လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ပေးလျော်ရမည့် မြေယာ လျော်ကြေးကိစ္စများ မပြီးမချင်း စီမံကိန်းကိုရပ်ဆိုင်းထားရန် လက်ပံတောင်းတောင်အရေး တက်ကြွစွာလှုပ်ရှားခဲ့သူများက တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို တောင်းဆိုခဲ့သည်။
အောက်တိုဘာလ ၅ ရက်နေ့ မုံရွာ တစ်ဖက်ကမ်း ညောင်ပင်ကြီးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်မှ တာဝန် ရှိသူများ၊ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် စီမံကိန်း ဒေသခံ အချို့ တွေ့ဆုံရာတွင် လက်ပံတောင်းတောင်အရေး တက်ကြွစွာ လှုပ်ရှား ခဲ့သူ များက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ “ဒီနေ့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဖြစ်တာက အောက်တိုဘာ ၄ ရက်နေ့က စီမံကိန်းအနီး ကျော်ရွာ နားက လယ်ယာမြေတွေမှာ ခြံစည်းရိုးတွေခတ်လို့ ဒေသခံတွေက ထွက် တားရာ ကနေ အောက်တိုဘာ ၅ ရက်မှာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ဖို့ ညောင်ပင်ကြီးမှာ တွေ့ဖြစ်တာပါ” ဟု လက်ပံတောင်းတောင်အရေး တက်ကြွစွာ လှုပ်ရှားခဲ့သူ မသွဲ့သွဲ့ဝင်းက ဆိုသည်။
လက်ရှိအချိန်တွင် ဝမ်ပေါင်ကုမ္ပဏီမှ မြေညှိသည့် အပိုင်းနှင့် ခြံစည်းရိုး ကာရံခြင်း အပိုင်းများကို ဆောင်ရွက်နေပြီး ခြံစည်းရိုး ကာရံရန် မြေကျင်း တူးချိန်တွင် ဒေသခံများ၏ ကန့်ကွက်ခြင်းကို ခံခဲ့ရကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒေသခံတွေရဲ့ပြောတဲ့အချက်တွေ၊ တောင်းဆိုမှုတွေကို မှတ်သားထား ပါတယ်။ ဒီက တောင်းဆိုတဲ့ အချက်တွေကို သက်ဆိုင်ရာကို တင်ပြပေး သွားမှာပါ” ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စစ်ကိုင်းတိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြေယာလျော်ကြေးကို နောက်ဆုံး ထုတ်ပေး ခဲ့ပြီး ပေးလျော်ရမည့် မြေဧရိယာ တစ်ဝက်ကျော် ၅၁ ဒသမ ၅၈ ရာခိုင်နှုန်းဧကအားဖြင့် ဧကသုံးထောင်ကျော်ကို လျော်ကြေး ထုတ်ပေး ခဲ့ပြီး ဖြစ်ကြောင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မြေ ယာလျော်ကြေး ထုတ်ပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။
The Voice Weekly
0 comments:
Post a Comment