Friday, October 4, 2013

အင်္ဂလန်အသင်းတွေ အောင်ပွဲခံခဲ့ကြတဲ့ ယူရိုပါလိဂ် ဒုတိယ အုပ်စုပွဲဉ်များ

ဆွမ်ဆီးအတွက် အနိုင်ဂိုးသွင်းယူနေသော ရောက်လက်ခ်ျ
၂၀၁၃-၁၄ ရာသီ ယူရိုပါလိဂ် အုပ်စု ဒုတိယ ပွဲစဉ်များကို ပြီးခဲ့သည့် ကြာဿပတေးနေ့ညက ယှဉ်ပြိုင် ခဲ့ကြရာ အင်္ဂလန်အသင်းများဖြစ်သည့် စပါး၊ ဆွမ်ဆီး နှင့် ဝီဂန်အသင်းများ အောင်ပွဲခံနိုင်ခဲ့ကြသည်။ ဆွမ်ဆီးအသင်းမှာ အသင်းကစားသမား ရောက်လက်ခ်ျ၏ ၅၂ မိနစ်တွင် သွင်းယူသော တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

စပါးကစားသမားများအောင်ပွဲခံစဉ်
ရုရှားကလပ် အန်ဇီအသင်း၏ အိမ်ကွင်းတွင် သွားရောက်ကစားခဲ့သော စပါးအသင်းမှာမူ ပထမပိုင်းတွင်ပင် တိုက်စစ်မှူးဒီဖိုးနှင့် ချက်ဒလီတို့ သွင်းယူသော ဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ချန်ပီယံရှစ်ကလပ် ဝီဂန်အသင်းမှာလည်း မာရီဘောအသင်းကို အိမ်ကွင်းတွင် ၃-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယင်းအနိုင်ပွဲ များကြောင့် ဆွမ်ဆီးအသင်းမှာ အုပ်စု(A)တွင် ရမှတ် ခြောက်မှတ်ဖြင့် ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ဝီဂန်အသင်းမှာမူ ရမှတ်လေးမှတ်ဖြင့် ဒုတိယနေရတွင် ရပ်တည်နေခဲ့သည်။ စပါးအသင်းမှာလည်း အုပ်စု(K) တွင် ရမှတ်ခြောက်မှတ်ဖြင့် ထိပ်ဆုံးတွက် ဆက်လက် ရပ်တည် နေနိုင်ခဲ့သည်။
စိန့်ဂါလန်အသင်း ပင်နာတီရခဲ့သော်လည်း စပါးဂိုးသမား ကာကွယ်နိုင်ခဲ့သည်
အခြားပွဲစဉ်များတွင် ဆီဗီလာနှင့် ပီအက်စ်ဗီတို့လည်း နိုင်ပွဲများ အသီးသီး ရရှိခဲ့ကြသည်။ လက်ရှိအချိန်ထိ နှစ်ပွဲကစားပြီး ရမှတ်ခြောက်မှတ်အပြည့်ရထားသော အသင်းများမှာ ဆွမ်ဆီး၊ လူဒိုဂိုရက်ဇ်၊ ဆဲလ်ဘတ်၊ ကူဇန်၊ ဖီအိုရင်တီးနား၊ ဖရန့်ဖတ်၊ ဂျန့်၊ ဆီဗီလာ နှင့် စပါးအသင်းတို့ ဖြစ်သည်။


Prev: အာဆင်နယ်နောက်ခံလူ ဆက်ဂ်နာ နှစ်ပတ်ခန့် နားရတော့မည်

0 comments:

Post a Comment