မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးဖြစ်ပြီး
အခရိုမယ်လီရောဂါ ခံစားနေရသော ကိုဝင်းဇော်ဦးကို အသက် အာမခံ
ထားနိုင်ရန်အတွက် Global world Insurance ကုမ္ပဏီမှ အထွေထွေမန်နေဂျာ
ဦးစိုးဝင်းသန်းက အသက်အာမခံ ငွေသိန်းငါးဆယ် အောက်တိုဘာ ၈ ရက်တွင်
ပေးအပ်သည်။
ငါးနှစ်စာအတွက် အသက်အာမခံငွေဖြစ်ပြီး
တစ်နှစ်လျှင်ဆယ်သိန်းနှုန်းဖြင့် ပေးအပ်ခြင်းဖြစ်သည်။ ယင်း အပြင်
ကိုဝင်းဇော်ဦးအတွက် ထောက်ပံ့လှူဒါန်းမည့် အလှူရှင် ၁၂ ဦးကလည်း တစ်နှစ်
လျှင် ငွေကျပ်လေး သိန်းနှုန်းဖြင့် ၎င်းထံ ပေးအပ်သွားမည်ဟုလည်း ပါမောက္ခ
ဒေါက်တာခင်မောင်ဝင်း (အသည်း)က ပြော သည်။
ကိုဝင်းဇော်ဦးသည် ကြီးထွားဟော်မုန်းအထွက်များသည့် ရောဂါခံစားနေရပြီး စက်တင်ဘာလအတွင်းက စင်ကာပူနိုင်ငံရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင်
ဦးနှောက်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ သည်။ နိုဝင် ဘာ ၁၁ ရက်တွင်
စင်ကာပူနိုင်ငံသို့ထပ်မံသွားရောက်ကာ ကျန်းမာရေးစစ်ဆေးမှုခံယူ မည်ဖြစ်ပြီး
နောက် ပိုင်း၌ ရန်ကုန်တွင် အခြေချနေထိုင်သွားမည်ဖြစ်သည်ဟုလည်း
ကိုဝင်းဇော်ဦးက ဆိုသည်။
“အလုပ်ကြမ်းတွေ မလုပ်နိုင်ဘူး။ အိမ်မှု
ကိစ္စလေးတွေလောက်ပဲ လုပ်ရတယ်။ ရှိတဲ့ယာလေးတွေကို လူ ငှားနဲ့လုပ်ရတယ်။
စင်ကာပူကကျန်းမာရေးစစ်ဆေးပြီး ပြန်လာရင်တော့ ဆရာကြီးစီစဉ်ပေးသလို ဒီမှာ နေ
မှာ ပါ” ဟု ဆိုသည်။
ကိုဝင်းဇော်ဦးကို ရေရှည်ဝင်ငွေရရှိစေရန်အတွက်
ရုပ်သံမီဒီယာများတွင် သရုပ်ဆောင်စေလိုပြီး လက်ရှိတွင် သင်္ကန်းတိုက်တစ်ခုမှ
ကြော်ငြာရိုက်ကူးရန် ကမ်းလှမ်းမှုရှိနေသည်။
Mizzima - News
0 comments:
Post a Comment