Monday, August 5, 2013

မိုဘိုင်း ဖုန်းဈေးနှုန်းနှင့် အသုံးပြုပုံ များကိုလည်း 1212 Call Center က ဖြေကြားပေးမည်



မိုဘိုင်းဖုန်းဆိုင်ရာ ဈေးနှုန်းများ၊ အသုံးပြုပုံများနှင့် ဝန်ဆောင်မှု အချက်အလက်များကိုလည်း 1212 Call Center က ဖြေကြားပေးမည်ဖြစ်ကြောင်း အဆိုပါ Call Center ၏ တာဝန်ရှိသူများထံမှ သိရသည်။ လက်ရှိ 1212 Call Center တွင် MEC Tel CDMA 800 MHz SIM Card နှင့် ငွေဖြည့်ကတ်ဆိုင်ရာ အချက်အလက်များ၊ လေကြောင်းလိုင်းနှင့် ခရီးသွားလာမှုဆိုင်ရာ အချက်အလက်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင် ဆိုင်ရာအချက်အလက်များကို ဖြေကြားပေးလျက်ရှိသည်ဟု သိရသည်။ ၎င်းအပြင် ပညာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ၊ နေပြည်တော် အစိုးရရုံးလိပ်စာများ၊ ဖုန်းနံပါတ်များနှင့် အထွေထွေ အချက် အလက်များကို ဖြေကြားပေးလျှက်ရှိကြောင်းသိရသည်။ 1212 အပြင် 1211 သို့လည်း ဆက် သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ 
 
1211 တွင် ပြည်တွင်းပြည်ပ ဘောလုံးပွဲရလဒ်များကို ဖြေကြားပေးလျှက်ရှိကြောင်း သိရသည်။ ဘော လုံးပွဲအချိန်များ၊ ဘောလုံးပွဲလူစာရင်းများ၊ ပွဲကြိုသတင်းများကိုလည်း မေးမြန်းနိုင်မည်ဖြစ်သည်။ ဗေဒင် ဆိုင်ရာဝန်ဆောင်မှုကိုလည်း ဖြေကြားပေးလျက်ရှိကြောင်းသိရပြီး မဟာဘုတ်အဟော၊ တားရော့ အဟော၊ နာမည်ပေးကင်ပွန်းတပ်၊ ယတြာချေနည်းများကိုလည်း မေးမြန်းနိုင်မည်ဖြစ်သည်။ အိမ်၊ ခြံ၊ မြေဆိုင်ရာ အချက်အလက်များ၊ မင်္ဂလာပွဲဆိုင်ရာ နှင့်အလှအပဆိုင်ရာ၊ ဥပဒေရေးရာနှင့် ကျန်းမာရေး ဆိုင်ရာများကို 1211 က ဖြေကြားပေးကြောင်း သိရသည်။ အဆိုပါ Call Center ၌ Hello Music ဝန်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
 
Khit Lu Nge

0 comments:

Post a Comment