သမ၀ါယမ ချေးငွေလုပ်ငန်းများ
အဆင့်မြှင့်တင်ရန် အတွက် နိုင်ငံတကာ စံနှုန်းများနှင့် နှိုင်းယှဉ်ပါက
အတိုးနှုန်း မြင့်မားသော တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀
ချေးယူခြင်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်
အချို့ကကန့်ကွက်ခဲ့သော်လည်း သြဂုတ် ၂၂ ရက်တွင် ပြု လုပ်သော
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
အသေးစား
ချေးငွေလုပ်ငန်းနှင့် သမ၀ါယမအသင်းများအဆင့်မြှင့်တင်ရေးလုပ်ငန်းများ
ဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် (Exim Bank of
China)မှ ချေးငွေ အမေရိကန်ဒေါ် လာသန်း ၁၀၀ ရယူမည့်ကိစ္စကို လွှတ်တော်၏
အတည်ပြုချက်ရယူရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အချို့က ကန့်ကွက်
ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတိုင်ပင်ခံ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်သောင်းက ''အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဆိုတာ
အနည်းငယ်များတယ်လို့ ယူဆပါ တယ်။ နိုင်ငံတကာနှုန်းနဲ့ ဘယ်လောက်ထိအောင်
ကွာခြားသလဲ ဆိုတာလည်း စဉ်းစားဖို့ လိုပါတယ်။ ၄ ဒသမ ၅ ရာခိုင်နှုန်းဆိုတော့
တစ်နှစ်မှာ ၄ သန်းခွဲပေးရတယ်။ ၁၀ နှစ်ဆိုတော့ ၁၄၅ သန်းပေးရမယ်။ ၁၀
နှစ်ပြီးနောက် ပြန်ဆပ်တဲ့ အခါမှာ ၁၄၅ သန်း ပေးရမယ့် သဘော၊ ပေးပြီး သား
ဖြစ်နေတဲ့သဘော သက်ရောက် နေပါတယ်။ ဒါကြောင့်မို့လို့ နည်းနည်းများ တယ်လို့
ယူဆပါတယ်။ အတိုးနှုန်း အရ လျော့ပေါ့နိုင်အောင် အိမ်နီးနားချင်းနိုင်ငံ
ဖြစ်တဲ့အတွက် ဒါလေးကိုလည်း ထပ်ညှိနှိုင်းပေးပါ။ ညှိနှိုင်း လက်စနဲ့
ညှိနှိုင်းပေးပါ။ ၄ ဒသမ ၅ ရာခိုင်နှုန်း အတိုးနှုန်းကို လျော့ပေါ့ ပြင်
ဆင်ရေးအတွက် ဆောင် ရွက်သင့် ပါတယ်လို့ အကြံပြုလိုပါတယ်'' ဟု ဆွေးနွေး
ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ''ချေးငွေ ရဲ့ အတိုးနှုန်းကလည်း
များပါတယ်။ ၀န်ဆောင် စရိတ်များက များပြားနေပါတယ်။ ဒီထက်နည်းတဲ့
အတိုးနှုန်းနဲ့ ရရှိတဲ့ အခြေအနေမျိုးကို ဖန်တီးပြီး ဆောင်ရွက်သင့်ပါတယ်။
ဒီဆောင်ရွက်လို့ ရရှိလာတဲ့ ငွေကြေးကို ပြည်သူလူထုဘ၀ မြှင့်တင်နိုင်ရေးအတွက်
ယခုအချိန်မှာ အမှားခံလို့ မရနိုင်ပါဘူး။ ဒီဆောင်ရွက်မှုဟာ မှားယွင်း
သွားနိုင်စရာတွေ ရှိပါတယ်။ မိုက်ခရိုစနစ်နဲ့ ချေးတယ်ဆိုတာ အောင်မြင်နေ တဲ့
အခြေအနေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သမ၀ါယမ၀န်ကြီးဌာနကနေ
လုပ်ဆောင်မယ့်စနစ် ကတော့ လက်တွေ့ဘ၀မှာ ပြည်သူလူထုတွေနဲ့
ကင်းကွာနိုင်ပါတယ်'' ဟု ဆွေးနွေးသည်။ ဂျပန်နိုင်ငံ က ချေးတဲ့ ချေးငွေတွေ
ဆိုရင် အတိုးနှုန်း က ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းပဲရှိတယ်။ တခြား
ဥရောပနိုင်ငံတွေက အတိုးနှုန်းဆို ရင် ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းလောက်ပဲ
ရှိတယ်။ တရုတ်နိုင်ငံက အတိုးနှုန်းက အများဆုံးပဲ...
