Thursday, September 26, 2013

ဘိုင်ယန်နှင့် အကြိုသဘောတူ စာချုပ်ချုပ်မည်ဟု လီဝန်ဒေါစကီး ၀န်ခံ

ဒေါ့မွန်တိုက်စစ်မှူး လီဝန်ဒေါစကီးက လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့
ကာလတွင် ဘိုင်ယန်နှင့် အကြိုသဘောတူ စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ယခုရာသီအကုန်တွင် ဘိုင်ယန်သို့ ပြောင်းရွှေ့မည်ဟု အတည်ပြုသွားခဲ့သည်။ လီဝန်ဒေါစကီးမှာ ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလကတည်းက ဘိုင်ယန်သို့ ပြောင်းရွှေ့ခွင့်ပြုရန်
တောင်းဆိုခဲ့ပြီး ၎င်းတို့၏ အဓိက ကစားသမားကို အခါးသီးဆုံး ပြိုင်ဘက်အသင်းထံ မရောင်းချလိုသောကြောင့် ၎င်း၏ ကမ်းလှမ်းမှုကို ဒေါ့မွန်က ပယ်ချခဲ့သည်။

သို့သော် ဒေါ့မွန်နှင့် လီဝန်ဒေါစကီးတို့ ချုပ်ဆိုထားသော စာချုပ်မှာ ယခုရာသီ
အကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းအတွက်ကြောင့် ဘိုင်ယန်အနေဖြင့် လီဝန်ဒေါစကီးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်
ခေါ်ယူနိုင်မည်ဖြစ်သည်။ အပြောင်းအရွှေ့နှင့် ပတ်သက်၍ စပေါ့ဝမ်းက လီဝန်ဒေါစကီးကို မေးမြန်းခဲ့ရာတွင် “ဟုတ်ပါတယ်။ အခုဆိုရင် ကျွန်တော် ဘိုင်ယန်နဲ့ စာချုပ်ချုပ်ဆိုနိုင်တော့မှာပါ”ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။ လီဝန်ဒေါစကီးမှာ ၂၀၁၀ခုနှစ်တွင် ပိုလန်ကလပ် ပေါ့ဇ်နန်မှ ဒေါ့မွန်သို့
ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၁၀၃ပွဲ ကစားခဲ့ရာတွင် ၅၈ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ကာ ယခုရာသီတွင် ဒေါ့မွန်အတွက် ဘွန်ဒက်စ်လီဂါပွဲ(၅)ပွဲ ကစားခဲ့ရာ၌ (၄)ဂိုး သွင်းယူပေးနိုင်သည်။
http://yoyarlay.com/sport/football/38120-2013-09-25-17-49-30
ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment