အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီရဲ့ အဆိုအရ
ဓာတုလက်နက်နဲ့ တိုက်ခိုက်ခံခဲ့ရတယ် ဆိုတဲ့ နေရာမှာရှိတဲ့ လူတွေရဲ့
ဆံပင်နဲ့ သွေးတွေကို စမ်းသပ်စစ်ဆေးတဲ့အခါ sarin ဓာတ်တွေ
တွေ့ရှိခဲ့တဲ့ အတွက် ဆီးရီးယားတပ်အနေနဲ့ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့
စွပ်စွဲချက်တွေ တဖြေးဖြေး ပိုမို ခိုင်မာလာနေ တယ်လို့ ဆိုပါတယ်။
အမေရိကန်
သမ္မတ ဘားရက် အိုဘားမားကတော့ ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ
အရေးယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ ကွန်ကရက်လွှတ်တော်ရဲ့
ဆုံးဖြတ်ချက်ကို ရယူသွားမယ်လို့ ကြေညာ ခဲ့ပါတယ်။ ကွန်ကရက်လွှတ်တော်အနေနဲ့
ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူဖို့ သဘောတူ လိမ့်မယ်လို့
မျော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
ဆီးရီးယားနိုင်ငံ
ဒုဝန်ကြီးချုပ်ကတော့ အမေရိကန်သမ္မတအနေနဲ့ ဆုံးဖြတ်ချက်မချနိုင်သလို
ဇဝေဇဝါဖြစ်နေ တဲ့ အခြေအနေ ရှိနေတယ်လို့ ဝေဖန်လိုက်ပါတယ်။
ဆီးရီးယားအတိုက်အခံဖက်ကတော့
အမေရိကန်အနေနဲ့ ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူဖို့
ဖိတ်ခေါ်နေပြီး ဆီးရီးယားသူပုန်တွေကိုလည်း လက်နက်တွေ ပိုမို
ထောက်ပံ့ဖို့ တောင်းဆိုထားပါတယ်။
ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ
အရေးယူသင့် မယူသင့် အမေရိကန်နဲ့ ဗြိတိန်တို့ စဉ်းစားနေချိန် မှာပဲ
ပြင်သစ်နိုင်ငံကတော့ အမေရိကန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီးမှ
အရေးယူသင့် မယူသင့် ဆွေးနွေးမှု စတင်မယ်လို့ ပြင်သစ်နိုင်ငံ အစိုးရက
ပြောလိုက်ပါတယ်။ အီရန်နိုင်ငံနဲ့ လက်ဘနွန် အစိုးရကတော့
ဆီးရီးယားနိုင်ငံကို အမေရိကန် ဝင်ရောက်တိုက်ခိုက်ရင် ဒေသတွင်း
မတည်ငြိမ် မှုတွေ ဖြစ်လာမယ့်အတွက် အီရန်နဲ့ လက်ဘနွန် နိုင်ငံကလည်း
အမေရိကန်အပေါ် တုန့်ပြန်မှု လုပ်သွား မယ်လို့ ပြောဆိုနေပါတယ်။
ဆီးရီးယားသမ္မတကတော့
ဆီးရီးယားအနေနဲ့ ပြည်တွင်းက ရန်မူတိုက်ခံမှုတွေကို ခုခံကာကွယ်နိုင် သလို
ပြည်ပက ရန်မူတိုက်ခိုက်မှုကိုလည်း ခုခံ ကာကွယ်နိုင်တဲ့ အနေအထားမှာ
ရှိတယ်လို့ ပြောနေ ပါတယ်။
တဆက်တည်းမှာပဲ ဆီးရီးယားနိုင်ငံမှာ
ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း တစ်သိန်း တစ်သောင်း
သေဆုံးခဲ့ရပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
ဆီးရီးယားအရေး
လှုပ်ရှားသူတွေ၊ စစ်အတွင်း အလုပ်လုပ်ကိုင်ကြတဲ့ ဆရာဝန်တွေ၊
ရှေ့နေတွေဆီက ရတဲ့ အချက်အလက်ပေါ်မှုတည်ပြီး ပြည်တွင်းစစ်ကြောင့်
လူပေါင်း တစ်သိန်းတစ်သောင်းကျော်ပြီလို့ ခန့်မှန်းတာဖြစ်ကြောင်း
ဗြိတိန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ် အယောက်ပေါင်း ၆၀၀၀ နီးပါးရှိပြီး
လေးသောင်းကျော်ကတော့ အပြစ်မဲ့ ပြည်သူတွေဖြစ် တယ်လို့ ခန့်မှန်းနေပါတယ်။
ABC Radio Australia
0 comments:
Post a Comment