
ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို မသိနားမလည်သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရှေးဟောင်းသုတေသနဦးစီးဌာနက ထိန်းသိမ်းဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရ သည်။
ယင်းကဲ့သို့ ထိန်းသိမ်းရာတွင် ခေမင်္ဂဘုရားအနီး ဘုရားအမှတ် ၁၈၄၄ ရှိ အဝတ်စပန်းချီ များပျောက် ကွယ်မည် စိုး၍ရှေး ဟောင်းသုတေသနမှသော့ခတ် ထိန်းသိမ်းထားကြောင်း သိရသည်။
''အချို့က
ရှေးဟောင်းနံရံ ပန်းချီတွေပေါ်မှာ ခြစ်ရာ၊ ဆွဲရာ တွေနဲ့ စာသားတွေ
ရေးကြထွင်း ကြတယ်။ အဲဒီလိုမျိုးလုပ်တာများ တော့ အခုဆို ရှေးဟောင်းသုတေ သနက
လက်လှမ်းမီသလောက် သံဆန်ခါတွေ ကာထားတာမျိုး၊ သော့ခတ်ထိန်းသိမ်းထားတာတွေ
လုပ်ထားပါတယ်။ အဝတ်စပန်းချီ ကိုလဲ လာဆွဲကြည့်တာမျိုးတွေ လုပ်လို့
အဘွားကိုယ်တိုင်သော့ခတ် ပြီး စောင့်နေပါတယ်''ဟု ပုဂံ ခေမင်္ဂ ဘုရားဝင်း
အတွင်း စောင့်ရှောက် နေသူ ရှေးဟောင်းသုတေသနဝန် ထမ်း ဒေါ်သန်းယဉ်က ပြောသည်။
အဆိုပါဒေသရှိ
ဘုရားအချို့တွင် ရှေးဟောင်းသုတေသန ဦးစီးဌာနမှ အကာအကွယ်များ ဆောင်
ရွက်ပေးနေပြီး အချို့ဘု ရားစေတီများရှိ နံရံပန်းချီလက်ရာများအား
ကာကွယ်ပေးခြင်းအပြင် သဘာဝ အန္တရာယ်များကြောင့် ပျက်စီးယိုယွင်းခြင်းမှ
ထိန်းသိမ်းကာကွယ်ပေးရန်လိုအပ်ကြောင်း သိရသည်။
''အခုအချိန်မှာ
ရှေးဟောင်း သုတေသနဦးစီးဌာနက ပုဂံရှေး ဟောင်းနံရံ ပန်းချီတွေကို ကာပေးတဲ့
သံဆန်ခါတွေလဲ ဆောင်ရွက် ပေးထားတယ်။ ဓမ္မရံကြီးဘုရားနားမှာ
ယာဉ်ရပ်နားရန်နေရာပြ သင်္ကေတတွေကိုလဲ ပြသထားပါတယ်။
အဲဒီလိုမျိုးဆောင်ရွက်ပေးတာအပြင် အခုမိုးရာသီ ဆိုတော့ ညောင်
ပင်တွေပေါက်လာပြီ။ ဘု ရားကို ဖျက်တာ ညောင်ပင်ပါ။ပြီးတော့ မိုးယိုလို့
ပျက်စီးတော့ မယ့် အုတ်ခွက်ရုပ်ကြွလက်ရာတွေကိုလဲ ထိန်းသိမ်းသင့်ပါတယ်''ဟု
ယင်းဒေသသို့ရောက်ရှိ ခဲ့သော ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးက ပြောသည်။
အဆိုပါအဝတ်စပန်းချီမှာ
ပုဂံခေတ်နှောင်းပိုင်းလက်ရာဖြစ် ပြီး ၁၈၉၉ ခုနှစ်တွင် ယင်းလက် ရာအချို့အား
ဒိုင်း၊ လွှများဖြင့်ခွာ ယူခံခဲ့ရကြောင်း၊ ယင်းအဝတ်စ ပန်းချီလက်ရာမှာ
ရှားပါးသော ပုဂံခေတ်နှောင်းပိုင်း လက်ရာဖြစ် ပြီး ဗုဒ္ဓဝင်ဇာတ်တော်များ၊
မြန်မာ့ရိုးရာ ပန်းကနုတ်များကို ရေးဆွဲထားကြောင်း သိရသည်။
Yangon Media Group
0 comments:
Post a Comment