Wednesday, August 14, 2013

မြို့ပတ်ရထားများ ပြေးဆွဲချိန် မှန်ခြင်းဖြင့် အရှုံးငွေကို လျှော့ချ နိုင်သကဲ့သို့ မြို့တွင်းယာဉ် ကြောပိတ်ဆို့ မှုကိုလည်း လျော့ကျစေနိုင်

Photo: မြို့ပတ်ရထားများ ပြေးဆွဲချိန် မှန်ခြင်းဖြင့် အရှုံးငွေကို လျှော့ချ နိုင်သကဲ့သို့ မြို့တွင်းယာဉ် ကြောပိတ်ဆို့ မှုကိုလည်း လျော့ကျစေနိုင် 
Wednesday, August 14, 2013 

မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲရေး လုပ်ငန်းကို နေ့စဉ် ငွေကျပ်၂၅ သိန်း အရှုံးခံ၍ ပြေးဆွဲနေကြောင်း သတင်းတစ်ပုဒ်တွင် ဖတ်ရှုခဲ့ရသည်။

လူထုအတွက် အဆင်ပြေစွာ နေ့စဉ်သွားလာရေး အတွက် မြန်မာ့မီးရထားမှ တာဝန်ယူ ဆောင်ရွက် ပေးနေသည်ကို ပြည်သူများ အနေဖြင့်လည်း အသိအမှတ်ပြုရမည် ဖြစ်သည်။ သို့ရာတွင် နေ့စဉ်ငွေကျပ် ၂၅ သိန်းအရှုံး ပေါ်နေသည်ကို မည်ကဲ့သို့ ကုစားနိုင်မည်ကို စဉ်းစား သင့်ပေသည်။ အရှုံးပေါ်နေသည်ကို လျှော့ချရန် ပထမ နည်းလမ်းမှာ အသုံးစရိတ် လျှော့ချခြင်း ဖြစ်သည်။

အသုံးစရိတ် လျှော့ချရန် အတွက် ရထားအခေါက်ရေ လျှော့ချခြင်း နည်းသည် ထင်သာ၊ မြင်သာရှိသော နည်းလမ်း ဖြစ်သော်လည်း လက်ရှိမြို့တွင်း သွားလာမှု ခရီးသည် အရေ အတွက်အရ အခေါက်ရေ လျှော့ချခြင်း၊ တွဲဆိုင်း လျှော့ချခြင်း နည်းလမ်းများကိုမူ ကျင့်သုံးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဆုံးရှုံးငွေ လျှော့ချရေးအတွက် ဝင်ငွေတိုးတက်ရရှိရေး ဘက်ကိုသာ အလေးပေး စဉ်းစားရမည် ဖြစ်သည်။

မီးရထားဖြင့် ခရီးသွားခြင်းသည် ဘတ်စကားဖြင့် ခရီးသွားခြင်းထက် သက်သာချောင်ချိမှု ရှိခြင်း၊ စရိတ်စက သက်သာမှု ရှိခြင်းတို့ကြောင့် ခရီးသွားပြည်သူ အများစုသည် လမ်းကြောင်း ချင်းတူပါက မီးရထားကို ဦးစားပေး၍ ရွေးချယ်အသုံးပြု ချင်ကြသည်။ သို့သော် ရန်ကုန်မြို့တွင် မည်သည့်အတွက် ခရီးသွားပြည်သူများက လမ်းကြောင်းချင်း တူပါလျက် မီးရထားကို အသုံး မပြုကြသည်ကို စဉ်းစားကြည့်ရန် လိုသည်။ မီးရထားတွင် ဘတ်စကားနှင့် နှိုင်းယှဉ်လျှင် အဓိက အားနည်းချက် နှစ်ခုရှိကြောင်း တွေ့ရှိရသည်။

