အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာတွင် ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။
သဘာဝ
ဘေးအန္တရာယ်ဟု သတ်မှတ်ထားချက်တွင် ရေကြီးမှုများ၊ မုန်တိုင်းဝင်ရောက်မှုများ၊
မီးလောင် မှု ဖြစ်စဉ်များနှင့် ငလျင်ဒဏ်ခံစားရမှုများ အဓိကပါဝင်ပြီး
ယင်းအခြေအနေတွင် အရှေ့တောင် အာရှ နိုင်ငံ များထဲမှ အင်ဒိုနီးရှားနိုင်ငံမှာ
ပထမနေရာတွင် ရှိနေပြီး မြန်မာနိုင်ငံမှာ ဒုတိယနေရာ သို့ ရောက်ရှိနေသည်။
"သဘာဝ
ဘေးအန္တရာယ် ကျရောက်မှုကို ကမ္ဘာနဲ့ ချီပြီးတော့ စာရင်းပြုစု ထားတာတော့
မရှိသေးဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံ
အင်ဒိုနီးရှားနောက်မှာ ဒုတိယနေရာ ရောက်ရှိနေပါတယ်" ဟု လူမှုဝန်ထမ်း
ကယ်ဆယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံတွင်
၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ကိုးနှစ်တာ ကာလအတွင်း သဘာဝ ဘေးအန္တရာယ်
များကြောင့် သေဆုံးသူ ၁၄၀၀၀၀ နီးပါးထိ ရှိခဲ့ကြောင်း၊ ၂၀၁၂- ၂၀၁၃
ခုနှစ်တွင်လည်း သဘာဝ ဘေး အန္တရာယ် ၄၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့်သူ
၂၃၁၄၅၈၄ ဦး ရှိခဲ့သည်။
ယင်းအတွက် မြန်မာနိုင်ငံမှာ သဘာဝ
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်း
ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ပါရှိချက်အရ ဘေးအန္တရာယ် အများဆုံး ခံစားရသည့်
ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူနှင့် အမျိုးသမီးများကို ဦးစားပေး
ကူညီစောင့်ရှောက်သွားရမည်ဟု ထည့်သွင်းထားကြောင်း သိရသည်။ ယင်းအပြင်
ကြိုတင်ခန့်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များတွင်
ဒေသခံအစိုးရမှာ
စီမံတုံ့ပြန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြီးမားသော သဘာဝ ဘေးအန္တရာယ်
များအတွက် နိုင်ငံတော်အဆင့်မှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း
ကယ်ဆယ်ရေးဌာနမှ သိရသည်။
"အဓိကဖြစ်လာတဲ့ သဘာဝဘေး
အန္တရာယ်ပေါ်မှာမူတည်ပြီး ဒေသခံအစိုးရနဲ့ နိုင်ငံတော်အဆင့်က လုပ်ဆောင် မှုတွေ
ပြုလုပ်သွားမှာပါ။ ရခိုင်မှာဖြစ်မယ့် အနေအထား သဘာဝ ဘေးအန္တရာယ်ဆိုရင် နိုင်
ငံတော် အဆင့်ခေါ်ပြီးဆွေးနွေးတယ်။ ပြီးတော့ ဒုတိယသမ္မတက သွားပြီး ဆောင်ရွက်တယ်။ ဒါပေမဲ့ အသေးအဖွဲ့ ဖြစ်စဉ်တွေဆိုရင် ဒေသခံ အစိုးရက ၀င်ဆောင်ရွက်တယ်" ဟု ဦးသန်းထွဋ်ဆွေက ဆိုသည်။
ယင်းအပြင်
သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို ချက်ချင်း ဖြေရှင်းနိုင်ရန်အတွက်
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော
ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များနှင့် လေ့ကျင့်မှုအစီအစဉ်များ၊ သင်တန်းများ
ပြုလုပ်ပူးပေါင်းလုပ်ဆောင်သွားရန်လိုအပ် မည်ဖြစ်ကြော င်း လူ မှု ၀န်ထမ်း
ကယ်ဆယ်ရေးဝန်ကြီးဌာနမှ သိရသည်။
Eleven Media Group
0 comments:
Post a Comment