Friday, September 20, 2013

ထိုင်းနဲ့မြန်မာ နယ်စပ်လုံခြုံရေး ပူးတွဲလုပ်ဖို့ သဘောတူ


မန်မာနဲ့ ထိုင်း ၂ နိုင်ငံ စစ်ဖက်ဆိုင်ရာ အဆင့်မြင့် အကြီးအကဲတွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေး မှုပြု လုပ်ခဲ့ကြပြီ ၂နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးကိစ္စ ပူးတွဲလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဖက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းနိုင်ငံဖက်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တန်နာဆပ် ပါတီ မာပရာဂွန် (Tanasak Patimapragorn) ဦးဆောင်ပြီး စက်တင်ဘာလ ၁၆ရက်နေ့ကနေ ၁၈ရက်နေ့အထိ ၂နှစ်နိုင်ငံ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မနေ့က နောက်ဆုံး ဆွေးနွေးမှုမှာ နယ်စပ်လုံခြုံရေးကိစ္စ ပူးတွဲလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာဖော်ပြထားပါတယ်။ နယ်စပ်လုံခြုံရေး ကိစ္စတွေထဲမှာ ၂နှစ်နိုင်ငံ နယ်စပ် မူးယစ်ဆေးဝါးမှောင်ခို ကုန်ကူးမှု၊ လူကုန်ကူးမှုနဲ့ လက်နက်မှောင်ခို ကုန်ကူးမှုတွေ အပါအ၀င် တခြား တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုတွေလည်းပါဝင် တယ် လို့ ဆိုပါတယ်။

လာမယ့်နှစ် ၂နှစ်နိုင်ငံ အဆင့်မြင့် စစ်ဖက်ဆိုင်ရာအစည်းအဝေးကိုတော့ မြန်မာနိုင်ငံမှာ ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ABC

0 comments:

Post a Comment