
ရောမမြို့၊ အိုလံပီကိုကွင်းတွင် ခြေစမ်းကစားမည့် အီတလီ - အာဂျင်တီးနား
ပွဲစဉ်အတွက် အီတလီ တိုက် စစ်မှူး ဘာလော့တယ်လီနှင့် အာဂျင်တီးနား
အသင်းခေါင်းဆောင် မက်ဆီတို့ ပါဝင်နိုင်ဖွယ် မရှိကြောင်း သိရသည်။
ဘာလော့တယ်လီသည် ဂလက်ဆီကို ၂ဂိုးပြတ် အနိုင်ရခဲ့သည့် ဂွန်းနက် နိုင်ငံ တကာ
ဖိတ်ခေါ်ပြိုင်ပွဲတွင် အေစီမီလန်အတွက် ပါဝင်ကစားပေးခဲ့ရာမှ ဒူးဒဏ်ရာ
ရခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ရောင်ရမ်းနေသေးသည်ဟုဆေးပညာ ပါမောက္ခ ကက်စတယ်လာဆီက အတည်ပြုခဲ့ သည်။
ထို့အပြင် ဘာလော့တယ်လီ၏ ညာဘက်ဒူးမှာ ယခင်ကလည်း ခွဲစိပ်ကုသမှု ခံယူခဲ့ရပြီး
ဒူးအတွင်း ရှိနေသည့် အရည်အချို့ကြောင့် ရောင်ရမ်းနေခြင်းဖြစ်သည်။
အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီမှာမူ ကြွက်သားဒဏ်ရာ
ပြဿနာရှိနေခြင်းကြောင့် အီတလီနှင့် ခြေစမ်းပွဲတွင် ပါဝင်နိုင်ဖွယ် မရှိဘဲ
လာလီဂါ အဖွင့်ပွဲတွင် ဘာစီလိုနာအတွက် ကြံ့ခိုင်မှုအပြည့်ဖြင့်
ပါဝင်ကစားပေးလိုသောကြောင့် အီတလီနှင့်ပွဲကို မကစားလိုကြောင်း
သတင်းထောက်များအား ပြောခဲ့သည်ဟုလည်း သိရသည်။
http://yoyarlay.com/sport/ football/ 37153-2013-08-13-17-45-49
ဇော်ထွန်း(ရိုးရာလေး)

ရောမမြို့၊ အိုလံပီကိုကွင်းတွင် ခြေစမ်းကစားမည့် အီတလီ - အာဂျင်တီးနား ပွဲစဉ်အတွက် အီတလီ တိုက် စစ်မှူး ဘာလော့တယ်လီနှင့် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီတို့ ပါဝင်နိုင်ဖွယ် မရှိကြောင်း သိရသည်။ ဘာလော့တယ်လီသည် ဂလက်ဆီကို ၂ဂိုးပြတ် အနိုင်ရခဲ့သည့် ဂွန်းနက် နိုင်ငံ တကာ ဖိတ်ခေါ်ပြိုင်ပွဲတွင် အေစီမီလန်အတွက် ပါဝင်ကစားပေးခဲ့ရာမှ ဒူးဒဏ်ရာ ရခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထ
ထို့အပြင် ဘာလော့တယ်လီ၏ ညာဘက်ဒူးမှာ ယခင်ကလည်း ခွဲစိပ်ကုသမှု ခံယူခဲ့ရပြီး ဒူးအတွင်း ရှိနေသည့် အရည်အချို့ကြောင့် ရောင်ရမ်းနေခြင်းဖြစ်သည်။ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီမှာမူ ကြွက်သားဒဏ်ရာ ပြဿနာရှိနေခြင်းကြောင့် အီတလီနှင့် ခြေစမ်းပွဲတွင် ပါဝင်နိုင်ဖွယ် မရှိဘဲ လာလီဂါ အဖွင့်ပွဲတွင် ဘာစီလိုနာအတွက် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားပေးလိုသောကြောင့် အီတလီနှင့်ပွဲကို မကစားလိုကြောင်း သတင်းထောက်များအား ပြောခဲ့သည်ဟုလည်း သိရသည်။
http://yoyarlay.com/sport/
ဇော်ထွန်း(ရိုးရာလေး)
0 comments:
Post a Comment