တာချီလိတ် မြို့နယ် နယ်မြေခံတပ်ရင်းနှင့် မူးယစ်(အထူး)အဖွဲ့ မှရဲအုပ် ကျော်သူ ဦးစီးပူးပေါင်းအဖွဲ့သည်
အလားတူ ပူးပေါင်းအဖွဲ့သည် ညနေ ၆နာရီတွင် ယာဉ်မောင်း အိုက်မိန်း မောင်းနှင်လာသော ယာဉ် အမှတ်၊ ၄ဂ/………… (Tiger Hilux) အမျိုးအစား ခဲရောင်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်း ဈေးကုန်ပစ္စည်းများအတွင်းမှ ဂျပ်ဖာတစ်ဖာလျှင် အပြာရောင် ၂၅ဘူးပါရှိပြီး တစ်ဘူးလျှင် အဖြူ ရောင် ပလတ်စတစ် အိတ်ဖြင့် ထည့်လျက် အက်ဖီတမင်းဟုယူဆရသော အဖြူရောင်အမှုန့် တစ်ထုပ်လျှင် ဝ ဒသမ ၅ ကီလိုဂရမ်ခန့် စီပါရှိသည့် ဂျပ်ဖာ လေးဖာ၊ စုစုပေါင်း ၁ဝဝ ထုပ် ၅ဝ ကီလိုဂရမ် ခန့်၊ ကာလတန်ဖိုး ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၂ဝဝနှုန်းဖြင့် ကျပ် ၁ဝဝဝဝ သိန်းခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
မူးယစ် ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိ တရားခံ ယောင်ခကျေးရွာ၊ မိုင်းဆတ်မြို့နယ်နေ ကျထော (ခ) အိုက်ထွန်း (၄၅)နှစ်၊ (ဘ)ဦးအိုက်ဆန်းအား တာချီလိတ် ရဲစခန်းမှ မယ(ပ) ၁ဝ၁/ ၂ဝ၁၃၊ မူး/စိတ် ပုဒ်မ၁၅/ ၁၉ (က)အရ လည်းကောင်း၊ အိုက်မိန်း(၃၃)နှစ်၊ (ဘ) ဦးအိုက်ကပ်အား တာချီလိတ် ရဲစခန်းမှ မယ(ပ) ၁ဝ၂/ ၂ဝ၁၃၊ မူး/ စိတ် ပုဒ်မ ၁၅/ ၁၉(က)အရ လည်းကောင်း အမှုဖွင့်အရေးယူထားပြီး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ
0 comments:
Post a Comment