Wednesday, August 28, 2013

SSA (ရွက်ဆစ်) ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး အလင်းဝင်ရောက်

SSA (ရွက်ဆစ်) ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး အလင်းဝင်ရောက် ..........
SSA (ရွက်ဆစ်) ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ အိုက်အွန်ခမ်းသည် သြဂုတ် ၂၆ရက် မွန်းလွဲပိုင်းက မိုင်း ယောင်း မြို့နယ် နယ်မြေခံ တပ်မတော် စစ်ကြောင်းသို့ လက်နက်မဲ့ အလင်းဝင် ရောက်လာခဲ့ရာ တပ်မတော်မှ လိုအပ် သည်များ ကူညီဖြည့်ဆည်း ပေးခဲ့သည်။

၎င်းသည် ၂ဝ၁၂ ခုနှစ် မေ ၁၇ ရက် SSA (ရွက်ဆစ်) ခွဲထွက် အဖွဲ့၏ ဖမ်းဆီးခြင်း ခံရသူဖြစ်ပြီး ၂ဝ၁၃ ခုနှစ် မတ် ၂၁ ရက်က မိုင်းဖန်စခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကာ မိုင်းဝရွာတွင် ပုန်းအောင်း နေထိုင်ခဲ့ ရာမှ ယခုကဲ့သို့ အလင်းဝင် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် သြဂုတ်လ အတွင်း အဆိုပါ SSA (ရွက်ဆစ်) ခွဲထွက် အဖွဲ့မှ အင်အား ၂၆ ဦး လက်နက်မဲ့ အလင်းဝင် ရောက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ

0 comments:

Post a Comment