သင်္ဃန်းကျွန်းမြို့နယ် ဇတောင်ရပ်ကွက်တွင် ၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များကို မဲနှိုက်နေစဉ်
ဇူလိုင်လအတွက် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် အခြားပြည်နယ်နှင့်
တိုင်းများသို့ မိုဘိုင်း ဆင်းကတ် များ ရောင်းချခြင်းကို မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း
ညှိနှိုင်း
ဆောင်ရွက်ရောင်းချ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ
ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဆရာဦးကျော်စိုးက ဆိုသည်။ ယခင်လများအတွက်
ရောင်းချ ရာတွင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ၁၅၀၀ တန်
CDMA800 MHz မိုဘိုင်း ဆင်းကတ်များကို သုံးလတိုင်တိုင် ရောင်းချပေးခဲ့ပြီး
ယခုအခါတွင် ဇူလိုင်လအတွက် ဆင်းကတ်များ ရောင်းချပေးခြင်းကို
မြန်မာ့ဆက်သွယ်ရေးနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့
ပူးပေါင်းရောင်း ချသွား မည် ဖြစ်သည်။
"ဆက်သွယ်ရေး တစ်ခုတည်းက ရောင်းပေးမှာ မဟုတ်ဘူး။ MEC နဲ့
ပူးပေါင်းပြီးတော့ ရောင်းပေးရမှာ။ ဒီလအတွက်လည်း ရန်ကုန်တိုင်းဒေသကြီးအတွက်
ဆင်းကတ်အရေအတွက် ဘယ်လောက်ရမယ် ဆိုတာ လည်း မသိသေးဘူး။ သိရင်တော့
ထုတ်ပြန်မှာပါ။ ပြီးတော့ ဆက်သွယ်ရေးသဘော တစ်ခုတည်း နဲ့လည်း ဆုံးဖြတ်လို့
မရဘူး" ဟု ဦးကျော်စိုးက ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လတွင် မိုဘိုင်းဆင်းကတ် အရေအတွက် သုံးသိန်းခွဲကို
ရောင်းချပးသွားမည်ဖြစ်ပြီး GSM ဆင်းကတ် အရေအတွက် နှစ်သိန်းကို
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချပေးမည်ဖြစ်ပြီး CDMA800 MHz
ဆင်းကတ်အရေအတွက် တစ်သိန်းခွဲကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ
ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းဆင်းကတ်များကို ရောင်းချရာတွင်လည်း ယခင်ရောင်းချသည့်
ပုံစံများအတိုင်းသာ ရောင်းချပေး သွားမည်ဖြစ်ပြီး မည်သည့်မြို့နယ်များ
ဆင်းကတ်ရောင်းချပြီး မည်သည့်မြို့နယ်များသို့ CDMA800 MHz ဆင်းကတ်
ရောင်းချမည်ကိုတော့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မသိရှိကြောင်း သိရသည်။
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်မှ စတင်ကာ
၂၀၁၃ ခုနှစ်ဇွန်လအထိ ၁၅၀၀ တန်မိုဘိုင်းဆင်းကတ်များကို ရောင်းချပေးခဲ့ပြီး
ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် MEC တို့ပူးပေါင်းကာ ပထမဦးဆုံး
ရောင်းချခြင်း ဖြစ်သည်။
EMG
0 comments:
Post a Comment