Tuesday, August 20, 2013

ကသာ-ထီးချိုင့်-စစ်ကိုင်း-မြင်းမူ-မုံရွာမြို့များတွင် အဆင့်မြင့် ဆိပ်ကမ်းများနှင့် ဆိပ်ခံများ တည်ဆောက်မည်


ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ အဓိက ဖြတ်သန်းနေသော ကသာ-ထီးချိုင့်-စစ်ကိုင်း-မြင်းမူ- မုံရွာမြို့များတွင် အဆင့်မြင့် ဆိပ်ခံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က ''ကျွန်တော်တို့ အဆင့်မြင့် ဆိပ်ကမ်းနဲ့ ဆိပ်ခံတွေ တည်ဆောက်ဖို့ကို စီမံကိန်း ရေးဆွဲနေပါတယ်'' ဟု ပြောကြားသည်။

ယင်းအပြင် စစ်ကိုင်းတိုင်း ဒေသကြီး၌ တံတားငါးစင်း ထပ်မံတည်ဆောက် မည်ဖြစ်ပြီး တန်ဖိုးနည်း အိမ်ရာများနှင့် ၀န်ထမ်း အိမ်ရာများလည်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် လုပ်ငန်းများနှင့် ကျောက်မီးသွေး လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက် မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

စီမံကိန်းနှင့် လုပ်ငန်းများကို ကလေးဝမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် စစ်ကိုင်းမြို့တို့တွင် အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနည်းတူ စစ်ကိုင်းတိုင်း ဒေသကြီးမှာ လာမည့် သုံးနှစ်ခန့်အတွင်း စက်မှုဇုန်များအား တိုးချဲ့၍ လုပ်ကိုင်သွားမည်...

နောင်လာမည့် စီမံကိန်းနှင့် လုပ်ငန်းများကို ကလေးဝမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် စစ်ကိုင်းမြို့တို့တွင် အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနည်းတူ စစ်ကိုင်းတိုင်း ဒေသကြီးမှာ လာမည့် သုံးနှစ်ခန့်အတွင်း စက်မှုဇုန်များအား တိုးချဲ့၍ လုပ်ကိုင်သွားမည် ဖြစ်သည်။

ယင်းစီမံကိန်းနှင့် လုပ်ငန်းများမှာ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ အလုပ်လက်မဲ့ သုံးသိန်းအား လျော့ချနိုင်မည် ဖြစ်ပြီးကြောင်း ဦးအောင်ဆန်းမြင့်က ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီးမှာ ယခင်က သစ်နှင့်စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်သော်လည်း ယခုနောက်ပိုင်းတွင်မှု သတ္တုတူးဖော်ရေး လုပ်ငန်းများဖြစ်သော ကြေးစင်တောင်နှင့် လက်ပံတောင်းတောင် တို့ကို လုပ်ကိုင်နေသည့်အပြင် ထီးချိုင့်တွင်လည်း နိုင်ငံခြား ကုမ္ပဏီနှင့် သတ္တုတူးဖော်မှုကို လုပ်ကိုင်နေပြီ ဖြစ်သည်။

သို့သော် စစ်ကိုင်းတိုင်း ဒေသကြီးတွင် တစ်ဦးချင်း ၀င်ငွေအရ တစ်နှစ်လျှင် ကျပ် ရှစ်သိန်းကျော်သာ ရရှိပြီး ဆင်းရဲမှု ရာခိုင်နှုန်းအရ ရာခိုင်နှုန်း ၁၆ ခန့် ရှိနေကြောင်း အစိုးရ အဖွဲ့ထံမှ သိရသည်။

Eleven Media Group

0 comments:

Post a Comment