Wednesday, August 7, 2013

ဟိုင်းဘရစ်မဟုတ် သို့သော် ဆီစားသက်သာသော Audi A3 1.6 TDI

Photo: ဟိုင်းဘရစ်မဟုတ် သို့သော် ဆီစားသက်သာသော Audi A3 1.6 TDI
Wednesday, August 07, 2013

ဟိုင်းဘရစ်ကား ဖြစ်မှ ဆီစားသက်သာမယ့် ရာဇဝင်ကို Audi တို့ ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။ ၁၃.၂၁ ဂါလံ ဖြည့်တင်းထားမယ့် ဆီတိုင်ကီက ၉၃၂ မိုင်စာ အကွာအဝေးကို တောက်လျှောက်မောင်းနှင်နိုင် မှာ ဖြစ်ပါတယ်။ 

ဆီစားသက်သာစေမယ့် နည်းပညာသစ်နဲ့ ဂျာမနီ Audi တို့ မိတ်ဆက်လိုက် တဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီဇယ် ဆီသုံး ၁.၆ လီတာ အရွယ် အင်ဂျင်ကို အသုံးပြုပြီး ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက် စနစ်အရ ဆီစားသက်သာရန် အကောင်းဆုံး ဖန်တီးထားကြောင်း ဆိုပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၁၁၀ ရှိပါတယ်။ ၁၀.၅ စက္ကန့် အတွင်း တစ်နာရီ မိုင် ၆၀ မောင်းနိုင်မယ့် TDI Ultra ဟာ ဇိမ်ခံဆလွန်း ဖြစ်ပါတယ်။ ၄ ယောက် စီးနိုင်မယ့် ကားတွေထဲမှာ သာမန် ဟိုင်းဘရစ်တွေထက်တောင် ဆီစား သက်သာနေပါတယ်။ 

ကားအလေးချိန်က ၂၆၅၆ ပေါင်သာရှိပါတယ်။ နောက်ဖုံးပါဝင်ပြီး ခရီးသွား ဖို့အတွက်လည်း ရည်ရွယ်တဲ့ကား ဖြစ်ပါတယ်။ ၃.၁၂ လီတာစာ ဒီဇယ် အသုံးပြုရုံနဲ့ ကီလိုမီတာ ၁၀၀ မောင်းနှင်နိုင်မယ့် အနေအထား တစ်ခု ဖြစ် ပါတယ်။ တံခါး ၃ ပေါက်၊ နောက်ဖုံးပါ ၅ ပေါက် ဗားရှင်း ၂ မျိုးထုတ်လုပ်ပြီး အမေရိကန်ရော၊ ဥရောပမှာပါ မကြာမီဖြန့်ချိတော့မယ့် ကား ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

http://www.colay.com.mm/automobile/news/detail/771
ဟိုင်းဘရစ်ကား ဖြစ်မှ ဆီစားသက်သာမယ့် ရာဇဝင်ကို Audi တို့ ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။ ၁၃.၂၁ ဂါလံ ဖြည့်တင်းထားမယ့် ဆီတိုင်ကီက ၉၃၂ မိုင်စာ အကွာအဝေးကို တောက်လျှောက်မောင်းနှင်နိုင် မှာ ဖြစ်ပါတယ်။

ဆီစားသက်သာစေမယ့် နည်းပညာသစ်နဲ့ ဂျာမနီ Audi တို့ မိတ်ဆက်လိုက် တဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီဇယ် ဆီသုံး ၁.၆ လီတာ အရွယ် အင်ဂျင်ကို အသုံးပြုပြီး ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက် စနစ်အရ ဆီစား သက်သာရန် အကောင်းဆုံး ဖန်တီးထားကြောင်း ဆိုပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၁၁၀ ရှိပါတယ်။ ၁၀.၅ စက္ကန့် အတွင်း တစ်နာရီ မိုင် ၆၀ မောင်းနိုင်မယ့် TDI Ultra ဟာ ဇိမ်ခံ ဆလွန်း ဖြစ်ပါတယ်။ ၄ ယောက် စီးနိုင်မယ့် ကားတွေထဲမှာ သာမန် ဟိုင်းဘရစ်တွေထက်တောင် ဆီစား သက်သာနေပါတယ်။

ကားအလေးချိန်က ၂၆၅၆ ပေါင်သာရှိပါတယ်။ နောက်ဖုံးပါဝင်ပြီး ခရီးသွား ဖို့အတွက်လည်း ရည်ရွယ်တဲ့ကား ဖြစ်ပါတယ်။ ၃.၁၂ လီတာစာ ဒီဇယ် အသုံးပြုရုံနဲ့ ကီလိုမီတာ ၁၀၀ မောင်းနှင်နိုင်မယ့် အနေအထား တစ်ခု ဖြစ် ပါတယ်။ တံခါး ၃ ပေါက်၊ နောက်ဖုံးပါ ၅ ပေါက် ဗားရှင်း ၂ မျိုးထုတ်လုပ်ပြီး အမေရိကန်ရော၊ ဥရောပမှာပါ မကြာမီဖြန့်ချိတော့မယ့် ကား ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

http://www.colay.com.mm/automobile/news/detail/771

0 comments:

Post a Comment