Thursday, September 26, 2013

ရှမ်းပြည်နယ်၌ နှစ်နှစ်ကျော် ကာလအတွင်း ကျပ်သန်းပေါင်း ကိုးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Photo: ရှမ်းပြည်နယ်၌ နှစ်နှစ်ကျော် ကာလအတွင်း ကျပ်သန်းပေါင်း ကိုးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Thursday, September 26, 2013

ရှမ်းပြည်နယ်၌ ပြီးခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း ကျပ်သန်းပေါင်း ကိုးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက သိရသည်။

၂၀၁၁-၂၀၁၂ ဘတ်ဂျက်ကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၁၁၀၁ မှုကို ဖမ်းဆီးခဲ့ပြီး ကျပ်သန်းပေါင်း ၅၇၅၉၃ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၁၂၈၈ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ကျပ်သန်းပေါင်း ၃၂၈၈၄ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်ထိ ၈၁၃ မှုအား ဖမ်းဆီးဖော်ထုတ်ခဲ့ပြီး ကျပ်သန်းပေါင်း ၁၀၇၉၇ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလတွင် အမှုပေါင်း ၃၂၀၂ မှုကို ဖော်ထုတ်ခဲ့ပြီး တရားခံ ၄၃၂၈ ဦးကို ဖမ်းဆီးခဲ့ကာ ကျပ်သန်းပေါင်း ၉၁၅၅၈ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်အတွင်း မူးယစ် (အထူး)တပ်များအဖြစ် တောင်ကြီး၊ လားရှိုး၊ ကွမ်းလုံ၊ မူဆယ်၊ တန့်ယန်း၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် အဖွဲ့ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီး ရရှိမှု ဖြစ်စဉ်အချို့တွင် လက်နက်မျိုးစုံကိုလည်း ပူးတွဲဖော်ထုတ် ဖမ်းဆီးရမိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဖော်ထုတ်ဖမ်းဆီးရမှု ဖြစ်စဉ်များအနက်မှ တစ်ခုမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ကျိုင်းတုံမြို့၊ နောင်နွန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် စိုင်းထွန်း(ခ)ခေါန၊ ကွန်ဟိန်းမြို့နယ်နေသူ မောင်းနှင်လာသော လိုက်ထရပ်ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်မှ လက်နက်မျိုးစုံ ၁၆ လက်၊ ကျည်မျိုးစုံ ၁၉၉၆ တောင့်နှင့် အခြားစပ်ဆက် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Eleven Media Group

၂၀၁၃ခုနှစ်၊  သြဂုတ်လအတွင်း တာချီလိတ် မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာက စစ်ဆေးနေစဉ်

http://www.myanmaronlinenews.net/2013/09/blog-post_949.html
ရှမ်းပြည်နယ်၌ ပြီးခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း ကျပ်သန်းပေါင်း ကိုးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက သိရသည်။

၂၀၁၁-၂၀၁၂ ဘတ်ဂျက်ကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၁၁၀၁ မှုကို ဖမ်းဆီးခဲ့ပြီး ကျပ်သန်းပေါင်း ၅၇၅၉၃ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၁၂၈၈ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ကျပ်သန်းပေါင်း ၃၂၈၈၄ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်ထိ ၈၁၃ မှုအား ဖမ်းဆီးဖော်ထုတ်ခဲ့ပြီး ကျပ်သန်းပေါင်း ၁၀၇၉၇ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလတွင် အမှုပေါင်း ၃၂၀၂ မှုကို ဖော်ထုတ်ခဲ့ပြီး တရားခံ ၄၃၂၈ ဦးကို ဖမ်းဆီးခဲ့ကာ ကျပ်သန်းပေါင်း ၉၁၅၅၈ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်အတွင်း မူးယစ် (အထူး)တပ် များအဖြစ် တောင်ကြီး၊ လားရှိုး၊ ကွမ်းလုံ၊ မူဆယ်၊ တန့်ယန်း၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် အဖွဲ့ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီး ရရှိမှု ဖြစ်စဉ်အချို့တွင် လက်နက်မျိုးစုံကိုလည်း ပူးတွဲဖော်ထုတ် ဖမ်းဆီးရမိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဖော်ထုတ်ဖမ်းဆီးရမှု ဖြစ်စဉ်များအနက်မှ တစ်ခုမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ကျိုင်းတုံမြို့၊ နောင်နွန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် စိုင်းထွန်း(ခ)ခေါန၊ ကွန်ဟိန်းမြို့နယ်နေသူ မောင်းနှင်လာသော လိုက်ထရပ်ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်မှ လက်နက်မျိုးစုံ ၁၆ လက်၊ ကျည်မျိုးစုံ ၁၉၉၆ တောင့်နှင့် အခြားစပ်ဆက် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Eleven Media Group

၂၀၁၃ခုနှစ်၊ သြဂုတ်လအတွင်း တာချီလိတ် မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာက စစ်ဆေးနေစဉ်

0 comments:

Post a Comment