Monday, September 2, 2013

အချစ်ဆိုတာ အဓိကကတော့ သစ္စာရှိဖို့ အရေးကြီးပါတယ်ဆိုသူ ဖွေးဖွေး

လတ်တလောမှာတော့ဖွေးဖွေးကဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ‘ညရေးချညာ’ ဇာတ်ကားကို အောင်ရဲ လင်းနဲ့အတူ ရိုက်ကူးနေပါ တယ်။ နောက်ပိုင်းမှာ ဒရာမာနဲ့ ဟာသဇာတ်လမ်းပုံစံလေးတွေကိုမျှအောင် ရိုက် ဖြစ်နေကြောင်း ပြောတဲ့ဖွေးဖွေးက ဇာတ်ကားတစ်ကား ကောင်း ဖို့အတွက် ဇာတ်ကားထဲမှာပါဝင်တဲ့ အနုပညာရှင် အားလုံးအရေးကြီးေ ကြာင်း ပြောပါတယ်။
“ဇာတ်ကားကောင်းဖို့အတွက် အကုန်လုံးအရေး ကြီးပါတယ်။ ဒါရိုက်တာက အဓိက အရေးကြီးဆုံးပဲ။ ဇာတ်လမ်းတစ်ခုလုံးကို ဒါရိုက်တာ စီစဉ်ညွှန်ကြားတဲ့အတိုင်း ရိုက်ရတာ။ တချို့တွေကျတော့ Edit ပိုင်းပါဝင်ပါရတယ်လေ။

တစ်ခါတလေကျရင်ကိုယ်သရုပ်ဆောင်ကောင်းပေမယ့် တည်းဖြတ် က ကောင်းသင့်သ လောက် မကောင်း တဲ့ သဘောရှိသွားတယ်” လို့ ပြောပါတယ်။လက်ရှိ ရရှိထားတဲ့နေရာလေး ကိုတော့ ကျေနပ်မှု အပိုင်း လည်း ရှိသလို မကျေနပ်သေးတဲ့ အပိုင်းလည်းရှိကြောင်း ဖွေးဖွေး က ပြောပါ တယ်။ “အခု ဖွေးဖွေး က ပုံမှန်ဘဝတစ်ခုကိုတော့ရနေ တယ်။လောလောဆယ်မှာ ဖွေးဖွေးအလုပ်ကို အသစ်အဆန်း တစ်ခု လုပ်ချင်စိတ်ပေါက်နေတယ်။

အနုပညာအလုပ်မှာကျေနပ်တဲ့အပိုင်းလည်းရှိပါတယ်။ဒါပေမဲ့ဖွေးဖွေးမကျေနပ်သေးပါဘူး။ ကြိုးစားရဦးမယ်။ ဖွေးဖွေးတို့လုပ်နေတဲ့အလုပ်က ကံနဲ့လည်းဆိုင်ပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှုနဲ့လည်း ဆိုင်ပါ တယ်။အောင်မြင်မှု ဆိုတာကလည်း တစ်သက်လုံးတည်မြဲမယ့် အရာမဟုတ်ဘူးလေ။ဒါပေမဲ့ အ တတ်နိုင်ဆုံးတော့ထိန်း သိမ်းရမှာပေါ့”လို့ ပြောပါတယ်။

အချစ်ဆိုတာ ထက်မေတ္တာနဲ့ သံယောဇဉ်ကို စိတ်ထဲမှာ ပိုရှိကြောင်းပြောတဲ့ဖွေးဖွေးက အချစ်နဲ့ ပတ်သက်ပြီး “အချစ်ကို တစ်ယောက်နဲ့ တစ်ယောက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း ပုံစံမတူကြဘူး။ တစ် ယောက် တစ်မျိုး စီပါပဲ။ ကိုယ့်ကိုလည်း ချစ်ပြီး ကိုယ်ကလည်းပြန်ချစ်ရမယ်။ အဓိက က တော့ သစ္စာရှိဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။

တွယ်တာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

0 comments:

Post a Comment