နံပါတ်တစ် အချက်မှာ မော်တော်ကားထက် စာလျှင် အမြန်မိုင်နှုန်း နည်းသဖြင့် အချိန်ပိုကြာ ခြင်းဖြစ်သည်။ ယခုအခါ အချိန်ပိုကြာခြင်းကို ကုစားရန်အတွက် ရထားလမ်းများ ကြံ့ခိုင်ရေးကို အလေးပေး ဆောင်ရွက်ေ နကြောင်း တွေ့ရှိရသည်။ ထို့အပြင် ဘူတာစဉ် မရပ်သော အထူးရထား ပြေးဆွဲရန် စီစဉ်နေသောကြောင့် ဤပြဿနာမှာ မကြာမီ ပြေလည်သွားမည်ဟု ယူဆရသည်။

အဓိက အရေးကြီးသော အချက်မှာ မီးရထားများ အချိန်မမှန်ခြင်း ဖြစ်သည်။ မီးရထားသည် သဘာဝအရ လူ၊ စက်ပစ္စည်း၊ ရာသီဥတု အခြေအနေအရ နောက်ကျမှု ဖြစ်သည်ကို ခရီးသွား ပြည်သူများက နားလည် သဘော ပေါက်ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဇူလိုင် ၂၄ ရက်က ကိုယ်တွေ့ဖြစ်ရပ်ကို တင်ပြလိုပါသည်။ ထိုနေ့နံနက် ၈ နာရီက နေပြည်တော်သို့ ထွက်ခွာ သော ရထားဖြင့် ပဲခူးမြို့သို့ ပင်စင်ကိစ္စ ဆောင်ရွက်ရန် သွားရောက်ခဲ့သည်။ အချိန်မှန်ရထား ထွက်ပြီး ပဲခူးမြို့သို့ အချိန်မှန်နံနက် ၁ဝ နာရီခန့်တွင် ရောက်ရှိခဲ့သည်။

အပြန်ရထား အချိန်စာရင်းကို ကြည့်ရာ ရန်ကုန်ဘက်သို့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်မှ ရှိမည် ဖြစ်ကြောင်း သိရသည်။ ပဲခူးဘဏ်တွင် ပင်စင်ကိစ္စ ဆောင်ရွက်ရာ နံနက် ၁၁ နာရီ မထိုးမီပြီး စီးသွားသဖြင့် ရထားချိန်ေ စာ နေသေးသည်။

ထို့ကြောင့် အချိန်ကို ချွေတာသော အားဖြင့် အပြန်တွင် ရထား မစီးတော့ဘဲ ကမ္ဘာကျော် လိုင်းကားကို စီးလာခဲ့ရာ ၁၂ နာရီ မိနစ် ၄ဝ တွင် သင်္ဃန်းကျွန်း စံပြဈေးသို့ ရောက်ရှိခဲ့သည်။ လမ်းတွင် ရွာသာကြီး က-ည- န လိုင်စင်ရုံးနှင့် စီးပွားရေး တက္ကသိုလ်တို့ အနီးတွင် ယာဉ်ကြော ပိတ်ဆို့မှုများနှင့် တွေ့ကြုံခဲ့ရသည်။ ထို့ကြောင့် မိမိနေထိုင်ရာ မလွှကုန်းဘူတာ အနီးသို့ သွားရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ကွင်းရန်နှင့် ပင်ကိုက မီးရထားကို အားပေးချင်သော စိတ်အခံဖြင့် ငမိုးရိပ်ဘူတာမှ မလွှကုန်းသို့ မြို့ပတ်ရထား စီးရန် ဆုံးဖြတ် လိုက်သည်။ ထို့ကြောင့် ငမိုးရိပ်ဘူတာသို့ သွားရာ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် ရောက်ရှိ၍ ရထားချိန်ကို အားလုံးစုံစမ်းရာ မွန်းလွဲ ၁ နာရီတွင် ရှိကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိ ရထားချိန်နှင့် ကွက်တိ ဖြစ်နေ၍ ဝမ်းသာပီတိဖြင့် ရထား စောင့်နေမိသည်။ သို့သော် ၁ နာရီ ထိုးသော်လည်းမလာ၊ ၁ နာရီ ၁၅မိနစ် ထိလည်း ရထားမလာဘဲ ဖြစ်နေသည်။ သို့သော်လည်း နောက်တစ်စင်းမှာ အချိန်ဇယားအရ တစ်နာရီ ၃၆ မိနစ်တွင် ရှိ၍ စိတ်ပူပန်မှု မရှိဘဲ ဆက်လက် စောင့်စား နေခဲ့ပြန်သည်။ သို့သော်လည်း ရထားမှာ ၂ နာရီထိုး အထိလည်း မလာဘဲ ရန်ကုန်ဘက်သို့ သွားမည့် ခရီးသည်များ တစ်စတစ်စများ လာသည်ကို တွေ့ရသည်။ တချို့လည်း မစောင့်နိုင်တော့၍ ဘတ်စကားဂိတ်သို့ ပြန်သွားကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ဘူတာလက်မှတ်ရုံသို့ သွားမေးရာ မည်သည့် အတွက်ကြောင့် နောက်ကျသည်ကို မသိကြောင်း၊ လာခါနီးပြီ ဖြစ်ကြောင်း ပြော၍ ဆက်စောင့်ကြသည်။ ထိုသို့ ဆက်စောင့်သော်လည်း မလာသဖြင့် ၂ နာရီ ၁၅ မိနစ်တွင် ထပ်မေးရာ ရထားမှာ နောက်ကျ တတ်ကြောင်း၊ ၁ နာရီ ၃၆ မိနစ် ရထားမှာ ၂ နာရီခွဲခန့်တွင် လာတတ်ကြောင်း ပြောကြား ခဲ့သည်။ သူပြောသည့် အတိုင်း ရန်ကုန်ဘက်သို့ ထွက်မည့် မြို့ပတ်ရထားမှာ ငမိုးရိပ် ဘူတာသို့ ၂ နာရီခွဲခန့်တွင် ရောက်ရှိလာသည်ကို တွေ့ရှိရသည်။ နောက်တစ်ဘူတာ ဖြစ်သည့် သင်္ဃန်းကျွန်း ဘူတာတွင်လည်း ရန်ကုန်သွားမည့်သူများ စုပြုံနေသဖြင့် ရထားရပ်သည်နှင့် ပြည့်ကျပ်သွားသည်ကို တွေ့ရှိရသည်။

မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်နေသော ကျောင်းသူတစ်ဦးကို မေးကြည့်ခဲ့ရာ ရထားသည် ဒဂုံတက္ကသိုလ် ဘူတာသို့ ဆိုက်ရောက် လာစဉ်ကပင် နောက်ကျကြောင်း၊ အမြဲတမ်း မဟုတ်သော်လည်း မကြာခဏ နောက်ကျ တတ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လမ်းပန်းသာ သော်လည်း အချိန်မှန်ကန်မှု မရှိသဖြင့် စီးသူနည်း နေခြင်းဖြစ်ကြောင်း၊ ၄င်းတို့မှာ လသုံးလက်မှတ် ပြုလုပ်ထား သဖြင့် မီးရထားချိန် မမှန်သည် ကို သည်းခံပြီး စောင့်စီးနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျွန်တော် တင်ပြလိုသည့် အချက်မှာ ဤအချက်ပင် ဖြစ်သည်။ မီးရထားကို ခရီးသွား ပြည်သူများ အားမပေးသည့် အချက်မှာ ဤကဲ့သို့ ရထားအချိန် မှန်ကန်မှု မရှိသော အချက်ကြောင့် ဖြစ်သည်။ ထပ်မံ တင်ပြလိုသော အချက်မှာ ခရီးသွား ပြည်သူများက ရထား နောက်ကျသည့် အကြောင်းရင်းနှင့် မည်သည့် အချိန်တွင် ရထား ရောက်ရှိမည်ကို သိလို၍ မေးမြန်းသည်ကို ဘူတာရှိ ဝန်ထမ်းများက ဖြေကြားနိုင်ရေးပင် ဖြစ်သည်။ ယနေ့ခေတ် ကာလသည် ဆန္ဒရှိပါက ဘူတာဝန်ထမ်းနှင့် မီးရထား စက်ခေါင်းမောင်း၊ ရထားထိန်းတို့ကို ဖုန်းဖြင့် တိုက်ရိုက် ဆက်သွယ်နိုင်သောခေတ် ဖြစ်သည်။ ထို့ကြောင့် ရထားများပုံမှန် မဆိုက် ရောက်ပါက မည်သည့် အချိန်တွင် ဆိုက်ရောက်နိုင်မည်ကို ခရီးသွား ပြည်သူများကို ပွင့်လင်း မြင်သာစွာ အသိပေးသင့်ပြီ ဖြစ်ကြောင်း တင်ပြလိုသည်။ စာရေးသူမှာ ငမိုးရိပ်ဘူတာသို့ ၁ နာရီ မထိုးမီက ရောက်ရှိပြီး ၂ နာရီခွဲမှ ရထားစီး ရသဖြင့် အချိန် တစ်နာရီခွဲ ဆုံးရှုံးရသည်။ မည်သည့် အချိန်ရထား ဝင်လာမည်ကို မသိသဖြင့် လက်ဖက် ရည်ဆိုင်သို့ပင် သွားမထိုင် နိုင်ခဲ့ပါ။ ထို့အတူ ကျန်ခရီးသည် များမှာလည်း အဖိုးတန် အချိန်များ ဆုံးရှုံးနစ်နာ ခဲ့ရသည်ကို သတိပြု သင့်သည်။

ထို့ကြောင့် ဘတ်စကားနှင့် စာလျှင် အားသာချက်များ ရှိသော်လည်း မြန်မာ့မီးရထား ဌာန အနေဖြင့် မီးရထားများ အချိန်မှန် ဆိုက်ရောက်နိုင်ရေးကို အထူးကြိုးစား ဆောင်ရွက်ခြင်း၊ မီးရထားစီး ခရီးသည်များကို ရထားအမှန် တကယ်ဆိုက်ရောက်မည့် အချိန်ကို အသိပေး ခြင်းတို့ဖြင့် မီးရထား စီးခရီးသည် (Customer) များကို ဆွဲဆောင်၍ ဝင်ငွေတိုးတက်မှု ရရှိအောင် ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြ အပ်ပါသည်။

မြို့ပတ်ရထားများ အချိန်မှန် လာခြင်းဖြင့် ရထားစီးသူများ ပိုမိုများပြားလာကာ မြို့တွင်း၌ မော်တော်ယာဉ်များ ပိတ်ဆို့နေမှုကိုလည်း လျော့ကျစေ နိုင်လိမ့်မည် ဖြစ်ကြောင်း တင်ပြအပ် ပါသည်။ ။

မြ၀တီ
မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲရေး လုပ်ငန်းကို နေ့စဉ် ငွေကျပ်၂၅ သိန်း အရှုံး ခံ၍ ပြေး ဆွဲနေကြောင်း သတင်းတစ်ပုဒ်တွင် ဖတ်ရှုခဲ့ရသည်။

လူထုအတွက် အဆင်ပြေစွာ နေ့စဉ်သွားလာရေးအတွက် မြန်မာ့မီးရထားမှ တာဝန် ယူ ဆောင် ရွက် ပေးနေသည်ကို ပြည်သူများ အနေဖြင့်လည်း အသိအမှတ်ပြုရမည် ဖြစ်သည်။ သို့ရာတွင် နေ့ စဉ်ငွေ ကျပ် ၂၅ သိန်းအရှုံး ပေါ်နေသည်ကို မည်ကဲ့သို့ ကုစားနိုင်မည်ကို စဉ်းစား သင့်ပေ သည်။ အရှုံးပေါ်နေ သည်ကို လျှော့ချရန် ပထမ နည်းလမ်းမှာ အသုံးစရိတ် လျှော့ချခြင်း ဖြစ်သည်။

အသုံးစရိတ် လျှော့ချရန် အတွက် ရထားအခေါက်ရေ လျှော့ချခြင်း နည်းသည် ထင်သာ၊ မြင်သာရှိသော နည်းလမ်း ဖြစ်သော်လည်း လက်ရှိမြို့တွင်း သွားလာမှုခရီးသည် အရေအတွက်အရ အခေါက်ရေ လျှော့ ချခြင်း၊ တွဲဆိုင်း လျှော့ချခြင်း နည်းလမ်းများကိုမူ ကျင့်သုံးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဆုံးရှုံးငွေ လျှော့ ချရေးအတွက် ဝင်ငွေတိုးတက်ရရှိရေး ဘက်ကိုသာ အလေးပေး စဉ်းစား ရမည် ဖြစ်သည်။

