အမေရိကန် ပြည်ထောင်စု မန်ဆာချူးဆက် ပြည်နယ်မှ ခြေထောက်နှင့်လက် သာမန်ထက် ပိုတိုနေသော အမျိုးသမီး တစ်ဦးသည် အရပ်ပိုမို ရှည်ထွက် လာစေရန် ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ ပြီးနောက် အရပ် ၁၄ လက်မ ပိုရှည်ထွက် လာကာ သူမ၏ ချစ်သူနှင့် လက်ထပ်ပွဲ ဆင်နွှဲ နိုင်ခဲ့ကြောင်း သိရသည်။
သူမသည် ခြေလက် အင်္ဂါများကို ခွဲစိတ်သည့် ပထမဆုံးသူ ဖြစ်ကြောင်း သူမအား ခွဲစိတ် ပေးသည့် ဆရာဝန် များက ပြောကြားခဲ့သည်။ သူမသည် အသက် ၈ နှစ်အရွယ်က ခြေထောက်များ ရှည်ထွက် လာစေရန် အတွက် ခြေသလုံး ရိုးအား ချိုးပြီး အရိုးများ ရှည်ထွက် စေရေး အနာခံ ခွဲစိတ် ကုသမှု ခံယူခဲ့ ရသည်။ ၎င်း၏ အရိုးသည် ပထမ အကြိမ် ခွဲစိတ်စဉ် ၁ဝ စင်တီမီတာ ရှည်ထွက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် ဒုတိယ အကြိမ် ထပ်မံ ခွဲစိတ်၍ အရိုးများကို ဆန့်ထုတ်ခဲ့ရာ ၂၅ စင်တီမီတာ ရှည်ထွက် လာခဲ့သည်။ နှစ်ကြိမ် ခွဲစိတ်ပြီး အရပ် ရှည်ထွက်စေရန် ဆောင်ရွက် ခဲ့ရာတွင် အပြင်းအထန် နာကျင်မှု၊ အခန့် မသင့်လျှင် မသန် မစွမ်း ဘဝသို့ ရောက်ရှိ နိုင်သည်ကို မမှုဘဲ လုပ်ဆောင်ခဲ့သည်။ ယခုအခါ အသက် ၃၂ နှစ် အရွယ် ရှိပြီဖြစ်သည့် တစ်ဖနီ ဒီဒိုနာတိုသည် ဆန်းသစ်သော သူမ၏ ခွဲစိတ် ကုသမှု အကြောင်းကို Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။ သူမသည် အရပ် အနည်းငယ် ပိုရှည်ခဲ့ သော်လည်း သူမအတွက် ထိုအရာမှာ မလွယ် ကူကြောင်း၊ အိပ်ရာထတိုင်း နာကျင် မှုကို ဆိုးရွားစွာ ခံစားရလေ့ ရှိကြောင်း တစ်ဖနီက ပြောကြားခဲ့သည်။ သူမသည် ၎င်း၏ချစ်သူ မရိန်း တပ်သားနှင့် လက်ထပ်ပြီး သားတစ်ယောက် ရရှိနေပြီ ဖြစ်သည်။ သူမ၏ ပြင်းပြသော ဆန္ဒဖြင့် အရပ် ရှည်ထွက်အောင် ခွဲစိတ် ကုသမှု ပြုလုပ်ရာတွင် ဖြစ်လာနိုင်သည့် အန္တရာယ် များကို သူမ၏ စိတ်ဓာတ်ဖြင့် အခက်အခဲကို ကျော်လွှား နိုင်ခဲ့သည်မှာ အံ့သြ ဖွယ်ရာပင် ဖြစ်သည်။
By မြ၀တီ
Tuesday, August 20, 2013
ယောက်ကျားယူချင်၍ အရပ် ၁၄ လက်မပို ရှည်အောင် ခွဲစိတ်ခဲ့သောမိန်းကလေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment