အခြေခံဥပဒေကို အသစ်ရေးဆွဲပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လုံးဝဖျက်သိမ်း လိုက်ပါက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ်များပြီး မမျှော်မှန်းနိုင်သည့်
ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအား ပြည်သူများသာ ခံစားကြရမည်ကို သတိပြုဆင်ခြင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အောက်တိုဘာ ၅ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ သတိပေးခဲ့သည်။
ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအား ပြည်သူများသာ ခံစားကြရမည်ကို သတိပြုဆင်ခြင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အောက်တိုဘာ ၅ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ သတိပေးခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် လေ့လာသုံးသပ်၍ ပြောင်း လဲလာသည့် ခေတ်အခြေအနေနှင့်အညီ ပြင်ဆင်သွားရန်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘော ထားပင် ဖြစ်ပါသည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် ပါတီအနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသေးစိတ် အပြန်ပြန် အလှန်လှန် လေ့လာ၍ ပြောင်းလဲနေသော အချိန်အခါနှင့်အညီ ပြင်သင့်ပြင်ထိုက်သော ပုဒ်မများ၊ အကြောင်းအရာများကို ဖော်ထုတ် ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ပြီး ပါတီဝင်များနှင့် ပြည်သူအများသို့ ပွင့်လင်း မြင်သာစွာ တင်ပြသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာရာတွင် (က) ဒီမိုကရေစီ စံနှုန်းများနှင့် ညီ ညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ (ခ) ရှေ့နောက် ညီညွတ်ခြင်းမရှိသော ဆန့်ကျင် ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်များ၊ (ဂ) ပြည်တွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတား ဖြစ်နေသည့် ပြဋ္ဌာန်းချက်များ၊ (ဃ) ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ (င) အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီ မဏ္ဍိုင်ကြီး(သုံး)ရပ်အား တစ်ဖက်စောင်းနင်း ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ (စ) နိုင်ငံသားများ၏ တန်းတူ ညီမျှမှုကို အကာအကွယ် ပေးနိုင်ခြင်းမရှိသည့် ပြဋ္ဌာန်းချက်များ၊ (ဆ) ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတရေးကို ထိခိုက်နေသည့် ပြဋ္ဌာန်းချက်များ စသည်တို့ကို တွေ့ရှိရသည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် တိုင်းရင်းသား ပါတီများ၏ စက်တင်ဘာ ၂၈ ရက် ပူးတွဲ ကြေညာချက်တွင် ဖော်ပြ ထားသည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် တိုင်းရင်းသားပါတီများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး အတွက် ဆွေးနွေး ညှိနှိုင်းခဲ့ရာ တွင် NLD နှင့် တိုင်းရင်းသား ပါတီများ တညီတညွတ် တည်း ဆုံးဖြတ်နိုင်ခြင်းမရှိ၍ ပြည်သူ လူထု၏ ဆန္ဒသဘောထားကို ရယူပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်ဆုံးဖြတ် ခဲ့ကြသည်။ ထိုသို့ ဆောင် ရွက်နိုင်ရန်အတွက်ြီူ နှင့် တိုင်းရင်းသား ပါတီများသည် ပြည်သူ့ ဆန္ဒရယူရန် စီစဉ် လျက်ရှိနေပြီဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် တပ်မတော်အနေနှင့် ရာခိုင်နှုန်း ၁၀၀ ပါဝင်လာစေရန် မျှော်လင့်ကြောင်းနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော် ပါဝင်လာပါက တိုင်းရင်းသားအားလုံးကလည်း ကြိုဆိုကြမှာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားထားသည်။
''၂၀၁၅ မတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်ရတယ်ဆိုတာ အကျပ်အတည်းကနေ ဖောက် ထွက်ဖို့ ပြင်တာဖြစ်တယ်။ ဒါကိုမပြင်နိုင်ရင် အကျပ်အတည်းဖြစ်မယ်။ အကျပ် အတည်း မဖြစ်အောင် ပြင်ရတာဖြစ်တယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများသို့ ပြောကြား ထားသည်။
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။
Eleven Media Group
0 comments:
Post a Comment