Saturday, September 7, 2013

ဩဂုတ်လအတွင်း မန္တလေး - မူဆယ် လမ်းတွင် ကျပ်သိန်း ၂၀၀၀၀ ခန့် တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါး နှင့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

Photo: ဩဂုတ်လအတွင်း မန္တလေး - မူဆယ် လမ်းတွင် ကျပ်သိန်း ၂၀၀၀၀ ခန့် တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါး နှင့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ
Saturday, September 7, 2013

ပြီးခဲ့သည့်  ဩဂုတ်တစ်လအတွင်း မန္တလေး-မူဆယ်ကုန်သွယ်ရေး လမ်းကြောင်း ပေါ်မှ ကျပ်သိန်းပေါင်း ၂၀၀၀၀ ခန့် တန်ဖိုးရှိတရားမဝင် မူးယစ် ဆေးဝါးနှင့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း အကောက် ခွန် ဦးစီးဌာနမှ သိရသည်။ ဩဂုတ်လအတွင်း မူးယစ် ဆေးဝါး ၂၆ ထုပ်ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်နှင့် ကျောက်စိမ်း တုံးဖမ်းဆီးရမိသည့် စုစုပေါင်းအမှု ရှစ်မှုမှ ကျပ်သိန်းပေါင်း ၄၀၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''အခုရက် ပိုင်းအတွင်းမှာ မူဆယ်-မန္တလေး လမ်းကြောင်းက တရားမဝင်မူး ယစ်ဆေးဝါးနဲ့ ကျောက် စိမ်းတွေ ဖမ်းဆီးရမိတာကတော့ ဆက်တိုက် ဖြစ်နေတယ်''ဟု ပြောသည်။ ယင်းအပြင် ယခုလ ပထမ တစ်ပတ် အတွင်း အဆိုပါ မန္တလေး-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ်မှ ကျောက်စိမ်းတုံး ၅၃၈ ကီ လိုဂရမ်ကို ထပ်မံဖမ်းဆီးရမိ ကြောင်းသိရသည်။ ယင်းဖမ်းဆီးရမိမှုများမှာ မန္တလေး ၁၆ မိုင်ဂိတ်နှင့် ပြင်ဦးလွင် ၁၀၅ မိုင်ဂိတ် စခန်း တို့တွင် ကိုယ် ပိုင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များပေါ်မှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာနမှသိရသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများမှ တစ်ဆင့် တရားမဝင်ကုန်ပစ္စည်းတင်သွင်း မှုများပပျောက်စေရန်အတွက် တ ရားမဝင်ကုန်သွယ်မှုတားဆီးထိန်း ချုပ်ရေးဗဟိုကော်မတီနှင့် အ ကောက်ခွန်ဦးစီးဌာနတို့မှ စစ်ဆေး လျက်ရှိကြောင်းသိရသည်။

ဖြိုးလွင်အောင်
Yangon Media Group
ပြီးခဲ့သည့် ဩဂုတ်တစ်လအတွင်း မန္တလေး-မူဆယ်ကုန်သွယ်ရေး လမ်းကြောင်း ပေါ်မှ ကျပ်သိန်းပေါင်း ၂၀၀၀၀ ခန့် တန်ဖိုးရှိတရားမဝင် မူးယစ် ဆေးဝါးနှင့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း အကောက် ခွန် ဦးစီးဌာနမှ သိရသည်။ ဩဂုတ်လအတွင်း မူးယစ် ဆေးဝါး ၂၆ ထုပ်ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်နှင့် ကျောက်စိမ်း တုံးဖမ်းဆီးရမိသည့် စုစုပေါင်းအမှု ရှစ်မှုမှ ကျပ်သိန်းပေါင်း ၄၀၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''အခုရက် ပိုင်းအတွင်းမှာ မူဆယ်-မန္တလေး လမ်းကြောင်းက တရားမဝင်မူး ယစ်ဆေးဝါးနဲ့ ကျောက် စိမ်းတွေ ဖမ်းဆီးရမိတာကတော့ ဆက်တိုက် ဖြစ်နေတယ်''ဟု ပြောသည်။ ယင်းအပြင် ယခုလ ပထမ တစ်ပတ် အတွင်း အဆိုပါ မန္တလေး-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ်မှ ကျောက်စိမ်းတုံး ၅၃၈ ကီ လိုဂရမ်ကို ထပ်မံဖမ်းဆီးရမိ ကြောင်းသိရသည်။ ယင်းဖမ်းဆီးရမိမှုများမှာ မန္တလေး ၁၆ မိုင်ဂိတ်နှင့် ပြင်ဦးလွင် ၁၀၅ မိုင်ဂိတ် စခန်း တို့တွင် ကိုယ် ပိုင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များပေါ်မှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာနမှသိရသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများမှ တစ်ဆင့် တရားမဝင်ကုန်ပစ္စည်းတင်သွင်း မှုများပပျောက်စေရန်အတွက် တ ရားမဝင်ကုန်သွယ်မှုတားဆီးထိန်း ချုပ်ရေးဗဟိုကော်မတီနှင့် အ ကောက်ခွန် ဦးစီး ဌာနတို့မှ စစ်ဆေး လျက်ရှိကြောင်းသိရသည်။

ဖြိုးလွင်အောင်
Yangon Media Group

0 comments:

Post a Comment