''ရွှေလက်ပံငုံစီစီ၊ ဒုတိယ ပုဂံပြည်'' ဟုလူသိများ၍ ရှေးဟောင်းသမိုင်းဝင်စေတီ ပုထိုးကြီးများဖြင့် အထူး စည်ကားလျက် ရှိသောစစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်
ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ သုံးပန်လှ
စံပြကျေးရွာ၌ ကျန်စစ်သားမင်းနှင့် သမ္ဘူလမိဖုရားကြီးတို့ တည်ထား
ကိုး ကွယ်ခဲ့သော သမိုင်းဝင်စေတီတိုက် ဘုရားပရိဝုဏ်အတွင်းမှ တွေ့ရှိရသည့်
သစ်နွယ်ပင်ကြားမှ ရှင် ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ အလွန်ထူးဆန်းကြည်ညိုဖွယ်ကောင်းကြောင်း ယင်းဘုရားကြီး ၏ ဂေါပက အဖွဲ့ဝင်ဖြစ်သူ
ဦးဘဂျမ်းက ပြောပြခဲ့သည်။
''သမိုင်း သုတေသီတွေရဲ့မှတ်ချက်
အရဆိုရင်တော့ ဟောဒီရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော် ဖြစ်ပေါ် နေ တဲ့
သစ်နွယ် ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေတယ်လို့
ပြောကြ တယ်'' ဟု ၎င်းဂေါပ က လူကြီးက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ သစ်နွယ်ပင်ခွကြား၌
ဖူးမြော်တွေ့ရှိနိုင်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ လူပုဂ္ဂိုလ်
တစ်ဦးတစ်ယောက်က ထုဆစ် ပြုလုပ်ထားသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ထုဆစ်
ပြုလုပ်သည့် လက်ချက်များကြောင့် သစ်နွယ်အကြောအမျှင်များ ပြတ်တောက်နေရမည့်အစား ပိုမို၍ထူးဆန်း အံ့သြရ သည်မှာ သစ်နွယ်ပင်များ၏ မူလသဘာဝ သစ်ပင်
အကြောအမျှင်များသည် ပုံတော်နှင့် တစ်ဆက် တစ်စပ်တည်း ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ပန်းပုပညာရှင်များ၏ သုံးသပ် ပြောကြားချက်များအရ သိရ သည်။
အဆိုပါဒေသ၌ ရှေးဟောင်း သမိုင်းဝင်
စေတီပုထိုး အများအပြား တည်ရှိနေပေရာ စေတီ အဆူတော် အရေအတွက်ကို လွယ်ကူစွာ
မှတ်သားသိရှိနိုင်စေရန် ရှေးစာဆိုများက ''ရွှေလက်ပံငုံစီစီ'' ဟု
လင်္ကာ အားဖြင့် မှတ်သားထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ရှေးဟောင်းစေတီ
ပုထိုး အရေအတွက်မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ညွှန်ပြဖွဲ့ဆိုထားခြင်းဖြစ်သော်လည်း မျက်မှောက် ခေတ်တွင်မူ သဘာဝ ဘေးအန္တရာယ်များနှင့်
ရာသီဥတု၏တိုက်စားချေဖျက်မှုကြောင့် အဆိုပါဒေသတွင် ရှေးဟောင်း သမိုင်းဝင်
စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေသရှိ မြေတိုင်းစာရေးကြီး
ဦးကျော်ဆွေ ၏ စာရင်းပြုစု ချက်များအရ သိရသည်။
ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ
စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်နှင့် အဆိုပါ စေတီပုထိုးများ၏
ပုံပန်းသဏ္ဌာန်မှာ တထေရာတည်းဖြစ်ကြောင်း ယင်းဒေသသို့ ဘုရားဖူး အလည်အပတ်
ရောက်ရှိ လာသူ ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးလှသောင်း၏ ပြောပြချက်များ အရ
သိရသည်။
မြ၀တီ
0 comments:
Post a Comment