ခြောက်ရက်အတွင်း တတိယအကြိမ်အဖြစ် ဝန်ကြီးများ ပြောင်းလဲခန့်အပ်တာဝန်ပေးမှုအဖြစ် သြဂုတ်လ ၁၃ ရက်တွင် ဒုဝန်ကြီးများကို သမ္မတ ဦးသိန်းစိန်က ခန့်အပ်တာဝန်ပေးလိုက်သည်။
ဝန်ကြီးများ ပြောင်းလဲခြင်း၊ ခန့်အပ်တာဝန်ပေးခြင်းတို့ကို သြဂုတ်လ ၇ ရက်၊ သြဂုတ်လ ၉ ရက် တို့တွင် ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၁၃ ရက်တွင် ခြောက်ရက်အတွင်း တတိယအကြိမ်အဖြစ် ထပ်မံပြု လုပ်လိုက်ခြင်းဖြစ်သည်။
သြဂုတ်လ ၁၃ ရက် ဒုဝန်ကြီးများ ခန့်အပ်မှုတွင် ဦးတင်ဦးလွင်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ဒေါက်တာမြတ်ဦးကို မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌ
အနီးစပ်ဆုံး ဝန်ကြီးပြောင်းလဲမှုပြုလုပ်ခြင်း
သြဂုတ်လ ၇ ရက် ဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးမှုတွင် ဦးဇင်ယော်ကို ပို့ဆောင်ရေးဒုဝန်ကြီး၊ ဦးမြင့်ဇော်ကို စွမ်းအင်ဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ နှနှစ်ခွဲသက်တမ်းကာလအတွင်း ဝန်ကြီးအရေအတွက် အများဆုံး ခန့်အပ် ပြောင်း လဲတာဝန်ပေးမှုအဖြစ် ဇူလိုင်လ ၂၅ ရက်က ပြုလုပ်ခဲ့သေးသည်။ စွမ်းအင်ဝန်ကြီး၊ စက်မှုဝန်ကြီး၊ နယ်စပ်ရေးရာ၊ ကျန်းမာရေး ဒုဝန်ကြီး၊ ပညာရေး ဒုဝန်ကြီး၊ ပြည်ထဲရေး ဒုဝန်ကြီး စသည့် ဌာနများ အတွက် ဝန်ကြီးပေါင်း ၁၇ ဦးကို ပြောင်းလဲ၊ ခန့်အပ်တာဝန်ပေးခဲ့သည်။
Mizzima
0 comments:
Post a Comment