၊ အိမ်ရှင်အသင်းဖြစ်တဲ့ မန်းစီးတီးအနေနဲ့တာ့ ၇၈ မိနစ်မှာ ဘိုင်ယန်နောက်တန်း ဘိုအာတန်ကို လှည့်ကာ ကန်သွင်းယူခဲ့သည့် နီဂရီဒို၏ ချေပဂိုး သွင်းဂိုးတစ်ဂိုးဘဲ ရယူနိုင်တာကို တွေ့မြင်ခဲ့ရပါသည်။
ဘိုင်ယန်မြူးနစ်သည် ယခု အနိုင်ရလဒ်ကြောင့် ချန်ပီယံလိဂ် ၇ ပွဲဆက် ရှုံးပွဲမရှိ စံချိန်တင်ခဲ့ပြီး၊ အုပ်စု D မှာ ထိပ်ဆုံး ကရပ်တည်နေပြီးတော့ မန်စီးတီး အသင်းကတော့ CSKA မော်စကို အသင်းနှင့် အမှတ်တူ ဂိုးပေါင်း အသာဖြင့် အုပ်စု ဒုတိယနေရာမှ ရပ်တည်နေပါတယ်။ အောက်တိုဘာ၂၂ မှာတော့ ရုရှားမြေမှာ အုပ်စုတက်ရေး အဆုံးဖြတ်ဖြစ်လာမည့် ပွဲစဉ်ကို မန်စီးတီးအသင်း သွားရောက်ယှဉ်ပြိုင် ရတော့မှာပါ။
0 comments:
Post a Comment