Friday, August 2, 2013

အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ထွက်ခွါ

Photo: အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ထွက်ခွါ
Friday, Augest 02, 2013

ရန်ကုန်မြို့၌ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်
ရန် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ အခြေစိုက် ABSDF
 မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဝင်များ ယမန်နေ့ နေ့လည်ပိုင်းက တရုတ်ရွှေလီမြို့မှ ရန်ကုန်သို့ ထွက်ခွာသွားပြီ ဖြစ်သည် ။

ယခုလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး
 ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အပစ်အခတ်ရပ်စဲနိုင်ရေး
 တွေ့ဆုံဆွေးနွေးမည် ဖြစ်ရာ ABSDF မှ ကိုယ်စားလှယ် ၃၅ ဦးအနက်
 မြောက်ပိုင်းကိုယ် စားလှယ် ၅ ဦး ပါဝင်တက်ရောက်ခြင်း ဖြစ်သည် ။

“ယခင် ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေတုန်းကတော့ မြောက်ပိုင်းကိုယ်စားလှယ်တွေမပါဘူး။ အခုဆွေးနွေးပွဲကတော့ ပြည်ထောင်စုအဆင့်အရင်
ဆွေးနွေးထားတဲ့ အချက်တော်တော်များများကို အစိုးရကိုယ်စားလှယ်
ဘက်က သဘောတူ ထားတယ်။ အဲဒီကိစ္စတွေကိုပဲ ထပ်ဆွေးနွေးမယ်
ထင်တယ် ” ဟု မြောက်ပိုင်း ကိုယ်စားလှယ် ခေါင်းဆောင် စစ်ရေးတာဝန်ခံ ဦးအောင်ဆွေဦးက ပြောသည် ။

အဆိုပါ ဆွေးနွေးထားသော အချက်များမှာ ပြည်နယ်အဆင့် ၊ ပြည်ထောင်စု
အဆင့်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အဆင့်ဟူ၍ အပိုင်း ၃ ပိုင်း ခွဲခြားထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မငြိစွန်းသည့် အချက်များကို အစိုးရဘက်မှ သဘောတူလက်ခံကြောင်း သိရသည် ။

ယခင်ဆွေးနွေးပွဲများတွင် အစိုးရဘက်မှ မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်များ၏ လမ်းခရီးအတွက် တာဝန်ယူနိုင်ခြင်းမရှိသဖြင့်
 မြောက်ပိုင်းအဖွဲ့အနေဖြင့် ဆွေးနွေးပွဲများသို့ တက်ရောက် နိုင်ခြင်းမရှိ
ခဲ့သော်လည်း ယခုတစ်ခေါက် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမှာ နှစ်ဘက် အပစ်ရပ်စဲရေး လက်မှတ်ထိုးမည့် အလားအလာများရှိနေကြောင်း လေ့လာ သူများက သုံးသပ်နေသည် ။

Panglong(Burmese)

ရန်ကုန်မြို့၌ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ အခြေစိုက် ABSDF မာက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဝင်များ ယမန်နေ့ နေ့လည် ပိုင်းက တရုတ်ရွှေလီမြို့မှ ရန်ကုန်သို့ ထွက်ခွာသွားပြီ ဖြစ်သည် ။
ယခုလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အပစ်အခတ်ရပ်စဲနိုင်ရေး တွေ့ဆုံဆွေးနွေးမည် ဖြစ်ရာ ABSDF မှ ကိုယ်စားလှယ် ၃၅ ဦးအနက် မြောက်ပိုင်းကိုယ် စားလှယ် ၅ ဦး ပါဝင်တက်ရောက်ခြင်း ဖြစ်သည် ။

“ယခင် ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေတုန်းကတော့ မြောက်ပိုင်းကိုယ်စားလှယ်တွေမပါဘူး။ အခုဆွေးနွေးပွဲ ကတော့ ပြည်ထောင်စုအဆင့်အရင် ဆွးနွေးထားတဲ့ အချက်တော်တော်များများကို အစိုးရ ကိုယ်စားလှယ်ဘက်က သဘောတူ ထားတယ်။ အဲဒီကိစ္စတွေကိုပဲ ထပ်ဆွေးနွေးမယ် ထင်တယ် ” ဟု မြောက်ပိုင်း ကိုယ်စားလှယ် ခေါင်းဆောင် စစ်ရေးတာဝန်ခံ ဦးအောင်ဆွေဦးက ပြောသည် ။

အဆိုပါ ဆွေးနွေးထားသော အချက်များမှာ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အဆင့်ဟူ၍ အပိုင်း ၃ ပိုင်း ခွဲခြားထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မငြိစွန်းသည့် အချက်များကို အစိုးရဘက်မှ သဘောတူလက်ခံကြောင်း သိရသည် ။

ယခင်ဆွေးနွေးပွဲများတွင် အစိုးရဘက်မှ မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်များ၏ လမ်းခရီး အတွက် တာဝန်ယူနိုင်ခြင်းမရှိသဖြင့် မာက်ပိုင်းအဖွဲ့အနေဖြင့် ဆွေးနွေးပွဲများသို့ တက်ရောက် နိုင်ခြင်းမရှိ
ခဲ့သော်လည်း ယခုတစ်ခေါက် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမှာ နှစ်ဘက် အပစ်ရပ်စဲရေး လက်မှတ် ထိုးမည့် အလားအလာများရှိနေကြောင်း လေ့လာ သူများက သုံးသပ်နေသည် ။

Panglong(Burmese)

0 comments:

Post a Comment