မီးရထားဖြင့် ခရီးသွားခြင်းသည် ဘတ်စကားဖြင့် ခရီးသွားခြင်းထက် သက်သာချောင်ချိမှု ရှိခြင်း၊ စရိတ်စက သက်သာမှု ရှိခြင်းတို့ကြောင့် ခရီးသွားပြည်သူ အများစုသည် လမ်းကြောင်း ချင်းတူပါက မီးရထားကို ဦးစားပေး၍ ရွေးချယ်အသုံးပြု ချင်ကြသည်။ သို့သော် ရန်ကုန်မြို့တွင် မည်သည့်အတွက် ခရီးသွားပြည်သူများက လမ်းကြောင်းချင်း တူပါလျက် မီးရထားကို အသုံး မပြုကြသည်ကို စဉ်းစားကြည့်ရန် လိုသည်။ မီးရထားတွင် ဘတ်စကားနှင့် နှိုင်းယှဉ်လျှင် အဓိက အားနည်းချက် နှစ်ခု ရှိကြောင်း တွေ့ရှိရသည်။

နံပါတ်တစ် အချက်မှာ မော်တော်ကားထက် စာလျှင် အမြန်မိုင်နှုန်း နည်းသဖြင့် အချိန်ပိုကြာ ခြင်းဖြစ် သည်။ ယခုအခါ အချိန်ပိုကြာခြင်းကို ကုစားရန်အတွက် ရထားလမ်းများ ကြံ့ခိုင်ရေးကို အလေးပေး ဆောင် ရွက်ေ နကြောင်း တွေ့ရှိရသည်။ ထို့အပြင် ဘူတာစဉ် မရပ်သော အထူးရထား ပြေး ဆွဲရန် စီစဉ်နေသောကြောင့် ဤပြဿနာမှာ မကြာမီ ပြေလည်သွားမည်ဟု ယူဆရသည်။


အဓိက အရေးကြီးသော အချက်မှာ မီးရထားများ အချိန်မမှန်ခြင်း ဖြစ်သည်။ မီးရထားသည် သဘာဝအရ လူ၊ စက်ပစ္စည်း၊ ရာသီဥတု အခြေအနေအရ နောက်ကျမှု ဖြစ်သည်ကို ခရီးသွား ပြည်သူများက နားလည် သဘော ပေါက်ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဇူလိုင် ၂၄ ရက်က ကိုယ်တွေ့ဖြစ်ရပ်ကို တင်ပြလိုပါသည်။ ထိုနေ့နံနက် ၈ နာရီက နေပြည်တော်သို့ ထွက်ခွာ သော ရထားဖြင့် ပဲခူးမြို့သို့ ပင်စင်ကိစ္စ ဆောင်ရွက်ရန် သွားရောက်ခဲ့သည်။ အချိန်မှန်ရထား ထွက်ပြီး ပဲခူးမြို့သို့ အချိန်မှန်နံနက် ၁ဝ နာရီခန့်တွင် ရောက် ရှိခဲ့သည်။

အပြန်ရထား အချိန်စာရင်းကို ကြည့်ရာ ရန်ကုန်ဘက်သို့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်မှ ရှိမည် ဖြစ်ကြောင်း သိရသည်။ ပဲခူးဘဏ်တွင် ပင်စင်ကိစ္စ ဆောင်ရွက်ရာ နံနက် ၁၁ နာရီ မထိုးမီပြီး စီးသွားသဖြင့် ရထားချိန်ေ စာ နေသေးသည်။

