၉.၉.၂၀၁၃ရက်နေ့ ၁၅၀၀ အချိန်ခန့်၌ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ Water Front Villa (၃)အိမ်ယာ
ဝင်းအတွင်း အ၀င်လမ်းအတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ် အမှတ်၉ဂ/----၊ အဖြူရောင်ယာဉ်သည် လမ်းသွယ်(၁)ဘက်သို့ ကွေ့ဝင်စဉ် လမ်းလယ်၌ ရှိ နေသော မောင်လေပြေဦး၊ (၂)နှစ်၊ (ဘ)ဦးချစ်ဦးအား ၀င်ရောက်တိုက်မိခဲ့၍ မောင်လေပြေဦးတွင် ၀ဲ ဂျိုစောင်းဘေး စုတ်ပြဲဒဏ်ရာ၊ ယာပါးနှင့် နားထင်ပွန်းပဲ့ဒဏ်ရာ၊ ၀မ်းဗိုက်ယာဘက်ပွန်းပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။ယာဉ်မောင်း(စုံစမ်းဆဲ)မှာယာဉ်အားမောင်းနှင်ထွက်ပြေးသွားသောကြောင့် ၎င်းအားသာကေတနယ်မြေ ရဲစခန်း ယာဉ်(ပ)၂၆/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိရေး ဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
0 comments:
Post a Comment