Thursday, September 19, 2013

ကိုလာအချိုရည်ဖြင့် စွမ်းအင်လည်ပတ်စေမည့်ဖုန်း

ထူးခြားသည့်နည်းပညာမြင့် စမတ်ဖုန်းများကို ကမ္ဘာကျော်မိုဘိုင်း လုပ်ငန်းစုများမှ နေ့စဉ်ဖန်တီး လျက် ရှိရာဈေးကွက်အတွင်းတွင် နည်းပညာ ဆန်းပြားပြီး လျင်မြန်စွာနေရာယူလျက်ရှိနေပါသည်။ ယခုဖော်ပြ မည့်ဖုန်းမှာမူ သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်အသုံးပြုမှုအတွက် လွယ်ကူလျင်မြန် စေပြီး လျှပ်စစ်
စွမ်းအင် အလွယ်တကူမရရှိနိုင်သည့် နေရာဒေသများ အတွက် အထူးအသုံးဝင်စေနိုင်မည့် လက်ကိုင်  ဖုန်း တစ်မျိုးဖြစ်ပါသည်။ အဆိုပါဖုန်းကို Nokia မိုဘိုင်း လုပ်ငန်းစုကြီးမှ ဖန်တီးထုတ်လုပ်ခြင်းဖြစ်ပြီး Daizi Zheng ဆိုသူက ဒီဇိုင်းပိုင်းဆိုင်ရာကို တာဝန်ယူဖန်တီးထား သည်ဟု သိရသည်။ ဇီဝ စွမ်းအင် တစ်မျိုးဖြစ်သည့် သကြားဓာတ်မှ စွမ်းအင်ထုတ်လုပ်ကာ ဖုန်း၏လည်ပတ်မှုစနစ်ကို အလုပ်လုပ်စေနိုင် မည်ဟု နည်းပညာစာမျက်နှာ များတွင် တွေ့ရသည်။ အဆိုပါဖုန်းမှာ ဒီဇိုင်းပိုင်း ထူးခြားမှုနှင့် စွမ်းအင်စနစ်ထူးခြား မှုပါ ပေါင်းစပ်ဖန်တီးထားပြီး စွမ်းအင် လွယ်ကူစွာ ပြန်လည်ပြည့်ဝစေနိုင်ေ သာေ ကြာင့် ဖုန်း၏ ဈေးကွက်မှာ ထူးခြားမှုတစ်မျိုးကြုံတွေ့ရနိုင်ကြောင်း သိရသည်။ ဖုန်းအတွက် မရှိ မဖြစ်လို အပ်သော ဓာတ်ခဲပိုင်းဆိုင်ရာ စွမ်းအင်အတွက် ကိုလာအချိုရည် အသုံးပြု ကာ ပြန်လည်ပြည့်ဝစေနိုင်ကြောင်း သိရသည်။ အဆိုပါဖုန်းကို အချိုရည် ထည့်ရသော ဘူးတစ်ခု သဖွယ် ဖန်တီးထားပြီး အဆိုပါ အချိုရည်မှ ဇီဝစွမ်းအင်သကြားဓာတ်ကို ကာဗွန်ဟိုက်ဒရိတ် လောင်စာအဖြစ် အသုံးပြု ပြီး သကြားဓာတ်ကုန်ဆုံးသွားပါက ရေနှင့်အောက်ဆီ ဂျင်အဖြစ် ကျန်ရှိနေ သည်ဟု သိရသည်။ ၎င်းဖုန်းကို ကိုလာအချိုရည်နှင့်သာမကဘဲ သကြား ဓာတ်ပါဝင်သော မည်သည့် အချိုရည်နှင့်မဆို အသုံးပြု၍ရနိုင်ရန်လည်း ဖန်တီးထားသည်ဟု သိရသည်။ ထို့ကြောင့် အဆိုပါလက်ကိုင်ဖုန်းကို လျှပ်စစ်စွမ်းအင်ရရှိနိုင်မှု ခက်ခဲသောနေရာများတွင် လွယ်ကူလျင်မြန်စွာ စွမ်းအင်ပြန်လည်ပြည့်ဝစေနိုင်မည်ဖြစ်သည်။ သယ်ဆောင်ရလွယ်ကူပြီး ရေနှင့်အောက်ဆီဂျင်ကို လည်း ပြန်လည်ရ ရှိစေနိုင်သောကြောင့် သဘာဝ ပတ်ဝန်းကျင်အတွက် အထူးကောင်းမွန်သော မိုဘိုင်းပစ္စည်းတစ်မျိုးကို ဖန်တီးနိုင်ပြီဖြစ်ကြောင်း အဆိုပါ ဖုန်းဒီဇိုင်းပိုင်းတာဝန်ယူထားသော Daizi Zheng မှ ပရိသတ်များ၏ စာမျက်နှာများတွင် ပြန်လည်ရေးသား ထားခြင်းမျိုးကိုလည်း တွေ့ရှိရသည်။
ALEZ
http://www.moi.gov.mm/npe:zg/news/19/09/2013/id-5984

0 comments:

Post a Comment