အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား အများစုမှာ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များနှင့် ပတ်သက်သူများ ဖြစ်သည်ဟု
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော် မတီဝင် ဦးရဲအောင်က သြဂုတ် ၃၀
ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အဆိုပါကော်မတီ အစည်းအဝေး အပြီးတွင်
သတင်းထောက်များကို ပြောကြားသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့်
ပြစ်ဒဏ်ချခံထားရသည့် အကျဉ်းသားများ စာရင်းအား အကျဉ်းဦးစီးဌာနမှ
တောင်းယူထားကြောင်းနှင့် သြဂုတ် ၃၀ ရက်တွင် ကျင်းပခဲ့သည့် စိစစ်ရေးကော်မတီ
အစည်းအဝေးတွင် ပုဒ်မ ၁၇ (၁)နှင့် ပြစ်ဒဏ်ချခံရသူများနှင့် ပတ်သက်ပြီး
ဆွေးနွေးခဲ့ကြောင်း သိရသည်။
"၁၇ (၁)ချည်း သက်သက်ဆိုရင် တခြားပုဒ်မ မပါတဲ့ အရေအတွက်က ၅၀ အောက်မှာပဲ
ရှိတယ်။ ကျွန်တော်တို့ အတိအကျပြောဖို့တောင်းတော့ တောင်းထားတယ်ဆိုပေမယ့်
စာရင်းကျွန်တော်တို့ဆီကို တရားဝင် ပို့သေးတာ မဟုတ်ဘူး။ ဒီမှာပဲ
ဆွေးနွေးတာဖြစ်တဲ့ အတွက်ကြောင့် ရာဂဏန်း မရှိပါဘူး။ ဒီဇင်ဘာမှာ ဇီးရိုး
Level ဖြစ်အောင် ဦးတည်ချက်ထဲဝင်အောင် ဆက်ပြီးတော့ အသေးစိတ်
ဘယ်လို စိစစ်ကြမလဲ ဆိုတာကို ဆွေးနွေးကြပါတယ်" ဟု ၎င်းကဆိုသည်။
Eleven
0 comments:
Post a Comment