လီဗာပူးလ် အမှုဆောင်ချုပ်ဖြစ်သူ အီယန်က ဆွာရက်ဇ်သည် လီဗာပူးလ် အသင်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေ ခဲ့သူ တစ်ဦးဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။
ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် ပွဲစဉ်တွင် ချဲလ်ဆီး နောက်ခံလူ အီဗန်နိုဗစ်အား ကိုက်ခဲ့သည့် အတွက်ကြောင့် ပွဲရှည် ပစ်ဒဏ် ကျခံခဲ့ရသည်။ ဆွာရက်ဇ်သည် အဆိုပါ ပွဲပယ်ပြစ်ဒဏ်မှ မန်ယူနိုက်တက်ဖြင့် ကပ်ပီတယ်ဝမ်း ဖလား မကန်မီ လွတ်မြောက်ခဲ့ပြီး၊ အိုးထရက်ဖို့ဒ်သို့ လာရောက် သည့် ခရီးစဉ်တွင် ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခဲ့သည်။
ပွဲပယ်ပြစ်ဒဏ်မှ ပြန်လာနိုင်ခဲ့ပြီ ဖြစ်သောကြောင့် ပျော်ရွှင်ရသော်လည်း၊ ဆွာရက်ဇ်ကြောင့် အသင်း၏ ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့ရကြောင်း အမှုဆောင်ချုပ်က ၀န်ခံသွားခဲ့သည်။ အီယန်က "ဒီအဖြစ်အပျက်တွေဟာ အသင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်၊ ဒါပေမယ့် အသင်းအထက်မှာ ဘယ်ကစားသမားမှ ရှိမနေပါဘူး၊ တကယ်တော့ ဆွာရက်ဇ်ဟာ နဂိုကတည်းက အငြင်းပွားဖွယ် ပြဿနာတွေ ဖန်တီးတဲ့ အလေ့အထ ရှိတဲ့သူပါ၊ ကျွန်တော်တို့ အနေနဲ့ သူ့ရဲ့ အကျင့်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရပါမယ်" ဟု ပြောကြား လိုက်သည်။
သို့သော်လည်း အီယန်က - "အီဗန်နိုဗစ်နဲ့ ပြဿနာ ဖြစ်ပြီး နောက်ပိုင်းမှာ ဆွာရက်ဇ်ဟာ ကျွန်တော်တို့နဲ့ အတူပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားနေပါတယ်၊ သူ့ရဲ့ အကောင်းဆုံး ပုံစံကိုလည်း ပြန်ရနေပါပြီ၊ ပြိုင်ဘက် နောက်ခံလူတွေကို အိမ်မက်ဆိုးပေးမယ့်သူပါ၊ အသင်းနဲ့ အတူ အနာဂတ်အတွက် အားထုတ်နေတဲ့ ကစားသမားပါ၊ အီဗရာနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာ၊ အီဗန်နိုဗစ်နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေ ကနေ သူ သင်ခန်းစာတွေ ရနေပါပြီ" ဟု ချီးကျူးသွားခဲ့သည်။
Written by အောင်ဇော်လတ်(မိုးနဲ)
FOOTBALL CAFE
0 comments:
Post a Comment