Tuesday, August 20, 2013

"သွားမှာပဲ"


ကောလိပ်ကျောင်းတခုရဲ့ ကျောင်းဖွင့်စ ပထမဆုံးရက်မှာ....

ကျောင်းအုပ်ကြီးက ကျောင်းသူကျောင်းသားတွေကို အမှာစကားပြောကြားနေပါတယ်။

ပြီးတော့ လိုက်နာရမယ့် စည်းကမ်းတချို့ကို ဆက်ပြောတယ်... ...

"... ...အရေးကြီးတဲ့ စည်းကမ်းတခုကတော့ ကျောင်းသူတွေရဲ့ အိပ်ဆောင်ဘက်ကို ကျောင်းသားတွေ မလာရဘူး၊ ကျောင်းသားတွေရဲ့ အိပ်ဆောင်ဘက်ကိုလည်း ကျောင်းသူတွေ မလာရဘူး၊ ဖောက်ဖျက်တာကိုတွေ့ရင် ပထမအကြိမ် ဒဏ်ငွေ 10 ဒေါ်လာ၊ ဒုတိယအကြိမ် တွေ့ရင် ဒေါ်လာ 30၊ တတိယအကြိမ်တွေ့ရင် ဒေါ်လာ 50 ပဲ၊ ကဲ ဘာများ သိချင်တာရှိလဲ"

ဒီတော့...
ကျောင်းသူတွေဘက်က မေးခွန်းတစ်ခု မေးတယ်... ...

"တနှစ်လုံးအတွက်ဆို ဘယ်လောက်ကျမလဲ ဆရာကြီးရှင့်"....တဲ့











0 comments:

Post a Comment