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်
ဒေါ်တင်နွယ်ဦးက ''ကျွန်မတို့မြန်မာပြည်မှာ ၇၀ ရာခိုင်နှုန်းသော လယ်သမားတွေ
ဆင်းရဲနေတာဟုတ်ပါတယ်။ အလုပ်လက်မဲ့ကလည်း ၃၇ ရာခိုင်နှုန်းကျော်တယ်။
ဆင်းရဲမွဲတေမှု နှုန်းကလည်း ၂၆ ရာခိုင်နှုန်းရှိ ပါတယ်။ ဒီဆင်းရဲမွဲတေမှု အတွက်
ချေး မယ်ဆိုရင်လည်း အခုသမ္မတကြီးက ဆင်းရဲ မွဲတေမှုနဲ့ပတ်သက်ပြီး
ဦးစီးဌာနတွေ၊ စီမံ ချက်တွေနဲ့ ဆောင်ရွက်နေတာဖြစ် လို့ ဆင်းရဲမွဲတေမှု
တစ်ခုတည်းနဲ့ ချေးဖို့မသင့်ဘူးလို့ ယူဆပါတယ်။ ကျွန်မတို့ ချေးခဲ့တဲ့ ငွေတွေ
ကို ပြန်ကြည့်ကြရပါမယ်။ ကျွန်မတို့ နိုင်ငံခြားချေးငွေမှာ အိန္ဒိယကနေ
ချေးငွေယူခဲ့ ဖူးပါတယ်။ အိန္ဒိယ ဘဏ်ကနေ ချေးငွေယူတဲ့ အခါမှာ သူတို့က
ငွေသားကို ကျွန်မတို့ လက်ထဲပေးတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ
အိန္ဒိယကုမ္ပဏီတစ်ခုကို ပေးလိုက်တာပါ။ အိန္ဒိယ ရထားကုမ္ပဏီ ဆိုလို့ရှိရင် ၉၀
ရာခိုင်နှုန်းသော ချေးငွေကို အလားတူတဲ့ ရထား တွဲတွေ မြန်မာပြည် မှာပဲ
သုံးတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မသုံးတဲ့ ခေတ်မမီတဲ့ သံတိုသံစ
အဆင့်လောက်ရှိတဲ့ ရထားတွဲတွေ ကျွန်မတို့ကို ပေးခဲ့ တာပါ။ အဲဒီလိုပါပဲ
တရုတ်ပြည်က ချေးတဲ့ အခါလည်း Exim Bank ကပဲ ၈၅ ရာခိုင်နှုန်းသော အဆောက်အအုံ
ပစ္စည်းတွေ ကျွန်မတို့ကို ပေးခဲ့တာ ပါ။ ကျွန်မတို့က လက်ထဲကို ပိုက်ဆံရတာ
မဟုတ်ပါဘူး။ ဒီ Exim Bank ကနေ သက်ဆိုင်ရာ အဆောက်အအုံ ကုမ္ပဏီကို ပေးခဲ့တာပါ။
အဲဒါတွေ ထည့်စဉ်းစားရမယ်ဆိုရင် ပိုတိုးပြီးချေးမယ် ဆိုတဲ့ အစီအစဉ်လေး
စဉ်းစားလို့ ရအောင်ပါ။ နောက်တစ်ခု က ကျွန်မတို့ဆီမှာ နာတာရှည်လို
ငွေဖြစ်နေတာ ကြာပါပြီ။ ဆယ်စုနှစ် တစ်ခုမကတော့ပါဘူး။ နာတာရှည်ဖြစ်တာ
ဘာကြောင့်လဲ ပြန်စဉ်းစားမယ်ဆို ရင် ချေးငွေတွေ၊ အကြွေးတွေက များတယ်။
မဖြစ်မနေ သုံးနေရတဲ့ အသုံးစရိတ်တွေက ဦးစားပေး သုံးနေရတယ်။ ဒါပေမဲ့
အခွန်ရငွေကို ရအောင် မကောက်ခဲ့တာတွေ ရှိတယ်။ အခွန်ရငွေကို
တိုးကောက်ဖို့အတွက် ဘယ်လိုလုပ်ရမလဲ ဆိုတာပိုပြီး အရေးကြီးတဲ့ စဉ်းစားရမယ့်
အချက်ဖြစ်ပါတယ်။ အဲဒီတော့ နာတာရှည် လိုငွေပြနေတဲ့ ကြားကနေ
အကြွေးတွေရှိပါတယ်။ ကြွေးတင် ဘုရင်ဆပ်ဆိုတဲ့ ကြာသပတေးနံ ကြွေးတင်
ဘဏ္ဍာဝန်ကြီး ဆပ် ဖြစ်နေပြီ။ ဘဏ္ဍာဝန်ကြီးက အာမခံ ထားရသလို ဖြစ်ပါ တယ်။
