အစိုးရအနေဖြင့် ပြင်ပဈေးကွက်၌ ဈေးနှုန်းမြင့်မားမှု မရှိစေရန်
ထိန်းချုပ်သွားမည်ဟု ပြောဆိုခဲ့သည့် ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်းလိုင်းသည်
GSM ဖုန်းလိုင်းများ တွဲဖက်ချထားပေးခဲ့သည့် ဇူလိုင် လ၌ ပြင်ပပေါက်ဈေး ၁
သိန်းခွဲရောက်သည်အထိ စံချိန်တင်မြင့်မားခဲ့ကြောင်း
မိုဘိုင်းဖုန်း လိုင်း အကျိုးဆောင်တစ်ဦးက ပြောသည်။
“GSM က ရန်ကုန်မှာ ၁ သိန်း ၃ သောင်းလောက် ပေါက်ဈေးရှိပြီးတော့၊ မန္တလေးမှာ ၁ သိန်းခွဲလောက် အထိ ပေါက်ဈေးရှိနေတယ်။ MEC ရဲ့ ဈေးနှုန်းကတော့ အရင်တုန်းကလိုပဲ ၇ သောင်းလောက် ပဲ ပေါက်ဈေးရှိတယ်။ ဒါမျိုးတွေက ဖြစ်တော့ မဖြစ်သင့်ဘူး” ဟု အထက်ပါ အကျိုးဆောင်က ဆိုသည်။
GSM ဖုန်းလိုင်းများ စတင် ထွက်ရှိလာသည့်နေ့၌ ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်တစ်ခုဆီသို့
ဆက်သွယ် စုံစမ်းရာ ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ် ထည့်သွင်းပေးထားသော GSM
ဖုန်းလိုင်းတစ်လိုင်း ကို ငွေကျပ် ၉ သောင်းခွဲ ကျသင့်မည်ဟု
ပြန်လည်ဖြေကြား ခဲ့သည်။ ပြင်ပဈေးကွက် သို့ မရောက် ရှိရန်ရောင်းချစဉ်က ၁၅
ရက်အတွင်း ငွေဖြည့်သွင်း၍ အသုံးပြုရန် ကြေညာ ခဲ့သော်လည်း ရောင်းချသူ များသည်
ဈေးကွက်အတွင်း၌ ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် လိုအပ်ချက်ဖြစ်ပေါ်နေသည့် မိုဘိုင်းဖုန်းလိုင်းကတ်များကို
ဖြည့်ဆည်းနိုင် ရန် ပြည်တွင်း၊ ပြည်ပ အော်ပရေတာ လေးခုကို သတ်မှတ်၍
မိုဘိုင်းဖုန်းလိုင်းများ ချထားပေးရန် စီစဉ်နေသော်လည်း
အစိုးရလုပ်ကိုင်ခွင့်ပြုခဲ့သည့်
ပြည်ပအော်ပရေတာ နှစ်ခုသည် ဆက်သွယ်ရေးဥပဒေ ထွက်ပေါ်လာပြီး အချိန်ကာလ ၆ လခန့်
ကြာမြင့်မှသာ လုပ်ငန်းများ အပြီးသတ် လည်ပတ်မှု ပြု လုပ်နိုင်မည်ဟု ထုတ်ဖော်
ပြောဆိုထားသည်။
မိုဘိုင်းဖုန်းလိုင်းများကို ဧပြီလ မှစတင်၍ ငွေကျပ် ၁၅၀၀ ဖြင့် လစဉ် ကံစမ်းမဲဖောက်၍ လိုင်းအရေ အတွက် ၃ သိန်းခွဲကို တစ်နိုင်ငံလုံးအတိုင်းအတာ ရောင်းချပေးနေခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လမှစတင်၍ MEC ၏ CDMA မိုဘိုင်းဖုန်းလိုင်းကျပ်တည်းသည့်အတွက် GSM ဖုန်းလိုင်း ၁ သိန်းခွဲကို အစီအစဉ်၌ တွဲဖက်ရောင်းချခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ ဇူလိုင်လ အတွက် မိုဘိုင်းဖုန်းလိုင်း ခွဲတမ်းမှာ GSM ၈၇,၅၀၀ လိုင်းနှင့် CDMA ၁၄,၆၀၀ လိုင်းဖြစ်သည်။
Internet Journal
“GSM က ရန်ကုန်မှာ ၁ သိန်း ၃ သောင်းလောက် ပေါက်ဈေးရှိပြီးတော့၊ မန္တလေးမှာ ၁ သိန်းခွဲလောက် အထိ ပေါက်ဈေးရှိနေတယ်။ MEC ရဲ့ ဈေးနှုန်းကတော့ အရင်တုန်းကလိုပဲ ၇ သောင်းလောက် ပဲ ပေါက်ဈေးရှိတယ်။ ဒါမျိုးတွေက ဖြစ်တော့ မဖြစ်သင့်ဘူး” ဟု အထက်ပါ အကျိုးဆောင်က ဆိုသည်။
GSM ဖုန်းလိုင်းများ စတင် ထွက်ရှိလာသည့်နေ့၌ ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်တစ်ခုဆီသို့
အစိုးရအနေဖြင့် လိုအပ်ချက်ဖြစ်ပေါ်နေသည့် မိုဘိုင်းဖုန်းလိုင်းကတ်များကို
မိုဘိုင်းဖုန်းလိုင်းများကို ဧပြီလ မှစတင်၍ ငွေကျပ် ၁၅၀၀ ဖြင့် လစဉ် ကံစမ်းမဲဖောက်၍ လိုင်းအရေ အတွက် ၃ သိန်းခွဲကို တစ်နိုင်ငံလုံးအတိုင်းအတာ ရောင်းချပေးနေခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လမှစတင်၍ MEC ၏ CDMA မိုဘိုင်းဖုန်းလိုင်းကျပ်တည်းသည
Internet Journal
0 comments:
Post a Comment