ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိနေသော ပဋိပက္ခများကြောင့် ၎င်းပြည်နယ်၏
စီးပွားရေးကျဆင်းပြီး ဖွံ့ဖြိုးမှုနူန်း ထိခိုက်လာသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းရေးရာဝန်ကြီးဦးဇော်အေးမောင်ကပြောသည်။
ရခိုင်ပြည်နယ်တွင် အများအားဖြင့် ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို
အစဉ်အဆက် လုပ်ကိုင်ခဲ့ပြီးယခုလောလောဆယ်ဖြစ်ပွားလျက်ရှိနေသောဘင်္ဂါလီအရေး
ကိစ္စများကြောင့် ရခိုင်ပြည်သူ၊ ပြည်သားအများစု စီးပွားရေးကို စိတ်ချလက်ချ
မလုပ်ကိုင်နိုင်ကြဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုအလုပ်မှုဆောင်
ဦးခိုင်ကျော်မိုးက ယမန်နေ့ကကျင်းပသော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းဆိုင်ရာပွဲတွင်
ပြောသည်။ရခိုင်ပြည်နယ်၏ စီးပွားရေအခြေအနေမှာ လုံခြုံရေးပြဿနာများကြောင့်
အခက်အခဲဖြစ်လာရသည်ဟု ရခိုင်ပြည်နယ် စစ်တွေမဲဆန္ဒနယ်အမှတ်-၂ မှ လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်မြကျော်က ရှင်းပြသည်။
ရေလုပ်ငန်းတွင် ပင်လယ်ပြင်ထွက်၍ သိပ်မဖမ်းရဲကြတော့သလို၊လယ်ယာကဏ္ဍတွင် ပဋိပက္ခဖြစ်ပွားလျက်ရှိသောလယ်ယာမြေများတွင် နှစ်ဦးနှစ်ဖက်လုံး မည်သူ့ဘက်ကမှ
လယ်ယာထွန်းယက် မစိုက်ပျိုးရဲ ကြတော့ကြောင်း ဆိုသည်။ “ ရေထွက်ပို့ကုန် လုပ်ငန်းမှာ
ဆိုရင် အရမ်းကို ကျဆင်းသွားတယ်။ မနှစ်ကထက် ၅၀ ရာခိုင်နှုန်းနီးပါးလောက်ကို
ကျသွားတယ်၊ ပုစွန်ဘာတို့ကို ဘင်္ဂလာရှေဒ့်ကို မပြို့ကတော့ဘူး။နောက်ပြီးနယ်စပ်ကုန်သည်
ရေးစခန်းကလည်း ပိတ်လိုက်ဖွင့်လိုက်ဆိုတော့ တင်ပို့မှုက မတည်ငြိမ်တော့ဘူး”ဟု
ဦးအောင်မြကျော်က ဆက်လက်ပြောသည်။
ယခင်နှစ်များက ယခုကဲ့သို့ မိုးရာသီလများတွင် စက်လှေတစ်စင်းလျင် ပုစွန်ကောင်ရေ ပိဿာ
တစ်သောင်းခန့် ဖမ်းမိသော်လည်း ယခုအခါတွင် ပိဿာချိန် တစ်ထောင်ခန့်သာ ဖမ်းမိနိုင်တော့
ကြောင်း၎င်း ကဆိုသည်။ ပဋိပက္ခများ၏ အရှိန်ကြောင့် စိတ်ပူပင်မှုများရှိကာဝေးဝေးလံလံ
ငါးဖမ်းမထွက်ကြတော့ဘဲ တစ်နိုင်တစ်ပိုင်သာ ဖမ်းကြတော့သည်ဟု ဆိုသည်။
“အရင်တုန်းကဆိုရင် စစ်တွေမှာငါးတို့၊ပုစွန်တို့ကိုသယ်တဲ့ ကုန်တင်ကားတွေဒီချိန်ဆိုရင်
စုပုံနေတာပဲ ခုနှစ်ရာသီ မှာတော့ နည်းနည်းပဲရှိတော့တယ်”ဟု ၎င်းက ဆက်လက်
ရှင်းပြသည်။ “ဒီပြည်နယ်ကထွက်တဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းထုတ်ကုန်တွေ၊ စိုက်ပျိုးရေးနဲ့
ပက်သက်တဲ့ ထုတ်ကုန်တွေ တော်တော်များများ ကျဆင်းနေတယ် ” ဟု ဦးဇော်အေးမောင်က
ဆိုသည်။
“ငါးဖမ်းတဲ့သူတွေဆိုရင်လည်း ဝေးဝေးလံလံ မသွားရဲဘူး။ အဲဒီတော့မိသားစုဝင် ငွေတွေလည်း ကျဆင်းလာတယ်”ဟု ဦးခိုင်ကျော်မိုးကဆိုသည။်ရခိုင်ပြည်နယ်တွင် ပြုလုပ်လျက်ရှိသော
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှာ သဘာဝဓာတ်ငွေ့ ရရှိမှုပမာဏမှာ များပြားပြီး
အကျိုးအမြတ်များစွာ ရရှိသော်လည်း ရခိုင်ပြည်သူပြည်သားများအတွက် အလုပ်အကိုင်နှင့်
လျှပ်စစ်မီးများ၊ မရှိကြောင်း၊ ယင်းပြည်နယ်သို့ရရှိလာသောအကျိုးအမြတ်ကိုလည်းခွဲဝေပေးခြင်း မရှိကြောင်း ဒေသခံများကဝေဖန်ပြောကြားလျက်ရှိသည်။
“ဒီစီမံကိန်းကြောင့် ပင်လယ်ငါးဖမ်းရေပြင်ဧရိယာတော်တော်များများဆုံးရှုံးရသလို၊ပိုက်လိုင်း
တွေကြောင့် လယ်ယာမြေလည်း ဆုံးရှုံးရတယ်”ဟု ဦးခိုင်ကျော်မိုးက ရှင်းပြသည်။ ဖြစ်ပွားခဲ့သော ပဋိပက္ခမျာကြောင့်ရခိုင်ပြည်သူ၊ ပြည်သားများ၏ စီးပွာရေးမပြေလည်မှုမှာယခင်ထက်ဆိုးရွားလာပြီး အမျိုးသမီးအများစုမှာ ရန်ကုန်သို့လာရောက်၍ အလုပ်လုပ်ကိုင်ကြကြောင်း၊ ယခုလောလောဆယ်
ကျောင်းဆရာမ များ အလုပ်ခေါ်ယူသောကြောင့် အများစုမှာ အလုပ်သွားလျှောက်ကြကြောင်း ရခိုင်တိုင်းရင်းသားစုဘူးအသင်းမှ ဒေါ်အေးကျော့ဆန်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သော ချင်းပြည်နယ်ထက်ပင် ဂျီဒီပီကျဆင်းလျက်ရှိသည်ဟု ဦးဇော်အေးမောင်က ဆိုသည်။
mizzima
0 comments:
Post a Comment