မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား လေကြောင်းကုန်စည် ထောက် ပံ့ပို့ဆောင်ရေး ဆုံရပ်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရန် ဂျပန်နိုင်ငံမှ Mitsubishi -Jalux Inc ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီး အရန်ကုမ္ပဏီ အဖြစ် ပြင်သစ်နိုင်ငံမှ VINCI Airport ကုမ္ပဏီအား ရွေးချယ်ခဲ့ကြောင်း သိရသည်။
လေကြောင်းကုန်စည် ပို့ဆောင်ရေး လုပ်ငန်းတွင် ကုန်တင်လေယာဉ်ကြီး များ တိုက်ရိုက်ဆင်းသက် ကာ လေကြောင်းကုန်စည် ထောက်ပံ့ရေး ဆုံရပ်တစ်ခုအဖြစ် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
"အခုနောက်ဆုံးအဆင့် တင်ဒါရွေးချယ်ခံရတဲ့ Mitsubishi-Jalux Inc ကုမ္ပဏီက စီးပွားရေးအရ အချက် အချာကျတဲ့ မန္တလေးလေဆိပ်ကနေ ပြည်ပနိုင်ငံတွေ ကို လေကြောင်းကုန်စည်တွေ တိုက်ရိုက်တင်ပို့ နိုင် တဲ့ လေဆိပ်ကြီးတစ်ခုဖြစ်အောင် တည်ဆောက်သွားရမှာပါ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မန္တလေးလေဆိပ်အား အဆင့်မြှင့်တင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီမျာအား တင်ဒါခေါ်ယူခဲ့ပြီး ပထမ အဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီခုနစ်ခုအနက်မှ နောက်ဆုံးအဆင့် တင်ဒါရွေးချယ်ရေးအဖွဲ့မှ ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။
တင်ဒါပထမအဆင့်တွင် လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး Master Plan၊ ခရီးသည်များအတွက် လေဆိပ် ၀န်ဆောင်မှု လုပ်ငန်း များ၊ လေဆိပ် အဆောက်ဦ အတွင်းနှင့်အပြင် ၀န်ဆောင်မှု လုပ်ငန်းများ၊ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းနှင့် Master Plan တွင် ထည့်သွင်းရေးဆွဲ ထားချက်အရ အနာဂတ်တွင် လိုအပ် သည့် လေဆိပ်အဆောက်အုံ တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားသည့်နေရာ တိုးချဲ့ခြင်းများ ပါဝင်သည့် လုပ်ငန်းစဉ် ရှစ်ချက်အား ထည့်သွင်းခေါ်ယူခဲ့ခြင်း ဖြစ်သည်။
Eleven Media Group
0 comments:
Post a Comment