Thursday, September 26, 2013

ဥပဒေနှင့်အညီ ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်ရာ၌ ပါဝင်ကျူးလွန်သူများကို တည်ဆဲဥပဒေအရ အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိ

ဇေယျာသီရိမြို့နယ်အတွင်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ နေပြည်တော်   သတင်းစာတိုက် အတွက်   မြေသိမ်းဆည်းခဲ့စဉ်က ပါသွားသော   တောင်သူများနှင့် နစ်နာကြေးပေးလျော်စဉ် ကျန်ရှိခဲ့ သော  တောင်သူများ အား မြေယာ လျော်ကြေးပေးအပ်ရေးအဖွဲ့မှစိစစ်ပြီး နစ်နာကြေးများပေးချေခြင်းကို ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၀ ရက် မွန်းလွဲ ၂ နာရီအထိ  သတင်းစာ တိုက်၌    နစ်နာကြေးပေးချေရန်
ကျန်ရှိသူ   တောင်သူ ၄၁ ဦးနှင့် သက်ဆိုင်သည့် လယ်ယာမြေ ၁၁၇ ဒသမ ၉၉ ဧကအနက် တောင်သူ ၂၇ ဦးသို့  ယာမြေ ၆၀ ဒသမ ၈၀၅ ဧကအတွက်   နစ်နာကြေးငွေကျပ် ၁၅၂ သိန်းကျော်ကို   ထုတ်ပေးခဲ့ပြီး ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)မှ နစ်နာ ကြေးပေးရန် ကျန်ရှိသူတောင်သူ ၂၈ ဦးနှင့်သက်ဆိုင်သည့်  ယာမြေ ၁၁၉ ဒသမ ၃၅ ဧကအနက်  တောင်သူ ငါးဦးသို့ ယာမြေ ၁၆ ဒသမ ၃၅ ဧက အတွက် နစ်နာကြေး ငွေကျပ်သိန်း ၄၀ ကျော်ကို ထုတ်ပေးခဲ့ပြီး ကျန် တောင်သူများကိုလည်း  ဆက်လက် ထုတ်ပေး လျက်ရှိသည်။
ထိုသို့   ဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် တို့တွင် ခေတ်အေးကျေးရွာအုပ်စု အတွင်းရှိ   သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းမှ    သတင်းစာတိုက်ပိုင် အကွက်ကြီးအမှတ် ကြေးတိုင်(၄^၅)၊ ၁၆၆ ဧကခန့်အတွင်းသို့ ဝင်းလှိုင် ဦးဆောင်သည့် တောင်သူ ၂၀ ခန့်က ကျွဲ/နွားထွန်များဖြင့်   ဝင်ရောက် ကျူးကျော်ထွန်ယက်ခြင်း၊ စက်တင် ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဝဲကြီးကျေးရွာမှ ထွန်းထွန်း၊ ဝင်းလှိုင်၊ ဒေါ်ခင်အေးနှင့်   ဒေါ်ဝင်းကြည်တို့ ဦးဆောင်သော အဖွဲ့များက ကျွဲ/နွားထွန်များဖြင့် ဝင်ရောက်ကျူးကျော် ထွန်ယက်ခြင်း၊ ယူကလစ်ပင် ၈၉ ပင်ကို    ခုတ်လှဲဖျက်ဆီးခဲ့ခြင်းတို့ ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် သတင်းနှင့်   စာနယ်ဇင်း လုပ်ငန်း နေပြည်တော် သတင်းစာတိုက်က တရားလိုပြုလုပ်၍  ဝင်းလှိုင်ပါ အမှု တွင် ဆက်စပ်ပါဝင်ကျူးလွန်သူအား လုံးတို့အပေါ်  ရွှေတွင်းကုန်း မြို့မ ရဲစခန်း၌ (ပ)၆၁/၁၃၊ (ပ)၆၂/၁၃၊ (ပ)၁၀၄/၁၃၊ (ပ)၁၀၅/၁၃၊ ပပက ၆(၁)တို့ဖြင့် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ခဲ့သည်။
စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီ ၁၅ မိနစ်တွင် ဇေယျာသီရိမြို့ နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ သည် တာဝန် ချိန်ရဲဝတ်စုံဖြင့် ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ ဆယ်အိမ်မှူး များဖြစ်ကြသော ဦးဝင်းဇော်၊  ဦးစိုးအောင်နှင့် ဦးဌေးဝင်း၊ ရပ်မိရပ်ဖ ဦးဝင်းစိန်နှင့်အတူ အဆိုပါ ပြစ်မှုကျူးလွန်သူများအား  ဝင်ရောက် ဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူ ဇော်လတ် (ဝဲကြီးကျေးရွာ NLD ပါတီ ရပ်/ကျေး စည်းရုံးရေးမှူး)နှင့် မိသားစုများ က “ဓားပြ”၊  “သူခိုး” ဟု အော်ဟစ်ခြင်း၊ “မီး” “မီး” ဟု   အော်ဟစ်ခြင်း၊ ဇော်လတ်၏ဇနီး    မမာသင်းက ဝတ်ဆင် ထားသော ထဘီကိုချွတ်၍ “မုဒိမ်းကျင့်သည်”ဟု    လီဆယ် အော်ဟစ်ခြင်း တို့ကြောင့်  ကျေးရွာ သူ ကျေးရွာသား ၃၀၀ ခန့်တို့က တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင် ပြေးဝင်လာရာ ရဲတပ်ဖွဲ့ခေါင်းဆောင် ဖြစ်သူက   ပြစ်မှုကျူးလွန်သူများအား လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရှင်းပြသော်လည်း ဝဲကြီးကျေး ရွာနေ အောင်ကျော် မိုး၊ စန်းလွင်၊ သက်နိုင်၊ စိုးမြင့်နှင့် ထွန်းလတ်ပါ  ငါးဦးတို့ ဦးဆောင်၍ အကြမ်းဖက်လိုသော ရွာသူရွာသားများက ရဲတပ်ဖွဲ့ဝင် များအား  ဓားဖြင့်ခုတ်၊ တုတ်ဖြင့် ရိုက်နှက်ခဲ့ရာ  တပ်ဖွဲ့ဝင်ခုနစ်ဦးတို့ တွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ ခန္ဓာ ကိုယ်ပြင်းထန်ဒဏ်ရာများ၊ ဖူးရောင် သွေးထွက် နာကျင်ဒဏ်ရာများ ရရှိခဲ့သည်။  ထို့ပြင် ဥပဒေနှင့်အညီ ကျူးလွန်သူများအား   ဖမ်းဆီးရေး ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များကို ကျေးရွာအပြင်သို့ မထွက်နို င်အောင် ဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။
စက်တင်ဘာ ၁၉ ရက် နံနက် ၅ နာရီခွဲခန့်တွင် နေပြည်တော်ကောင်စီ နယ်မြေ ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များသည် အဆိုပါ ဝဲကြီး ကျေးရွာသို့    ထပ်မံဝင်ရောက်၍ ဥပဒေမဲ့ ဆောင်ရွက်ခဲ့သည့် ကျေးရွာ သူ ကျေးရွာသားများက မတရားပိတ် ဆို့ ထိန်းသိမ်းထားသော ရဲတပ်ဖွဲ့ဝင် များနှင့် ဒဏ်ရာရသူ ရဲတပ်ဖွဲ့ဝင်များ ကို    ပြန်လည်ခေါ်ထုတ်ခဲ့သည်။ ထို့နောက် ဒဏ်ရာရရှိသည့် ရဲတပ် ဖွဲ့ဝင်များအား နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီး သို့  ပို့ဆောင်၍ ဆေးဝါး ကုသမှုခံယူစေခဲ့သည်။
အထက်ပါဖြစ်စဉ်တွင်  ရဲတပ်ဖွဲ့ ဝင်များက   ပြစ်မှုကျူးလွန်သူကို ဥပဒေနှင့်အညီ ဖမ်းဆီးရေး ဆောင် ရွက်ခဲ့စဉ် ဥပဒေမဲ့ စွာဖြင့်  တာဝန် ချိန်ဝတ်စုံ ဝတ်ဆင်ထားသော ရဲတပ် ဖွဲ့ဝင်များ   ဖြစ်မှန်းသိလျက် အကြမ်းဖက်လို သူ ကျေးရွာသူ ကျေးရွာ သားများကို  ဦးဆောင်ခဲ့သူများဖြစ် သည့်  အောင်ကျော်မိုး၊ စန်းလွင်၊ သက်နိုင်၊ စိုးမြင့်၊   ထွန်းလတ်နှင့် ဇော်လတ်ပါ   လေးဦးတို့အပေါ် တည်ဆဲဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိစဉ် ၎င်း တို့သည်  ကျေးရွာမှထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ    ထွက်ပြေးတိမ်းရှောင် နေသည့် ဇော်လတ်ပါ ၁၀ ဦးအား တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင် ရန်အတွက် နေပြည်တော်ကောင်စီ နယ်မြေ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ရမိရေး   ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းေ ရးနှင့်  တရား ဥပဒေစိုးမိုးရေးလိုလားသည့် ပြည်သူ များကလည်း ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးရန်  လိုအပ်ကြောင်း သတင်းရရှိသည်။   

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment