Thursday, September 12, 2013

ဒေါ်လာ သုံးသိန်းတန် ရတနာများအား တွေ့ရှိသည့်မိသားစု

ဖလော်ရီဒါပြည်နယ်မှ ရတနာပစ္စည်းများရှာဖွေသူ မိသားစုသည်လွန်ခဲ့သော သီတင်း ပတ်ကုန် ကဒေါ်လာ သုံးသိန်းခန့် တန်ဖိုးရှိသော ရွှေထည်ပစ္စည်း များအား သင်္ဘောပျက်တစ်ခု အတွင်းမှရှာဖွေတွေ့ရှိခဲ့ကြသည်။

ရစ်ခ်နှင့်လီစာရှမစ်၊ ၎င်းတို့ ၏အရွယ်ရောက်ပြီးသောသားများ ဖြစ်ကြသည့်ဟီလာရီ နှင့် အဲရစ် တို့သည် ၁၇၁၅ ခုနှစ်က ကျူဘား နိုင်ငံဟားဗားနားမြို့မှစပိန်နိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်တွင် ဖလော်ရီဒါ ကမ်းခြေ၌ ဟာရီကိန်း မုန်တိုင်းဒဏ်ကြောင့် နစ်မြှုပ်ခဲ့ သည့်သင်္ဘော ၁၁ စီးတွင်အပါ အ၀င်ဖြစ်ခဲ့သော သင်္ဘောတစ်စီး မှ ရွှေဆွဲကြိုးများနှင့်ရွှေဒင်္ဂါးများ ကို တွေ့ရှိခဲ့ကြရခြင်းဖြစ်သည်။

ထိုသင်္ဘောများပေါ်တွင် ဒေါ်လာသန်း ၄၀၀ ဖိုးရတနာ များပါရှိသွားခဲ့ပြီး ယခုချိန်အထိ ဒေါ်လာ ၁၇၅ သန်းဖိုးပြန်လည် ဆယ်ယူရရှိခဲ့ပြီးဖြစ်သည်။
ရှမစ်မိသားစုသည် ရတနာ ပစ္စည်းများအား နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြပြီး အဲရစ်ရှမစ်သည် ၎င်း၏ အထက်တန်းကျောင်းသား ဘ၀ ၂၀၀၂ ခုနှစ်က ငွေထည် ပစ္စည်းဒေါ်လာနှစ်သောင်းခွဲ ဖိုးခန့်ရှာဖွေတွေ့ ရှိခဲ့သည်။
အမေရိကန်နှင့် ဖလော်ရီဒါ ပြည်နယ် ဥပဒေအရ တွေ့ရှိရ သော ရတနာပစ္စည်းများအား ဖလော်ရီဒါပြည်နယ်တောင်ပိုင်း ရှိ ခရိုင်တရားရုံး၌ထိန်းသိမ်းထား မည်ဖြစ်ပြီး ပစ္စည်း၏ ၂၀%အား ပြည်နယ်ပြတိုက်တွင်ပြသထားရှိ ကာ ကျန်ပစ္စည်းများအား ပစ္စည်းရှာဖွေတွေ့ရှိသူနှင့် ကန်ထရိုက်ပေးသည့် ကုမ္ပဏီတို့ က ခွဲဝေယူကြရမည်ဖြစ်သည်။

Hot News

0 comments:

Post a Comment