Saturday, August 10, 2013

ရာသီကြို ချစ်ကြည်ရေး ပွဲတွင် ဂိုးမိုး ဖြိုင်ခဲ့သော ဘာစီလိုနာ


 ရာသီကြို ချစ်ကြည်ရေး ပွဲတွင် ဂိုးမိုး ဖြိုင်ခဲ့သော ဘာစီလိုနာ
ဗန်ကောက်  သြဂုတ်  ၈
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ရာချာမန်ခလာ ကွင်း၌ သြဂုတ် ၇ ရက်က ကျင်းပသော ရာသီကြို ချစ်ကြည်ရေး ပွဲတွင် ဘာစီလိုနာ အသင်းသည် ထိုင်းအသင်းအား ၇ ဂိုး-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိခဲ့သည်။
ဘရာဇီး တိုက်စစ်မှူး  နေမာသည် အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာ အတွက် ၎င်း၏ ပထမဆုံးဂိုးကို စတင်သွင်းယူကာ အသင်းအား ကူညီပေးခဲ့သည်။
နေမာသည်  အဆိုပါ အဖွင့်ဂိုးကို ပွဲစပြီး ၁၁ မိနစ်တွင် ရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ဘာစီလိုနာ၏ ဂိုးသွင်း စက်ဖြစ်သူ မက်ဆီကလည်း အသင်းအတွက် နှစ်ဂိုးတိတိ သွင်းယူပေးခဲ့သည်။
ထို့ပြင် ပတ်ဒရိုရိုဒရီဂတ်ဇ်သည် ၎င်းပွဲစဉ်၌ ဟက်ထရစ် ရအောင် ဖန်တီးနိုင်ခဲ့သလို  အဲလက် စစ်ဆန်းချက်ဇ်ကလည်း တစ်ဂိုးသွင်း ယူပေးခဲ့သည်။
ဘာစီလိုနာ အသင်းသည် သြဂုတ် ၈ ရက်တွင် မလေးရှား နိုင်ငံသို့ သွားရောက်ကာ သြဂုတ် ၁ဝ ရက်တွင် ကွာလာလမ်ပူ၌ မလေးအသင်းနှင့် ချစ်ကြည် ရေးပွဲ တစ်ပွဲ ယှဉ်ပြိုင် ကစား ရမည် ဖြစ်ကြောင်းသိရသည်။
ယခုပွဲစဉ်တွင် ထိုင်းအသင်းအတွက် နှစ်သိမ့်ဂိုးကို တိုက်စစ်မှူး တီရာဆီးလ် ဒန်ဒါက  ပင်နယ်တီ ဧရိယာမှ ပထမပိုင်း ပွဲပြီးခါနီး အချိန်တွင်   ရယူ ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment