Friday, August 2, 2013

ၾသစေၾတးလ် ဆူပါ ကွန်ပျူတာသစ် ရာသီဥတု လေ့လာမှု အထောက် အကူပြု


Photo: သြစတြေးလျ ဆူပါ ကွန်ပျူတာသစ် ရာသီဥတု လေ့လာမှု အထောက်
အကူပြု
Friday, Augest 02, 2013

သြစတြေးလျနိုင်ငံတွင် နောက်ဆုံး တပ်ဆင်ထားသည့် ဆူပါ ကွန်ပျူတာသစ် သည် မိုးလေဝသနှင့် ရာသီဥတု သိပ္ပံပညာရှင်များအတွက် လေ့လာမှုကို များစွာ အထောက်အကူပြုနိုင်ပြီး မိုးလေဝသနှင့် ပတ်သက်သည့် ဒေတာ များကိုလည်း ပံ့ပိုးပေးနိုင်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ကင်ဘာရာရှိ၊ သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် တပ်ဆင်ထားသည့် ယင်း ကွန်ပျူတာကြီးကို ရိုင်ဂျင်းဟု အမည်ပေးထားပြီး ဂျပန် အမည်ဖြစ်ကာ မိုးကြိုး၊ လျှပ်စီး၊ မုန်တိုင်းနတ်ဘုရား ကိုယ်စားပြု အမည်လည်း ဖြစ်သည်။

မိုးလေဝသနှင့် ရာသီဥတုကို လေ့လာ ခန့်မှန်းနေကြရသည့် ပညာရှင် များသည် မြန်နှုန်းမြင့် ကွန်ပျူတာများကို လိုအပ်ကြောင်း၊ ယခုအခါ ပညာရှင်များ အနေဖြင့် လိုသမျှ ဒေတာများကို ရရှိနိုင်ရုံမက လုံခြုံ စိတ်ချရမှု ရှိကြောင်း မိုးလေဝသပညာရှင် ရော့ဘ်ဗာတက်ဆီက ပြောကြားသည်။

ယခု တပ်ဆင် ပြီးစီးခဲ့သည့် ရိုင်ဂျင်း ကွန်ပျူတာကြီးသည် ယခင် သြစတြေးလျနိုင်ငံတွင် တပ်ဆင်ထား ပြီးခဲ့သော ကွန်ပျူတာများထက် ပိုပြီး မြန်ဆန်ကြောင်းလည်း ANU ဒါရိုက်တာ လင်းဆေးဘေ့တန်က ပြော ကြားသည်။

မိုးလေဝသနှင့် ရာသီဥတုကို ကြိုတင် ခန့်မှန်းရန်အတွက် သန်းပေါင်းများ စွာသော Code လိုင်းများ လိုအပ်ပြီး၊ ထည့်သွင်းထားသည့် အချက်အလက် များကိုလည်း ချက်ချင်း တွက်ချက် တုံ့ပြန်မှုပေးနိုင်မှသာ ထိရောက်မှု ရှိမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရေးအတွက် အိမ်သုံး သာမန် ကွန်ပျူတာများနှင့် လုပ်ဆောင်ရန် မလွယ်ကူကြောင်း ရာသီဥတု သိပ္ပံဌာနက အင်ဒီပစ်မင်းက ဆိုသည်။

ယင်းဆူပါ ကွန်ပျူတာကြီးသည် ကမ္ဘာ့ ၂၇ လုံးမြောက် ဆူပါ ကွန်ပျူတာ ကြီး ဖြစ်ပြီး၊ အလေးချိန် တန် ၇၀ လေးကာ Processing Core ပေါင်း ၅၇,၀၀၀ ထည့်သွင်းထားသည်။ Laptop ကွန်ပျူတာအလုံး ၁၅,၀၀၀ က လုပ်ဆောင်ပေးနိုင်သည့် စွမ်းရည်နှင့် ညီမျှသည်။ Memory အားဖြင့် 160 Terabytes ရှိကာ ယင်းသည် Laptop ပေါင်း ၃၀,၀၀၀ တွင် ထည့်သွင်း ထားသည့် Memory နှင့် ညီမျှသည်။

The Voice Weekly
သြစတြေးလျနိုင်ငံတွင် နောက်ဆုံး တပ်ဆင်ထားသည့် ဆူပါ ကွန်ပျူတာသစ် သည် မိုးလေဝသနှင့် ရာသီဥတု သိပ္ပံပညာရှင်များအတွက် လေ့လာမှုကို များစွာ အထောက်အကူပြုနိုင်ပြီး မိုးလေဝသနှင့် ပတ်သက်သည့် ဒေတာ များကိုလည်း ပံ့ပိုးပေးနိုင်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ကင်ဘာရာရှိ၊ သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် တပ်ဆင်ထားသည့် ယင်း ကွန်ပျူတာကြီးကို ရိုင်ဂျင်းဟု အမည်ပေးထားပြီး ဂျပန် အမည်ဖြစ်ကာ မိုးကြိုး၊ လျှပ်စီး၊ မုန်တိုင်းနတ်ဘုရား ကိုယ်စားပြု အမည်လည်း ဖြစ်သည်။

မိုးလေဝသနှင့် ရာသီဥတုကို လေ့လာ ခန့်မှန်းနေကြရသည့် ပညာရှင်များသည် မြန်နှုန်းမြင့် ကွန်ပျူတာ များကို လိုအပ်ကြောင်း၊ ယခုအခါ ပညာရှင်များ အနေဖြင့် လိုသမျှ ဒေတာများကို ရရှိနိုင်ရုံမက လုံခြုံ စိတ်ချရမှု ရှိကြောင်း မိုးလေဝသပညာရှင် ရော့ဘ်ဗာတက်ဆီက ပြောကြားသည်။

ယခု တပ်ဆင် ပြီးစီးခဲ့သည့် ရိုင်ဂျင်း ကွန်ပျူတာကြီးသည် ယခင် သြစတြေးလျနိုင်ငံတွင် တပ်ဆင်ထား ပြီးခဲ့သော ကွန်ပျူတာများထက် ပိုပြီး မြန်ဆန်ကြောင်းလည်း ANU ဒါရိုက်တာ လင်းဆေးဘေ့တန်က ပြော ကြားသည်။

မိုးလေဝသနှင့် ရာသီဥတုကို ကြိုတင် ခန့်မှန်းရန်အတွက် သန်းပေါင်းများ စွာသော Code လိုင်းများ လိုအပ်ပြီး၊ ထည့်သွင်းထားသည့် အချက်အလက် များကိုလည်း ချက်ချင်း တွက်ချက် တုံ့ပြန်မှုပေးနိုင်မှသာ ထိရောက်မှု ရှိမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရေးအတွက် အိမ်သုံး သာမန် ကွန်ပျူတာများနှင့် လုပ်ဆောင်ရန် မလွယ်ကူကြောင်း ရာသီဥတု သိပ္ပံဌာနက အင်ဒီပစ်မင်းက ဆိုသည်။

ယင်းဆူပါ ကွန်ပျူတာကြီးသည် ကမ္ဘာ့ ၂၇ လုံးမြောက် ဆူပါ ကွန်ပျူတာ ကြီး ဖြစ်ပြီး၊ အလေးချိန် တန် ၇၀ လေးကာ Processing Core ပေါင်း ၅၇,၀၀၀ ထည့်သွင်းထားသည်။ Laptop ကွန်ပျူတာအလုံး ၁၅,၀၀၀ က လုပ်ဆောင်ပေးနိုင်သည့် စွမ်းရည်နှင့် ညီမျှသည်။ Memory အားဖြင့် 160 Terabytes ရှိကာ ယင်းသည် Laptop ပေါင်း ၃၀,၀၀၀ တွင် ထည့်သွင်း ထားသည့် Memory နှင့် ညီမျှသည်။

The Voice Weekly

0 comments:

Post a Comment