ထို့ကြောင့် အချိန်ကို ချွေတာသော အားဖြင့် အပြန်တွင် ရထား မစီးတော့ဘဲ ကမ္ဘာကျော် လိုင်းကားကို စီးလာခဲ့ရာ ၁၂ နာရီ မိနစ် ၄ဝ တွင် သင်္ဃန်းကျွန်း စံပြဈေးသို့ ရောက်ရှိခဲ့သည်။ လမ်းတွင် ရွာသာကြီး က-ည- န လိုင်စင်ရုံးနှင့် စီးပွားရေး တက္ကသိုလ်တို့ အနီးတွင် ယာဉ်ကြော ပိတ်ဆို့မှု များနှင့် တွေ့ကြုံ ခဲ့ရသည်။ ထို့ကြောင့် မိမိနေထိုင်ရာ မလွှကုန်းဘူတာ အနီးသို့ သွားရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ကွင်းရန်နှင့် ပင်ကိုက မီးရထားကို အားပေးချင်သော စိတ်အခံဖြင့် ငမိုးရိပ်ဘူတာမှ မလွှကုန်းသို့ မြို့ပတ်ရထား စီးရန် ဆုံးဖြတ် လိုက်သည်။ ထို့ကြောင့် ငမိုးရိပ်ဘူတာသို့ သွားရာ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် ရောက်ရှိ၍ ရထားချိန်ကို အားလုံးစုံစမ်းရာ မွန်းလွဲ ၁ နာရီတွင် ရှိကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိ ရထားချိန်နှင့် ကွက်တိ ဖြစ်နေ၍ ဝမ်းသာပီတိဖြင့် ရထား စောင့်နေ မိသည်။ သို့သော် ၁ နာရီ ထိုးသော်လည်းမလာ၊ ၁ နာရီ ၁၅မိနစ် ထိလည်း ရထားမလာဘဲ ဖြစ်နေသည်။ သို့သော်လည်း နောက်တစ်စင်းမှာ အချိန်ဇယားအရ တစ်နာရီ ၃၆ မိနစ်တွင် ရှိ၍ စိတ်ပူပန်မှု မရှိဘဲ ဆက်လက် စောင့်စား နေခဲ့ပြန်သည်။ သို့သော်လည်း ရထားမှာ ၂ နာရီထိုး အထိလည်း မလာဘဲ ရန်ကုန်ဘက်သို့ သွားမည့် ခရီးသည်များ တစ်စတစ်စများ လာသည်ကို တွေ့ရသည်။ တချို့လည်း မစောင့်နိုင်တော့၍ ဘတ်စကားဂိတ် သို့ ပြန်သွားကြ သည်ကို တွေ့ရသည်။ ထို့ကြောင့် ဘူတာ လက်မှတ်ရုံသို့ သွားမေးရာ မည်သည့် အတွက်ကြောင့် နောက်ကျသည်ကို မသိကြောင်း၊ လာခါနီးပြီ ဖြစ်ကြောင်း ပြော၍ ဆက်စောင့်ကြသည်။ ထိုသို့ ဆက်စောင့်သော်လည်း မလာသဖြင့် ၂ နာရီ ၁၅ မိနစ်တွင် ထပ်မေးရာ ရထားမှာ နောက်ကျ တတ်ကြောင်း၊ ၁ နာရီ ၃၆ မိနစ် ရထားမှာ ၂ နာရီခွဲ ခန့်တွင် လာတတ်ကြောင်း ပြောကြား ခဲ့သည်။ သူပြောသည့် အတိုင်း ရန်ကုန်ဘက်သို့ ထွက်မည့် မြို့ပတ်ရထားမှာ ငမိုးရိပ် ဘူတာသို့ ၂ နာရီခွဲခန့်တွင် ရောက်ရှိလာ သည်ကို တွေ့ရှိ ရသည်။ နောက် တစ်ဘူတာ ဖြစ်သည့် သင်္ဃန်းကျွန်း ဘူတာတွင်လည်း ရန်ကုန်သွားမည့်သူများ စုပြုံနေသဖြင့် ရထားရပ်သည်နှင့် ပြည့်ကျပ်သွားသည်ကို တွေ့ရှိရသည်။

မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်နေသော ကျောင်းသူတစ်ဦးကို မေးကြည့်ခဲ့ရာ ရထားသည် ဒဂုံတက္ကသိုလ် ဘူတာသို့ ဆိုက်ရောက် လာစဉ်ကပင် နောက်ကျကြောင်း၊ အမြဲတမ်း မဟုတ်သော်လည်း မကြာခဏ နောက်ကျ တတ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လမ်းပန်း သာ သော်လည်း အချိန်မှန်ကန်မှု မရှိသဖြင့် စီးသူနည်း နေခြင်းဖြစ်ကြောင်း၊ ၄င်းတို့မှာ လသုံး လက်မှတ် ပြုလုပ်ထားသဖြင့် မီးရထားချိန် မမှန်သည် ကို သည်းခံပြီး စောင့် စီးနေခြင်း ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

ကျွန်တော် တင်ပြလိုသည့် အချက်မှာ ဤအချက်ပင် ဖြစ်သည်။ မီးရထားကို ခရီးသွား ပြည်သူများ အားမပေးသည့် အချက်မှာ ဤကဲ့သို့ ရထားအချိန် မှန်ကန်မှု မရှိသော အချက်ကြောင့် ဖြစ်သည်။ ထပ်မံ တင်ပြလိုသော အချက်မှာ ခရီးသွား ပြည်သူများက ရထား နောက်ကျသည့် အကြောင်းရင်းနှင့် မည်သည့် အချိန်တွင် ရထား ရောက်ရှိမည်ကို သိလို၍ မေးမြန်းသည်ကို ဘူတာရှိ ဝန်ထမ်းများက ဖြေကြားနိုင်ရေး ပင် ဖြစ်သည်။ ယနေ့ခေတ် ကာလသည် ဆန္ဒရှိပါက ဘူတာဝန်ထမ်းနှင့် မီးရထား စက်ခေါင်းမောင်း၊ ရထားထိန်းတို့ကို ဖုန်းဖြင့် တိုက်ရိုက် ဆက်သွယ်နိုင်သောခေတ် ဖြစ်သည်။ ထို့ကြောင့် ရထားများပုံမှန် မဆိုက် ရောက်ပါက မည်သည့် အချိန်တွင် ဆိုက်ရောက်နိုင်မည်ကို ခရီးသွား ပြည်သူများကို ပွင့်လင်း မြင်သာစွာ အသိပေးသင့်ပြီ ဖြစ်ကြောင်း တင်ပြလိုသည်။ စာရေးသူမှာ ငမိုးရိပ်ဘူတာသို့ ၁ နာရီ မထိုးမီက ရောက်ရှိပြီး ၂ နာရီခွဲမှ ရထားစီး ရသဖြင့် အချိန် တစ်နာရီခွဲ ဆုံးရှုံးရသည်။ မည်သည့် အချိန်ရထား ဝင်လာမည်ကို မသိသဖြင့် လက်ဖက် ရည်ဆိုင်သို့ပင် သွားမထိုင် နိုင်ခဲ့ပါ။ ထို့အတူ ကျန်ခရီးသည် များမှာလည်း အဖိုးတန် အချိန်များ ဆုံးရှုံးနစ်နာ ခဲ့ရသည်ကို သတိပြု သင့်သည်။

ထို့ကြောင့် ဘတ်စကားနှင့် စာလျှင် အားသာချက်များ ရှိသော်လည်း မြန်မာ့မီးရထား ဌာန အနေဖြင့် မီးရထားများ အချိန်မှန် ဆိုက်ရောက်နိုင်ရေးကို အထူးကြိုးစား ဆောင်ရွက်ခြင်း၊ မီးရထားစီး ခရီးသည် များကို ရထားအမှန် တကယ်ဆိုက်ရောက်မည့် အချိန်ကို အသိပေး ခြင်းတို့ဖြင့် မီးရထား စီးခရီးသည် (Customer) များကို ဆွဲဆောင်၍ ဝင်ငွေတိုးတက်မှု ရရှိအောင် ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြ အပ်ပါသည်။

မြို့ပတ်ရထားများ အချိန်မှန် လာခြင်းဖြင့် ရထားစီးသူများ ပိုမိုများပြားလာကာ မြို့တွင်း၌ မော်တော် ယာဉ်များ ပိတ်ဆို့နေမှုကိုလည်း လျော့ကျစေ နိုင်လိမ့်မည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ။

မြ၀တီ

0 comments:

Post a Comment