ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ “ငါးကျီးခြောက် ကြပ်တင်”လို့၊ “ငါးဖေါင်ရိုးခြောက်” လို့ အခေါ်ခံနေရသူများလို၊ မွေးရာပါ မျိုးဗီဇကိုက ခပ်ပိန်ပိန် သမားများ အတွက်ဆို ပိုခက်မည်။ ငါးမှာတောင် ပိန်ရင် ငါးရာမသွင်းဘူး ထင်ပါရဲ့။
ဝချင်ရင် အရင်ဆုံး ရောဂါဘယတွေ ကင်းနေဘို့ လိုပါတယ်။ သိတဲ့အတိုင်း နာတာရှည် ရောဂါတွေက လူကို ပိန်သွား စေပါတယ်။ TB, HIV-AIDS ကင်ဆာ၊ လည်ပင်ကြီးဟော်မုန်း များနေ သ
ခပ်လွယ်လွယ် သဘောပေါက်အောင်ပြောရရင် ဝချင်ရင် ကြီးကြီးကြံပါလေ။ အိန္ဒိယကို ရောက်ခါစ ဦးမောသီရိ ဆိုတဲ့ စာပေဆုရဘူးသူ မိတ်ဆွေကြီးကပေးတဲ့ အကြံတခုက ဘာလဲဆိုတော့ “တံငါဖြစ်မှတော့ ငါးကြီးကြီးမျှားပါ” တဲ့။ ကြီးကြီးကြံဘို့ရာ တခါစား များများ၊ အကြိမ်လဲ များများ၊ ထမင်းလုပ် ကြီးကြီး၊ ထမင်းပန်းကန်အစား ဇလုံ၊ ဇွန်းဆိုရင် ယောက်ချို သုံးပါ။
ဝချင်ရင် အလေး(ဝိတ်) မ, တာ ငြင်းစရာတော့ မရှိပါ။ များများစားဘို့လောက်တော့ မထိရောက်ပါ။ ပိန်သူတွေရဲ့ ဇီဝကမ္မ ဆိုတဲ့ သက်ရှိတို့ ထုံးစံလုပ်ပေးနေရတဲ့ ဖြစ်စဉ်ကိုယ်၌က မြန်မြန်ကြီး လုပ်နေသူတွေ ဖြစ်လို့ (ကယ်လိုရီ) တွေ ပိုရဘို့ လိုပါတယ်။
GOOD HEALTH
0 comments:
Post a Comment