ဟိုးအရင် မဆလ လက်ထက်က ပဲရစ်ကလပ်က ချေးငွေယူခဲ့ဖူးပါတယ်။ ဒါလည်း
မဆပ်နိုင်ဘူး။ သူတို့က ကြွေးလျော်လို့သာ အသက်ရှူ ချောင်သွားတာပါ။ ဒီလိုပဲ
နောက်ထပ်တစ်ခါ ပြည်တွင်း အကြွေးဆိုရင် ဥပမာ ပြောရမယ် ဆိုရင် န၀ရတ်ဟိုတယ်ရဲ့
အကြွေးက စလို့ ကျန်တဲ့ပြည်တွင်း အကြွေးတွေလည်း အများကြီးရှိပါတယ်။
အဲဒီတော့ အသုံးစရိတ်မှာ ဘာလို့ များနေလဲဆိုတော့ ဒီအကြွေး ပြဿနာတွေကြောင့်
အသုံးစရိတ်တွေ လုံးချာလည် လိုက်နေတာပါ။ အဲတော့ ဒီအကြွေးတွေ
တစ်ခါပြန်ကြည့်မယ် ဆိုရင် နှစ်နှစ်နေပြီးပြီ ဆိုရင် နောင် ၁၀ နှစ်မှာ
တက်လာမယ့် အစိုးရရဲ့ ခေါင်းပေါ်ကို ဒီအကြွေးတွေက ကျတော့မှာ ဖြစ်ပါ တယ်။
နောင်တက်လာမယ့်အစိုးရများသည် အကြွေးလည်ပင်းခိုက်ပြီး အစိုးရလုပ်ရမယ့် သဘော
ဖြစ်နေ ပါတယ်။ အခုအကြွေး အခြေအနေက နာတာရှည်ကနေ အရေးပေါ်ကုသရမယ့် အခြေအနေ
ဖြစ်နေမှာပါ။ ဒီကြားထဲမှာ လက်ရှိထက် တိုးပြီးချေးသင့် မချေးသင့်
စဉ်းစားသုံးသပ် သင့်ပါတယ်'' ဟု ဆွေးနွေး ပြောကြားသည်။
သမ၀ါယမ၀န်ကြီး
ဦးကျော်ဆန်း လွှတ်တော်သို့ တင်ပြခဲ့သည့် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ
သန်း ၁၀၀ ချေးယူရေး ကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ပြန်လည်
ဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခဲ့ရာ ကန့်ကွက်သူ ၁၂
ဦးရှိခဲ့ပြီး ကျန်လွှတ်တော် ကိုယ်စားလှယ်များ အားလုံးမှာ ကန့်ကွက်ခြင်း
မရှိခဲ့သဖြင့် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
ပြည်သူ့လွှတ်တော်
ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က''ဂျပန်နိုင်ငံက ချေး တဲ့
ချေးငွေတွေဆိုရင် အတိုးနှုန်း က ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းပဲရှိတယ်။
တခြား ဥရောပနိုင်ငံတွေက အတိုးနှုန်းဆို ရင် ၂ ရာခိုင်နှုန်း၊ ၃
ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ တရုတ်နိုင်ငံက အတိုးနှုန်းက အများဆုံးပဲ'' ဟု
ပြောကြားသည်။
''အခုသမချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အတွက်
အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဆိုတာ လည်း အလွန်များတဲ့ ပမာဏ ဖြစ်ပါတယ်''
ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေ စာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ဆက်လက်
ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment